
Gold Land (2026)
အမိုက်စားမှ ကြိုက်တယ်ဆိုသူတွေအတွက် မမ Park Bo-young လေးနဲ့
လီဂွမ်ဆူ ရှယ်ကြမ်းမဲ့ Disney + ကားသစ်..
ဘဝရဲ့ ရွှေပြည်တော်က ဘယ်မှာများလဲ..
ဒီလောကမှာ ငွေနောက်ကိုပဲ အမြဲလိုက်နေရတဲ့ ဘဝတွေကြားထဲမှာ “ရွှေပြည်တော်” ဆိုတဲ့ စကားစုလေးက
ဘယ်လောက်တောင် အဓိပ္ပာယ်လေးနက်သွားမလဲ..
တကယ်ပဲ ကိုယ်လိုချင်တဲ့ အရာရာတိုင်းကို ရွှေနဲ့ဝယ်လို့ရနိုင်မှာလား..
ရွှေပြည်တော် မျှော်တိုင်းဝေးဖြစ်မလား.. ရွှေပြည်ကြီး ခပ်နီးနီးဖြစ်မလားဆိုတာ..
လောဘရမ္မက်တွေကြားက လူသားဆန်မှု ရှာပုံတော်ခရီး..
အပြည်ပြည်ဆိုင်ရာလေဆိပ်ရဲ့ လုံခြုံရေးစစ်ဆေးရေးမှူးအဖြစ် အေးအေးဆေးဆေး အလုပ်လုပ်နေပေမဲ့
မတော်တဆရရှိလာတဲ့ ရွှေတွေကြောင့် လောဘနွံထဲ နစ်မွန်းသွားရမဲ့ ဂင်ဟီးဂျူ (Park Bo-young)..
လေယာဉ်မှူးအလုပ်နဲ့အတူ မှောင်ခိုဂိုဏ်းကြားထဲကနေ ရွှေမှောင်ခိုမှုမှာ ပါဝင်ပတ်သက်မိပြီး
ဟီးဂျူဆီကို ရွှေတွေရောက်အောင် ဖန်တီးမိခဲ့တဲ့ ချစ်သူဖြစ်သူ အီဒိုဂယောင်း (Lee Hyun Wook)..
မတော်တဆ ရောက်လာတဲ့ ရွှေတွေအပေါ် စွဲလမ်းတပ်မက်မှု ပြင်းပြလာတဲ့ ဟီးဂျူတစ်ယောက်.. အကြွေးတောင်းတဲ့ ဝန်ထမ်း ဂျန်ဝု (Kim Sung-cheol)၊ စုံထောက် ဂင်ဂျင်မန်းနဲ့ ‘Geumsung’ ဂိုဏ်းရဲ့ အမှုဆောင် ဘတ်ဟိုချော (Lee Kwang-soo) တို့လို လူပေါင်းစုံရဲ့ အကွက်ချ သစ္စာဖောက်မှုတွေ၊ လောဘတွေကြားထဲမှာ ဘယ်လိုတောင် ဗဟိုချက်မဖြစ်ပြီး ရုန်းကန်ရမလဲဆိုတာ..
Gold Land ကြီးရဲ့ နောက်ကွယ်က အရှုပ်တော်ပုံတွေကို Mystery အပြည့်နဲ့ အလန်းစား ခံစားချင်သူတွေအတွက်
အပိုင်း (၁၀) ပိုင်းစာ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်ပေးသွားမှာမို့ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ။
Genre ….. Crime, Drama
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 500MB / 1GB
Episode …… 10
Network ….. Disney +
Review ….. Bom
Translator ….. RMC K Team
Encoder ….. Ray
Rainbow Channel