
T_h-e C-a-r-e-t-a_k-e-r (2-0-2-6)
===========================
IMDB ⭐️ 5/10
(အမှောင်ဖုံးနေတဲ့ လျှို့ဝှက်ချက်များ)
စိတ်ပညာပိုင်းဆိုင်ရာ ခြောက်ခြားမှုတွေနဲ့ သွေးပျက်စရာဇာတ်လမ်းတွေမှ ကြည့်ချင်တဲ့ပရိသတ်ကြီးအတွက်၂၀၂၅က ထွက်ရှိထားတဲ့ The Caretaker ဆိုဇာတ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်…
ကင်ဆာရောဂါဝေဒနာခံစားနေရတဲ့ မိခင်ဖြစ်သူရဲ့ ငြိုငြင်ဖိနှိပ်မှုကိုခံခဲ့ရပြီး မိခင်ကွယ်လွန်ချိန်မှာ အိမ်မဲ့ရာမဲ့ဖြစ်သွားခဲ့ရတဲ့ အက်ဒီဆိုတဲ့အမျိုးသားတစ်ယောက်ဟာ စကားမပြောနိုင်တဲ့အခက်အခဲရှိပေမဲ့ အလုပ်အကိုင်ရှာဖွေရေးအေးဂျင့်ရဲ့ ကူညီမှုနဲ့အတူ လော့ခ်ဘရစ်ဂျ်အကယ်ဒမီမှာ ကျောင်းစောင့်အဖြစ် အလုပ်သစ်ရရှိသွားခဲ့ပါတယ်…
ကျောင်းမှာ သန့်ရှင်းရေးနဲ့ထိန်းသိမ်းရေးတာဝန်ခံမိန်းကလေး မာရီနဲ့တွေ့ဆုံခဲ့ပြီး နောက်ပိုင်းမှာ ရင်းနှီးလာကြပြီးတော့ မာရီဆီကနေတစ်ဆင့် အရင်ကျောင်းစောင့်ဟောင်း ရေနစ်သေဆုံးသွားခဲ့မှုနဲ့ ဒီကျောင်းရဲ့ ကြက်သီးထစရာပတ်ဝန်းကျင်အကြောင်းကို အက်ဒီတစ်ယောက်စတင်သိရှိလာခဲ့ရပါတယ်…
တစ်ဖက်မှာလည်း ဒုကျောင်းအုပ် ချားလ်စ်ရဲ့ မာရီအပေါ် အာဏာပြထိန်းချုပ်မှုတွေ၊ ချားလ်စ်ရဲ့ ညီမဖြစ်သူလီဆာက ပျောက်ဆုံးသွားတဲ့ ကျောင်းသူလေး ဟောလီ မန်းစ်ရဲ့ပန်းချီကားတွေကိုခိုးယူပြီး မိသားစုလျှို့ဝှက်ချက်တွေကို ဖုံးကွယ်ဖို့ ကြိုးစားနေမှုတွေကို အက်ဒီတစ်ယောက် သိလာရတဲ့အခါ…
Genre ….. Horror, Thriller
Quality ….. 720P / 1080P WEB-DL Digital Dolby Plus 5.1 (HEVC)
File Size ….. 1.05GB / 2.37GB
Review ….. Mojin
Translator ….. Mojin
Encoder ….. SNNT
Rainbow Channel