
The World of Love (2025)
IMDB ⭐️ 7.8/10
တကယ်တော့ ကိုယ့်ကမ္ဘာရဲ့သခင်က ကိုယ်ကိုယ်တိုင်ပါပဲ..
The Frog မင်းသမီး Go Min Si နဲ့ တက်သစ်စမင်းသမီးလေး Seo Su Bin တို့ရဲ့ ရင်ကိုထိခတ်စေမဲ့ ကားသစ်လေး..
စိတ်ဒဏ်ရာကို ရင်ဆိုင်ကျော်ဖြတ်တဲ့ ဇာတ်လမ်းမျိုးကို နှစ်သက်ပြီး
နက်ရှိုင်းတဲ့ ‘Feeling’ ပေးနိုင်တဲ့ Human Drama ကြိုက်သူတွေအတွက်..
IMDB 7.7/10 တောင်ရရှိထားတဲ့ နာမည်ကျော်ဒါရိုက်တာ Yoon Ga-eun ရဲ့ လက်ရာဖြစ်ပြီး
ဆယ်ကျော်သက်အရွယ် မိန်းကလေးတစ်ယောက်ရဲ့ စိတ်ဒဏ်ရာနဲ့ ရုန်းကန်ရှင်သန်မှုကို အနုပညာဆန်ဆန် ပုံဖော်ထားပါတယ်။
ဒီကားမှာ အဓိကဇာတ်ကောင် “ဂျူအင်း” (Seo Su-bin) ဟာ အပြင်ပန်းကြည့်ရင် တက်ကြွလန်းဆန်းပြီး ပျော်ပျော်နေတတ်တဲ့ ကျောင်းသူလေးတစ်ယောက်ပါ။ ဒါပေမဲ့ သူ့အတိတ်မှာ လူမသိနိုင်တဲ့ အမှန်တရားတစ်ခုရှိနေပြီး အဲဒီအမှန်တရားကို မတော်တဆ ဖွင့်ဟမိလိုက်တဲ့အခါမှာတော့ သူ့ကမ္ဘာလေးဟာ ရုတ်ချည်းပြောင်းလဲသွားပါတော့တယ်။
ပုံမှန် နားမလည်နိုင်တဲ့ အပြုအမူတွေနဲ့ ဂျူအင်းကို ကြည့်ပြီး မွန်းကျပ်မှုရော၊ စိတ်ရှုပ်ထွေးမှုပါ ခံစားရစေမှာဖြစ်သလို ဇာတ်ကွက် တစ်ခုချင်းစီက ဆွဲခေါ်သွားမဲ့ ဂျူအင်းရဲ့ ဘဝကိုလည်း ရသအပြည့်နဲ့ ရှုမြင်နိုင်မှာဖြစ်ပါတယ်။
ဒီဇာတ်ကားဟာ ပုံမှန် Romance ဆန်တဲ့ K-Drama type မျိုးမဟုတ်ဘဲ လူမှုပတ်ဝန်းကျင်ရဲ့ စံနှုန်းတွေနဲ့ စိတ်ဒဏ်ရာရ,ထားသူတစ်ယောက်ရဲ့ကြားက ပဋိပက္ခကို အေးအေးဆေးဆေးနဲ့ လေးလေးနက်နက် တင်ပြထားတာပါ။ ဒါရိုက်တာ Yoon Ga-eun ရဲ့ ထုံးစံအတိုင်း ဇာတ်လမ်းကို အလောတကြီး မဟုတ်ဘဲ လူသားတွေရဲ့ ခံစားချက်ကို သေသေချာချာ အချိန်ပေးပြီး ပုံဖော်သွားတာမို့ တစ်မျိုးလေး ဆန်းသစ်နေမဲ့ တင်ဆက်ပုံလေးနဲ့ ကားသစ်လေးကို အခုပဲ ကြည့်ရှုလိုက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။
Genre ….. Drama
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 952.41MB / 2.19GB
Review ….. Bom
Translator ….. RMC K Team
Encoder ….. Ray
Rainbow Channel
| Options | Quality | Server | Size | Clicks |
|---|---|---|---|---|
| FHD 1080p | TeraBox | 2.19GB | 4 | |
| HD 720p | TeraBox | 952.41MB | 4 | |
| HD 720p | StreamHG | 952.41MB | 5 | |
| FHD 1080p | Megaup | 2.19GB | 8 | |
| HD 720p | Megaup | 952.41MB | 9 | |
| FHD 1080p | Telegram | 2.19GB | 8 | |
| HD 720p | Telegram | 952.41MB | 4 | |
| FHD 1080p | Yoteshinportal | 2.19GB | 8 | |
| HD 720p | Yoteshinportal | 952.41MB | 6 |