
The Legend of Kitchen Soldier (2026)
နန်းကျ ဘုရင်ငယ်လေး Park Ji Hoon ရဲ့ စစ်တပ်စားဖိုမှူးကားသစ်လေး..
ဗိုက်ဆာတဲ့အချိန် ကြည့်မိရင်တော့ တကယ့်ကို အန္တရာယ်များတဲ့ Series လို့ ပြောရမဲ့
The Legend of Kitchen Soldier (2026)
စစ်သားဖြစ်ဖို့ဝင်လာပြီးမှ ဟင်းချက်ဘုရင် ဖြစ်သွားနိုင်မလား..
အရသာမရှိတဲ့ ထမင်းဝိုင်းတွေကို Eyes of the Chef နဲ့ ပြောင်းလဲပစ်မဲ့ Ace Cook လေး ရောက်လာပြီ..
ဘဝရဲ့ အခက်အခဲတွေကနေ ရုန်းထွက်ဖို့ စစ်ထဲဝင်လာတဲ့ လူငယ်လေးတစ်ယောက်..
သူရဲကောင်းဖြစ်လာမဲ့အစား တပ်ရင်းရဲ့ အချက်အပြုတ် Quest တွေကို ဖြေရှင်းရင်း
“Legendary Cook” ဖြစ်လာဖို့ ကြိုးစားရတဲ့အခါ..
ဒီကားလေးကတော့ နာမည်ကြီး Webtoon ကို အခြေခံထားတဲ့ Military, Fantasy, Comedy အမျိုးအစား Drama လေးပါ။ စစ်တပ်နောက်ခံဆိုပေမဲ့ တင်းမာတဲ့စစ်ပွဲတွေထက် တပ်ရင်းထဲက အချက်အပြုတ်လောကအကြောင်းကို ဟာသနှောပြီး ရိုက်ကူးထားတာဖြစ်လို့ ပေါ့ပေါ့ပါးပါးနဲ့ ရယ်မောရမဲ့ Must-watch Series လေးဖြစ်ပါတယ်။
ဘဝရဲ့ ခါးသီးတဲ့ အမှန်တရားတွေကနေ ထွက်ပြေးဖို့ စစ်ထဲဝင်လာခဲ့တဲ့ လူငယ်လေး ဂန်ဆောင်းဂျယ်.. တစ်နေ့မှာတော့ သူ့မျက်စိရှေ့မှာ ထူးဆန်းတဲ့ “Quest” screen ကြီးတစ်ခု ပေါ်လာပြီး တပ်ရင်းရဲ့ အချက်အပြုတ်တာဝန်တွေကို ထမ်းဆောင်ဖို့ စိန်ခေါ်ခံလိုက်ရတဲ့အခါ.. သူ ဖြတ်ကျော်ရမဲ့ Quest တိုင်းက သူ့အဖေ သေဆုံးမှုနဲ့ ပတ်သက်တဲ့ လျှို့ဝှက်ချက်တွေကိုပါ ဖော်ထုတ်ပေးနိုင်မလား။
ဒီကားမှာ မင်းသား Park Ji Hoon က ပြဿနာရှာတတ်တဲ့ စစ်သားလေးကနေ တပ်ရင်းရဲ့ အချက်အပြုတ်ပါရမီရှင် ဖြစ်လာမဲ့ ဂန်ဆောင်းဂျယ် အဖြစ် ပါဝင်ထားပြီး သူ့ကို ကူညီပေးမဲ့ စီနီယာ ယွန်းဒုံဟျွန်း အဖြစ် Lee Hong-Nae က ပါဝင်ထားပါတယ်။ အနံ့အရသာမသိတဲ့ အချက်အပြုတ်ဆရာကြီးနဲ့ ပါရမီရှင်တပည့်တို့ကြားက Chemistry က ဒီဇာတ်လမ်းရဲ့ အသက်ပါပဲ။
ဂန်ဆောင်းဂျယ်က ဘဝရဲ့ ဒဏ်ရာတွေကြောင့် စစ်ထဲမှာ “ပြဿနာရှာတဲ့ စစ်သား” လို့ အမည်ထွက်နေသူပါ။ ဒါပေမဲ့ ထူးဆန်းတဲ့ Quest တွေကြောင့် “Eyes of the Chef” စွမ်းအားကို ရရှိသွားပြီး တဖြည်းဖြည်းနဲ့ တပ်ရင်းရဲ့ Ace ဖြစ်လာပါတော့တယ်။ သူ ဖြေရှင်းရမဲ့ Quest တိုင်းမှာ သူ့အဖေ သေဆုံးမှုရဲ့ လျှို့ဝှက်ချက်တွေ ပါနေတယ်ဆိုရင် အမှန်တရားကို ရှာဖွေရင်း အရသာရှိတဲ့ ဟင်းပွဲတွေကို ဖန်တီးမဲ့ ဂန်ဆောင်းဂျယ်ရဲ့ ခရီးစဉ်ကို အတူတူ ရင်ခုန်လိုက်ကြဖို့ အပတ်စဉ် တနင်္လာ၊ အင်္ဂါနေ့တိုင်း စောင့်ကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။
Genre ….. Comedy, Drama, Sci-Fi, Fantasy
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 600MB / 1.2GB
Episode ….. 12
Review ….. Bom
Translator ….. RMC Team
Encoder ….. Ray
Rainbow Channel