Ads
ads
For The New Emperor

For The New Emperor

Nov. 11, 202099 Min.
Your rating: 0
8 1 vote

Synopsis

For the New Emperor (2020)

For the New Emperor ရုပ်ရှင်ကတော့ 2020 ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ ကိုရီးယားအက်ရှင်ဇာတ်ကားတစ်ကားဖြစ်ပြီး ဒါရိုက်တာ Lee Soo Sung ရိုက်ကူးထားခြင်း ဖြစ်ပါတယ်။ဒီဇာတ်ကားမှာတော့ ဟွမ်းဂျယ်အဖြစ် မင်းသား Seo Jun Yeong က ပါဝင်သရုပ်ဆောင်ထားပြီး၊ ဇာတ်ပိုသရုပ်ဆောင်တွေအနေနဲ့ Song Min Kyeong, Kin Se Hee နဲ့ Geum Gwang San တိုပါဝင်သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းကတော့ မကြာသေးခင်က ဘွဲရပြီး တိုက်ခိုက်ရေးမှာ အရမ်း ကျွမ်းကျင်တဲ့ ဟွမ်းဂျယ်ဆိုတဲ့ဇာတ်ကောင်ပေါ်မှာ အခြေခံပြီး ရိုက်ကူးတင်ဆက်ထားပါတယ်။ ကျောင်းပြီးသွားတဲ့သူငယ်ချင်းနှစ်ယောက် ပညာရေးမှာလည်း ရေရေရာရာမရှိ တခြားအလုပ်အကိုင်လည်း မတွေ့ဖြစ်နေဆဲမှာ ထယ်ဟွာတစ်ယောက် လူမိုက်ဂိုဏ်းထဲကို ဝင်ရောက်သွားပါတော့တယ်။ ဟွမ်းဂျယ်ကတော့ စတိုးဆိုင်မှာ အချိန်ပိုင်းအလုပ်သမားအဖြစ်နဲ့နေထိုင်စားသောက်နေရသူပါ။ ဒီလိုနဲ့ ထယ်ဟွာတစ်ယောက် ဟွမ်းဂျယ်ရဲ့ အရည်အချင်းကို နှမြောတဲ့အတွက် သူ့ရဲ့ လူမိုက်ခေါင်းဆောင်ဥက္ကဌကြီးဆီ မိတ်ဆက်ပေးခဲ့ပါတယ်။ ဟွမ်းဂျယ်လည်း ထယ်ဟွာရဲ့ မိတ်ဆက်ပေးမှုကြောင့် လူမိုက်ဂိုဏ်းထဲရောက်ရှိလာပါတော့တယ်။ ကျောင်းတက်ကတည်းက One Punch Man လိုကျော်ကြားတဲ့ ဟွမ်းဂျယ်တစ်ယောက် အလုပ်စဝင်ဝင်ချင်းနေ့မှာပဲ လက်စွမ်းပြခဲ့ပြီး သူ့ငယ်နာမည်ပြောင်က One Punch Man ဆိုတာကို အားလုံးသိသွားကြပါတယ်။ ဒီလိုနဲ့ ကောင်မလေးတွေကြားမှာ ရေပန်းစားလာပြီး လူမိုက်ခေါင်းဆောင် မျက်စိကျနေတဲ့ မီရန်းဆိုသူ ဘားမယ်တစ်ယောက်ကလည်း သူ့အပေါ် ယိမ်းယိုင်လာပါတော့တယ်။ ဒါပေမဲ့လည်း ဂိုဏ်းခေါင်းဆောင်ရဲ့ ညွှန်ကြားမှုနဲ့အတူ မီရန်းရဲ့နေအိမ်ကို စုံစမ်းဖိုအတွက် သူ(မ)နဲ့ ရင်းနှီးအောင် လုပ်ရာကနေ မထင်မှတ်ဘဲ နှစ်ဦးသား ချစ်မိသွားခဲ့ကြပါတော့တယ်။ သူတိုနှစ်ယောက်အကြောင်းကို နောက်ဆုံး ဥက္ကဌကြီး သိသွားမှာလား…

ဇာတ်သိမ်းပိုင်းမှာ နှစ်ဦးသားဆုံစည်းနိုင်ကြမလားဆိုတာကို အက်ရှင်ဇာတ်ဝင်ခန်းများစွာနဲ့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ဤဇာတ်လမ်းတွင် တချိုဇာတ်ဝင်ခန်းများသည် လိင်ပိုင်းဆိုင်ရာအသားပေးဖော်ပြချက်များကြောင့် ကလေးများကြည့်ရှုရန် မသင့်ပါ။

Genre ….. Action
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 758.98MB / 1.82GB
Review ….. Verona
Translator ….. Verona
Encoder ….. N.A.S

Rainbow Channel

For The New Emperor
Original title 신황제를 위하여
TMDb Rating 3.7 3 votes

ads

Similar titles

Furiosa: A Mad Max Saga
Infiltrate
Hostile Takeover
Ruslaan
Ballerina
Karuppu
Yaksha: Ruthless Operations
M3GAN 2.0
Conquer: Lahad Datu
Jackpot!
The Swordsman
Jurassic World Rebirth

Leave a comment

Name *
Add a display name
Email *
Your email address will not be published



Rainbow Movie Channel


Follow Us On