
The Magic Faraway Tree (2026)
IMDB ⭐️ 6.6/10
ပျော်ပျော်ရွှင်ရွှင် မှော်တောအုပ်ထဲတွင်
Spider-Man မင်းသား Andrew Garfield ကို ဖခင်တစ်ယောက်အဖြစ် မြင်တွေ့ရမဲ့ မိသားစု မှော်ဇာတ်ကားလေး
ဇာတ်လမ်းအကျဉ်း
လူကြီးဖြစ်လာရတဲ့ ဘဝမှာ ရင်ဘတ်ထဲက အိပ်မက်တွေကို ချောင်ထိုးထားရင်း ပုခုံးပေါ်က တာဝန်တွေကိုပဲ မမောနိုင်မပန်းနိုင် ထမ်းပိုးထားရတာ သဘာဝပါ။
ဒါပေမဲ့… ဘဝကို အသစ်ကပြန်စဖို့ အခွင့်အရေးတစ်ခု ရလာခဲ့ရင် သင် အိပ်မက်တွေကို ပြန်လည်အသက်သွင်းချင်မလား?
တင်မ်ဟာ အိမ်ရှင်ထီးတစ်ယောက်ဖြစ်ပြီး တစ်ရက်မှာတော့ သူ့ဇနီးဖြစ်သူ အလုပ်ကထွက်လိုက်ရတာကြောင့် သူတို့မိသားစုလေး အိမ်ခြေရာမဲ့ဖြစ်မဲ့ အခြေအနေနဲ့ ရင်ဆိုင်လိုက်ရပါတယ်။ ဒီလိုအကျပ်အတည်းထဲမှာပဲ တင်မ်တစ်ယောက် ဟိုးအရင်က ဇနီးမောင်နှံနှစ်ဦး အတူမက်ခဲ့ဖူးတဲ့ “ကျေးလက်တောရွာလေးမှာ အခြေချမဲ့ အိပ်မက်” ကို အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။
ဒါပေမဲ့ ပြဿနာက မိဘနှစ်ပါးက အိပ်မက်နောက် လိုက်ချင်ပေမဲ့ မြို့ပြရဲ့ သက်သောင့်သက်သာဘဝနဲ့ အသားကျနေတဲ့ Gen Z သားသမီး ၃ ယောက်ကတော့ အဆင်မပြေပါဘူး။
ဇွတ်တရွတ်နိုင်လှတဲ့ မိဘတွေကြောင့် မီးလည်းမရှိ၊ ဝိုင်ဖိုင်လည်းမရတဲ့ တောရွာလေးကို ရောက်သွားတဲ့အခါ ကလေး ၃ ယောက်မှာ အကြီးအကျယ် တိုင်ပတ်ပါတော့တယ်။
ဒါပေမဲ့ ထင်မှတ်မထားဘဲ သမီးငယ်လေးက မတော်တဆ မှော်တောအုပ်ထဲက ထူးဆန်းတဲ့ အရာတစ်ခုနဲ့ ဆုံတွေ့မိသွားရာကနေ…
ဖခင်ဖြစ်သူ အမြဲတမ်း ပြောပြလေ့ရှိတဲ့ မှော်ဆန်တဲ့ စွန့်စားခန်းကြီး စတင်ပါတော့တယ်။
မှော်တောအုပ်ထဲက စွန့်စားခန်းက သူတို့မိသားစုလေးကို ဘယ်လိုပြောင်းလဲပစ်မလဲ?
မိဘတွေ မျှော်လင့်နေတဲ့ ဖုန်းကိုယ်စီမပွတ်ဘဲ မျက်နှာချင်းဆိုင် စကားပြောကြမဲ့ မိသားစုထမင်းဝိုင်းလေးရော အဆင်ပြေပြေ ဖြစ်လာပါ့မလား?
ခေတ်သစ်မြို့ပြဘဝထဲမှာ ပျောက်ဆုံးနေတဲ့ မိသားစုနွေးထွေးမှုတွေကို မှော်အတတ်တွေနဲ့အတူ ပြန်လည်ရှာဖွေမဲ့ ဇာတ်ကားကောင်းလေးမို့ အားလုံးကို မှော်တောအုပ်ထဲမှာ အတူတူ ပျော်ပျော်ရွှင်ရွှင် လည်ပတ်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
Genre ….. Adventure, Family, Fantasy
Quality ….. 720P / 1080P WEB-DL 5.1 (HEVC)
File Size ….. 1.02GB / 2.39GB
Review ….. Kera
Translator ….. Kera
Encoder ….. SNNT
Rainbow Channel
| Options | Quality | Server | Size | Clicks |
|---|---|---|---|---|
| FHD 1080p | TeraBox | 2.39GB | 0 | |
| HD 720p | TeraBox | 1.02GB | 0 | |
| FHD 1080p | Pikpak | 2.39GB | 1 | |
| HD 720p | StreamHG | 1.02GB | 2 | |
| FHD 1080p | Megaup | 2.39GB | 3 | |
| HD 720p | Megaup | 1.02GB | 2 | |
| FHD 1080p | Telegram | 2.39GB | 2 | |
| HD 720p | Telegram | 1.02GB | 2 | |
| FHD 1080p | Yoteshinportal | 2.39GB | 3 | |
| HD 720p | Yoteshinportal | 1.02GB | 2 |