
The Whisper (2-0-2-5) a_k-a E_l s_u-s_u-r_r-o_r
IMDB ⭐️ 6.4/10
“မေ့ပစ်ချင်တဲ့ အတိတ်က… ကိုယ့်နောက်ကို တကောက်ကောက် လိုက်နေခဲ့ရင်”
သည်းထိတ်ရင်ဖို Horror/Thriller ကြိုက်တဲ့ ဘော်ဒါတွေအတွက် အခုမှ အသစ်ထွက်ရှိထားတဲ့ စပိန် Horror ကားလေး တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။
ဒီကားက ရိုးရိုးသရဲကားတွေထက် ပိုပြီးတော့ အမှောင်ဖက်ကို သွားထားတဲ့ Psychological Horror အမျိုးအစားလေးပါ။ ဇာတ်လမ်းကတော့ လူစီယာ နဲ့ အက်ဒရီယန် ဆိုတဲ့ မောင်နှမနှစ်ယောက်အကြောင်းပါ။
သူတို့မှာ တော်တော်လေးကို ကြောက်စရာကောင်းတဲ့ အတိတ်တစ်ခု ရှိခဲ့ပြီး အဲဒါကတော့ သူတို့ရဲ့အဖေက သာမန်လူမဟုတ်ဘဲ “Vampire” တစ်ယောက် ဖြစ်နေတာပါပဲ။
ဒီလို အမွေဆိုးတွေကြားကနေ လွတ်မြောက်ဖို့အတွက် သူတို့မောင်နှမနှစ်ယောက်ဟာ တောအုပ်ထဲက စွန့်ပစ်အိမ်ကြီးတစ်အိမ်မှာ ခိုလှုံဖို့ ရောက်လာကြပါတယ်။
အတိတ်ကို မေ့ပစ်ပြီး အေးအေးဆေးဆေး နေမယ်ကြံတုန်းရှိသေး… ကြောင်လေးတစ်ကောင်က လူလက်ချောင်းတစ်ချောင်းကို သူတို့ဆီ ကိုက်ယူလာတဲ့အချိန်မှာတော့ အရာအားလုံးက စတင်လှုပ်ခတ်လာပါတော့တယ်။
တကယ်တော့ သူတို့နေတဲ့နေရာက အေးချမ်းတဲ့နေရာမဟုတ်ဘဲ… ဘေးအိမ်က အိမ်နီးနားချင်းတွေက ဆယ်ကျော်သက်လေးတွေကို ပြန်ပေးဆွဲပြီး “Snuff Films” လို့ခေါ်တဲ့ လူသတ်ဗီဒီယိုတွေ ရိုက်ကူးနေတဲ့ ဒုစရိုက်ဂိုဏ်းကြီး ဖြစ်နေတဲ့အခါ…
“အတိတ်ရဲ့ အရိပ်ဆီကိုပဲ ပြန်ပြေးရမလား… လက်ရှိက သေမင်းတမန် ရန်သူတွေကိုပဲ ရင်ဆိုင်ရမလား”
လူစီယာတစ်ယောက် သူ့မောင်လေးကို ကာကွယ်ဖို့ ကြိုးစားရင်းနဲ့မှ ဒီထက်ပိုပြီး ထိတ်လန့်စရာကောင်းတဲ့ လျှို့ဝှက်ချက်တွေကို ဘယ်လို ဖော်ထုတ်သွားမလဲဆိုတာ ရင်ဖိုစွာနဲ့ ကြည့်ရှုခံစားလိုက်ရအောင်ပါ။
Genre ….. Horror
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 748.29MB / 1.69GB
Review ….. Venus
Translator ….. Venus
Encoder ….. Ray
Rainbow Channel
| Options | Quality | Server | Size | Clicks |
|---|---|---|---|---|
| FHD 1080p | TeraBox | 1.69GB | 1 | |
| HD 720p | TeraBox | 748.29MB | 2 | |
| HD 720p | StreamHG | 748.29MB | 3 | |
| FHD 1080p | Megaup | 1.69GB | 5 | |
| HD 720p | Megaup | 748.29MB | 5 | |
| FHD 1080p | Telegram | 1.69GB | 5 | |
| HD 720p | Telegram | 748.29MB | 5 | |
| FHD 1080p | Yoteshinportal | 1.69GB | 5 | |
| HD 720p | Yoteshinportal | 748.29MB | 4 |