Ads
ads

Video Sources 0 Views

  • Watch trailer
The Djinn’s Curse 2

The Djinn’s Curse 2

Once it's in your soul, There's no way out.Jun. 25, 2026NA97 Min.NR
Your rating: 0
6 1 vote

Synopsis

The Djinn’s Curse 2 (2026)
======================

“သေဆုံးခြင်းဟာ… တကယ်တော့ အဆုံးသတ်မဟုတ်ဘဲ ပရလောကကျိန်စာတစ်ခုရဲ့ အစပြုခြင်းဆိုရင်ရော…”

ထိုင်းသရဲကား ပရိသတ်တွေအတွက် ထူးထူးခြားခြား အစ္စလာမ်ဘာသာရေး နောက်ခံ အယူအဆတွေနဲ့ ရိုက်ကူးထားတဲ့ “The Djinn’s Curse” ရဲ့ အဆက် Part 2 ထွက်ရှိလိုလာပါပြီ။

ရှေ့ကားမှာတုန်းက ဂျင်ဆိုတဲ့ မကောင်းဆိုးဝါးရဲ့ ခြောက်လှန့်မှုတွေနဲ့ အိမ်မက်ဆိုးတွေကို အသည်းယားဖွယ် ကြည့်ခဲ့ရပြီးပြီဆိုတော့ ဒီကားမှာ ပိုပြီးနက်ရှိုင်းတဲ့ အမှောင်ကမ္ဘာထဲကို ဆက်လက်ခေါ်ဆောင်သွားတော့မှာပါ။

ဒီ ဒုတိယပိုင်းမှာတော့ ဘူဒိုတောင် ရွာနားက တောအုပ်ကြီးထဲကို ပျောက်ဆုံးသွားခဲ့တဲ့ ဒင်နာတစ်ယောက် ပြန်ရောက်လာတဲ့အချိန်ကစပြီး ဇာတ်လမ်းကို ဆွဲခေါ်သွားတာပါ။

ဒင်နာဟာ သာမန်လူမဟုတ်တော့ဘဲ ကြောက်မက်ဖွယ်ရာ အပြုအမူတွေ၊ ရန်လိုကြမ်းတမ်းမှုတွေနဲ့အတူ ရူးသွပ်နေတဲ့ အခြေအနေကို ရောက်နေပါတော့တယ်။  

အခြေအနေတွေက ထိန်းမနိုင်သိမ်းမရ ဖြစ်လာတဲ့အဆုံးမှာတော့ ခင်ပွန်းဖြစ်သူ အာနတ်ခမျာ ချစ်လှစွာသော ဇနီးသည်ကို ကိုယ်တိုင် သတ်ပစ်လိုက်ရတဲ့အထိ အဖြစ်ဆိုးနဲ့ ကြုံလိုက်ရပါတယ်။  

ဒါပေမဲ့ ဇာတ်လမ်းက ဒီမှာတင် ပြီးမသွားပါဘူး။ ဇနီးဖြစ်သူရဲ့ ဝိညာဉ်ဟာ ငရဲလို ကြောက်စရာကောင်းတဲ့ ဂျင်တွေရဲ့ ပရလောကထဲမှာ ပိတ်မိနေတယ်ဆိုတာ အာနတ်သိလိုက်ရတဲ့အခါ…  

ကိုယ့်လက်နဲ့ကိုယ် သတ်ခဲ့ရတဲ့ မိန်းမရဲ့ ဝိညာဉ်ကို ဂျင်တွေလက်ထဲကနေ ပြန်လုယူဖို အာနတ်တစ်ယောက် ပရလောကကို ဘယ်လို ရင်ဆိုင်မလဲ… အချစ်ကပဲ ကြီးမားမလား၊ ဂျင်တွေရဲ့ ကျိန်စာကပဲ အနိုင်ယူသွားမလားဆိုတာ ရင်တမမနဲ့ ကြည့်ရှုရမှာပါ။  

မင်းသား Euro Yotsawat Tawapee နဲ့ မင်းသမီး Mim Rattawadee Wongthong, Sutida Burtig တိုက အဓိက ပါဝင်သရုပ်ဆောင်ထားပြီး Thai Horrorတွေရဲ့ ထုံးစံအတိုင်း အငွေ့အသက်က မှောင်မှောင်မဲမဲနဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ Vibe မျိုး ပေးစွမ်းနိုင်တဲ့အပြင် သာမန်သရဲကားတွေနဲ့မတူတဲ့ Djinn တွေအကြောင်းကို မြင်တွေ့ရမှာဖြစ်လို့ Horror Fan တွေ လက်မနှေးတမ်း ရှုစားလိုက်ကြပါဦး။

Genre ….. Horror
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 901.96MB / 1.97GB
Review ….. Venus
Translator ….. RMC K Team
Encoder ….. SNNT

Rainbow Channel

The Djinn’s Curse 2
The Djinn’s Curse 2
Original title ของแขก 2
IMDb Rating 3.9 18 votes
TMDb Rating 1 1 votes

ads

Similar titles

Death Name
Noise
Meg 2: The Trench
The Ugly Stepsister
HIM
Bhooth Bangla
Heart Eyes
Kombucha
Prey
Lookout
The Hunted
Dark Cuts: A Thriller Anthology

Leave a comment

Name *
Add a display name
Email *
Your email address will not be published



Rainbow Movie Channel


Follow Us On