
R_a-j_a S-h_i-v-a_j-i (2-0-2-6)
=======================
IMDB ⭐️ 7.5/10
“လွတ်လပ်မှုဆိုတာ တောင်းယူလိုရတဲ့အရာမဟုတ်ဘူး… ကိုယ့်ဓားနဲ့သွေးနဲ့ ရယူရတဲ့အရာ”
အိန္ဒိယသမိုင်းမှာ ဘယ်တော့မှမသေနိုင်တဲ့ ဂန္တဝင်သူရဲကောင်းကြီး Chhatrapati Shivaji Maharaj ရဲ့ အကြောင်းကို အမိုက်စား Action, Historical Epic အနေနဲ့ ရိုက်ကူးထားတဲ့ “Raja Shivaji” ဇာတ်ကားကြီး ရောက်ရှိလာပါပြီ။
ဒီကားမှာတော့ ဘောလိဝုဒ်ရဲ့ ဘိုးအေကြီးတွေဖြစ်တဲ့ မင်းသားကြီး Sanjay Dutt, Abhishek Bachchan တိုအပြင် ခေါင်းဆောင်မင်းသား/ဒါရိုက်တာအဖြစ် သရုပ်ဆောင်ပိုင်နိုင်လွန်းတဲ့ Riteish Deshmukh က ပါဝင်အားဖြည့်ထားပါတယ်။ ဒါ့အပြင် ပရိသတ်အချစ်တော်ကြီး Salman Khan ကလည်း အမိုက်စား Cameo အနေနဲ့ ပါဝင်ဦးမှာဆိုတော့ Mega star cast တွေ တော်တော်သုံးထားတယ်လို့ ပြောရမှာပါပဲ
ဇာတ်လမ်းအကျဉ်းကတော့ မဟာရဋ္ဌအင်ပါယာ (Maratha Empire) ကို စတင်တည်ထောင်ခဲ့တဲ့ လူငယ်လေး ရှီဗာဂျီရဲ့ ခက်ခဲကြမ်းတမ်းတဲ့ တော်လှန်ရေးခရီးစဉ်ကို အသက်ဝင်လှပစွာ ပုံဖော်ထားတာပါ။
ဖိနှိပ်ချုပ်ချယ်မှုတွေ၊ ရက်စက်တဲ့ အင်ပါယာတွေရဲ့ ကြားမှာ အင်အားနည်းပေမဲ့ ဉာဏ်ရည်နဲ့ ရဲစွမ်းသတ္တိကို အရင်းတည်ပြီး သူ့ရဲ့လူမျိုးတွေအတွက် “ဆွာရာဂျာ” (ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနိုင်ငံ) ကို ဘယ်လို တည်ဆောက်ခဲ့သလဲ…
ရန်သူတွေကြားထဲမှာ အသက်ကိုဖက်ရွက်လိုသဘောထားပြီး ဓားတက်၊ လှံတက်တွေကြားကနေ သွေးနဲ့ရေးတဲ့ သမိုင်းကို ဘယ်လို ဖန်တီးခဲ့လဲဆိုတာ ရင်တမမနဲ့ ရှုစားရမှာပါ။
သာမန်ရိုးရိုး Historical ကားတွေလို တော်ကီသက်သက် မဟုတ်ဘဲ တကယ့်စစ်မြေပြင်က သွေးဆူချင်စရာ တိုက်ပွဲခန်းတွေ၊ ဓားခုတ်လှံထိုး အက်ရှင် အကြမ်းစားတွေကို BGM အလွင့်တွေနဲ့ ပေါင်းစပ်ထားတာမို Action, Historical Epic ကားကောင်းကောင်း မျှော်နေသူတွေအတွက် လုံးဝ လက်မလွတ်သင့်တဲ့ Masterpiece ဇာတ်ကားကြီးပါပဲ။
Genre ….. Action, Drama, History
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 1.56GB / 3.63GB
Review ….. Venus
Translator ….. Venus
Encoder ….. Ray
Rainbow Channel