Ads
ads

Video Sources 0 Views

  • Watch trailer
The Devil Wears Prada 2

The Devil Wears Prada 2

Icons reign forever.Apr. 29, 2026USA119 Min.PG-13
Your rating: 0
5 1 vote

Synopsis

The Devil Wears Prada 2 (2-0-2-6)
========================

IMDB ⭐️ 6.6/10

“Florals? For spring? Groundbreaking.” ဆိုတဲ့ စကားစုလေးနဲ့ ဖက်ရှင်လောကရဲ့ ဂန္ထဝင် စကားစုတွေ၊ ခနဲ့တဲ့တဲ့ အကြည့်တွေနဲ့အတူ အားလုံးရဲ့ ရင်ထဲက အဆိပ်ပြင်းလှပါတယ်ဆိုတဲ့ ဘော့စ်မမကြီး Meryl Streep ပြန်ရောက်လာပါပြီ။

ဒီနေ့တော့ မကြာသေးခင်ကမှ ရုံတင်သွားတဲ့၊ အချစ်တော်တွေ အကုန်ပြန်ပါလာတဲ့ The Devil Wears Prada 2 Comedy/Drama ကားသစ်ကြီးကို တင်ဆက်ပေးလိုက်ပါပြီခင်ဗျာ။

T_h-e D_e-v_i-l W_e-a_r-s P_r-a_d-a (၂၀၀၆) တုန်းက ဖက်ရှင်ဆိုတာ ဘာမှန်းမသိတဲ့ ကောင်မလေး အန်ဒီ တစ်ယောက် နာမည်ကြီး Runway မဂ္ဂဇင်းရဲ့ အယ်ဒီတာချုပ် မီရန်ဒါ ဆီမှာ လက်ထောက်အဖြစ် အလုပ်ဝင်လုပ်ရင်း ဖက်ရှင်လောကရဲ့ ပြိုင်ဆိုင်မှုတွေ၊ အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်ခဲ့ရလဲဆိုတာ မှတ်မိကြဦးမှာပါ။

ကိုယ့်လမ်းကိုယ်လျှောက်သွားတဲ့ အန်ဒီနဲ့ အဆုံးသတ်ခဲ့ပေမဲ့ ပရိသတ်တွေရင်ထဲမှာတော့ မီရန်ဒါကြီးရဲ့ အရှိန်အဝါက စွဲထင်ကျန်ရစ်ခဲ့တာပေါ့။

အခု အနှစ် ၂၀ အကြာ ဒုတိယပိုင်းမှာတော့ ခေတ်တွေပြောင်းသွားတဲ့အခါ ရိုးရာပုံနှိပ်မဂ္ဂဇင်းလောကကြီးကလည်း အရင်လို မလွယ်တော့ပါဘူး။ မီရန်ဒါကြီးရဲ့ Runway မဂ္ဂဇင်းကလည်း ဘဏ္ဍာရေးအကျပ်အတည်းတွေနဲ့ ရင်ဆိုင်လာရပါတယ်။

ဒီအချိန်မှာ သူ့ရဲ့ လက်ထောက်ဟောင်း၊ အခုဆိုရင် ဇိမ်ခံအမှတ်တံဆိပ် ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Dior ရဲ့ အမှုဆောင်အရာရှိအဖြစ် အောင်မြင်နေတဲ့ အမ်မလီ ဆီကနေ မာနတွေခဝါချပြီး အကူအညီတောင်းရမဲ့ အခြေအနေကို ဆိုက်ရောက်လာတဲ့အခါ…

“ကိုယ့်လက်အောက်က ငယ်သားဆီမှာ မျက်နှာပြန်ချရမယ့် ဘော့စ်တစ်ယောက်ရဲ့ မာနက Prada ထက် ပိုဈေးကြီးနေမလား” ဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ။ တစ်ချိန်က အန်ဒီ့အပေါ် အနိုင်ကျင့်ခဲ့တဲ့ အမ်မလီတစ်ယောက် အခု နေရာပြောင်းသွားတဲ့အခါ ဘယ်လိုတွေ တုံပြန်မလဲဆိုတာကလည်း ဒီကားရဲ့ အသက်ပါပဲ။

ဒီကားမှာတော့ ပိုစတာမှာ မြင်ရတဲ့အတိုင်း မူရင်းသရုပ်ဆောင်တွေဖြစ်တဲ့ အော်စကာဆုရှင် မင်းသမီးကြီး Meryl Streep, အချစ်တော်လေး Anne Hathaway, Emily Blunt နဲ့ Stanley Tucci တို အပြည့်အစုံ ပြန်လည်ပါဝင်ထားတာမို ကာရိုက်တာတွေရဲ့ Chemistry ကတော့ ထွေထွေထူးထူး ပြောစရာမလိုပါဘူး။

ခေတ်သစ်ဖက်ရှင်လောကရဲ့ နောက်ကွယ်က အားပြိုင်မှုတွေကို ရယ်မောခံစားရင်း အလန်းစား Outfit တွေကိုပါ ငေးမောရှုစားချင်တယ်ဆိုရင်တော့ ဒီကားလေးကို လက်မလွတ်တမ်း ကြည့်ရှုဖို တိုက်တွန်းလိုက်ပါရစေ။

Genre ….. Comedy, Drama
Quality ….. 720P / 1080P WEB-DL 5.1 (HEVC)
File Size ….. 1.04GB / 2.21GB
Review ….. Venus
Translator ….. RMC Team
Encoder ….. SNNT

Rainbow Channel

The Devil Wears Prada 2
The Devil Wears Prada 2
The Devil Wears Prada 2
The Devil Wears Prada 2
The Devil Wears Prada 2
The Devil Wears Prada 2
The Devil Wears Prada 2
The Devil Wears Prada 2
The Devil Wears Prada 2
The Devil Wears Prada 2
Original title The Devil Wears Prada 2
IMDb Rating 6.6 60,104 votes
TMDb Rating 6.5 843 votes

Director

Cast

Meryl Streep isMiranda Priestly
Miranda Priestly
Anne Hathaway isAndy Sachs
Andy Sachs
Justin Theroux isBenji Barnes
Benji Barnes
Lucy Liu isSasha Barnes
Sasha Barnes
Tibor Feldman isIrv Ravitz
Irv Ravitz
B.J. Novak isJay Ravitz
Jay Ravitz

ads

Similar titles

Jetlee
Ustaad Bhagat Singh
အချစ်ရဲ့ကွက်လပ်လေး
Wanted
Splitsville
Migration
Pattaya Heat
The Arctic Convoy
Red Label
Ms. Apocalypse
Match Fixing – The Nation At Stake
The Tearsmith

Leave a comment

Name *
Add a display name
Email *
Your email address will not be published



Rainbow Movie Channel


Follow Us On