Ads
ads

Video Sources 0 Views

  • Watch trailer
Good Luck, Have Fun, Don’t Die

Good Luck, Have Fun, Don’t Die

Time is running out. Are you ready to join the revolution?Feb. 13, 2026USA135 Min.R
Your rating: 0
7 1 vote

Synopsis

Good Luck, Have Fun, Don’t Die (2-0-2-6)

IMDB ⭐️ 7.4/10

“အနာဂတ်က လာတဲ့လူတစ်ယောက်က မင်းကို ကမ္ဘာကြီးကယ်ဖို့ လာခေါ်ရင်… လိုက်သွားမှာလား ဒါမှမဟုတ် ရူးနေတယ်ဆိုပြီး လွှတ်ထားခဲ့မလား…”

ကဲ… Sci-Fi ကား အလန်းစားတွေ၊ Plot ဆန်းဆန်းကြိတ်ချင်တဲ့ ဘော်ဒါတွေအတွက် Pirates of the Caribbean နဲ့ Rango တို့ကို ရိုက်ကူးခဲ့တဲ့ နာမည်ကြီး ဒါရိုက်တာ Gore Verbinski ရဲ့ အသစ်စက်စက် ဇာတ်ကားကြီးကို တင်ဆက်ပေးလိုက်ပါပြီ။

ဒီကားရဲ့ Cast တွေကတော့ ပြောစရာမလိုအောင် အမိုက်စားတွေချည်းပါပဲ။ မင်းသားကြီး Sam Rockwell အပြင် Haley Lu Richardson, Michael Peña, Zazie Beetz နဲ့ Juno Temple တို့လို နာမည်ကြီး သရုပ်ဆောင်တွေ အများကြီး အားဖြည့်ပါဝင်ထားပါတယ်။

ဇာတ်လမ်းကတော့ Los Angeles မြို့က စားသောက်ဆိုင်လေးတစ်ခုထဲကို ရုတ်တရက် အနာဂတ်ကနေ ရောက်လာပါတယ်ဆိုတဲ့ လူတစ်ယောက် ဝင်လာရာကနေ စတာပါ။ သူက ဘာပြောလဲဆိုတော့ “ရှေ့လျှောက် အနာဂတ်မှာ AI တွေက ကမ္ဘာကြီးကို သိမ်းပိုက်ပြီး လူသားတွေကို ဒုက္ခပေးတော့မယ်၊ ဒါကို တားဆီးဖို့အတွက် မင်းတို့ စားသောက်ဆိုင်ထဲက လူတွေ ငါနဲ့ လိုက်ခဲ့ရမယ်” ဆိုပြီး ဆိုင်ထဲကလူတွေကို ဓားစာခံလုပ်ကာ ကမ္ဘာကြီးကို ကယ်တင်ဖို့ အတင်း အကူအညီ တောင်းပါတော့တယ်။

သာမန် လူရိုးကြီးတွေ၊ ပြဿနာကိုယ်စီနဲ့ အေးဆေး စားသောက်နေကြတဲ့သူတွေဟာ ရွေးချယ်စရာမရှိဘဲ အနာဂတ်က လူနဲ့အတူ တစ်ညတည်းအတွင်းမှာ ကမ္ဘာဖျက်မယ့် AI ကို ဘယ်လို သွားတားကြမလဲ… လမ်းမှာ သူတို့မထင်မှတ်ထားတဲ့ ဖုတ်ကောင်တွေ၊ ရူးသွပ်နေတဲ့ စက်ရုပ်အရုပ်မလေးတွေနဲ့ အက်ရှင်ခပ်ကြမ်းကြမ်း ဘယ်လို ရင်ဆိုင်ရမလဲ ဆိုတာကို ရယ်မောဖွယ်၊ သည်းထိတ်ရင်ဖိုဖွယ် ရိုက်ပြထားတာပါ။

Sci-Fi Action Comedy အမျိုးအစားဖြစ်ပြီး ရိုးရိုး ကမ္ဘာကယ်တဲ့ ဇာတ်လမ်းမျိုး မဟုတ်ဘဲ၊ လတ်တလော ခေတ်စားနေတဲ့ AI နည်းပညာနဲ့ ဖုန်းစခရင်မ်တွေနောက် ကောက်ကောက်ပါအောင် လိုက်နေတဲ့ လူသားတွေရဲ့ အန္တရာယ်တွေကို သရော်ပြီး ရိုက်ကူးထားတာမို့ ဒီကားလေးရဲ့ Vibe ကို လုံးဝ အကြိုက်တွေ့စေမှာ အသေအချာပါပဲ။ အချိန် (၂) နာရီကျော် ကာလအတွင်းမှာ ပျင်းဖို့ အချိန်မရလောက်အောင် ဆွဲခေါ်သွားမယ့် ကားကောင်းလေးမို့ အခုပဲ ရှုစားလိုက်ကြပါဦးဗျာ။

Genre ….. Action, Adventure, Sci-Fi
Quality ….. 720P / 1080P WEB-DL 5.1 (HEVC)
File Size ….. 1.18GB / 2.19GB
Review ….. Venus
Translator ….. RMC Team
Encoder ….. SNNT

Rainbow Channel

Good Luck, Have Fun, Don’t Die
Good Luck, Have Fun, Don’t Die
Good Luck, Have Fun, Don’t Die
Good Luck, Have Fun, Don’t Die
Good Luck, Have Fun, Don’t Die
Good Luck, Have Fun, Don’t Die
Good Luck, Have Fun, Don’t Die
Good Luck, Have Fun, Don’t Die
Good Luck, Have Fun, Don’t Die
Good Luck, Have Fun, Don’t Die
Original title Good Luck, Have Fun, Don't Die
IMDb Rating 7.1 24,851 votes
TMDb Rating 6.881 226 votes

ads

Similar titles

Sanak
Not All Movies Are the Same: Dual
Kantara: Chapter 1
Bhairathi Ranagal
The Platform
Jombieland
Sisu: Road to Revenge
Site
Godzilla x Kong: The New Empire
War
Lokah Chapter 1: Chandra
The Ministry of Ungentlemanly Warfare

Leave a comment

Name *
Add a display name
Email *
Your email address will not be published



Rainbow Movie Channel


Follow Us On