Ads
ads
Fighting Mulan

Fighting Mulan

Aug. 30, 2025
Your rating: 0
9 1 vote

Synopsis

Fighting Mulan (2-0-2-5)

IMDB ⭐️ 6/10

“ယောကျ်ားသားတွေကြားမှာ ဓားရေးလှံရေးနဲ့ ရှယ်ကြမ်းမဲ့ ဟွားမုလန်”

Action ကားကြမ်းကြမ်းတွေ၊ သမိုင်းနောက်ခံ အက်ရှင်ကားကောင်းကောင်း မျှော်နေတဲ့ ဘော်ဒါတွေအတွက် ၂၀၂၅ ခုနှစ်ထွက် တုံချွမ် တရုတ်ကားသစ်ကြီး ထွက်ရှိလာပါပြီခင်ဗျာ။

Mulan ဇာတ်လမ်းဆိုတာ လူတိုင်းသိပြီးသား ဂန္ထဝင်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပေမဲ့ ဒါရိုက်တာ Xia Wen ရဲ့ ဒီကားသစ်လေးမှာတော့ Action ပိုင်းကို ပိုပြီး အသားပေးရိုက်ကူးထားလို့ ဖုန်းခနဲ ဒိုင်းခနဲနဲ့ တောက်လျှောက်ကို အကြိတ်အနယ် ရှုစားရမှာပါ။

ဇာတ်လမ်းကတော့ အားလုံးသိထားကြတဲ့အတိုင်းပါပဲ။ ဟွားမုလန်ဆိုတဲ့ မိန်းမငယ်လေးဟာ အသက်အရွယ်ရနေပြီဖြစ်တဲ့ သူ့အဖေကိုယ်စား စစ်မှုထမ်းဖို့အတွက် ယောကျ်ားလေးတစ်ယောက်လို ရုပ်ဖျက်ပြီး စစ်တပ်ထဲကို ဝင်လာခဲ့ပါတယ်။

စစ်မြေပြင်မှာ ယောကျ်ားတွေတောင် လက်ဖျားခါလောက်အောင် သတ္တိရှိရှိ တိုက်ပွဲဝင်နေရင်းကနေ တစ်နေ့မှာတော့ မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတစ်ခုနဲ့ ကြုံလာရပါတော့တယ်။ အဲဒါကတော့ တိုက်ပွဲမှာ ပြင်းထန်တဲ့ ဒဏ်ရာရသွားလို့ ဆေးကုသမှု ခံယူဖို့ ကြိုးစားရာကနေ သူဟာ မိန်းကလေးဆိုတဲ့ တကယ့်သရုပ်မှန်ကြီး ပေါ်သွားခဲ့တာပါပဲ။

အဲဒီအချိန်ကစလို့ တပ်တွင်းမှာ ဘယ်လို ကမောက်ကမ အရှုပ်အထွေးတွေ ဆက်ဖြစ်ကြမလဲ… စစ်တပ်ထဲမှာ မိန်းကလေးတစ်ယောက် ဝင်နေတာ သိသွားတဲ့အခါ ခေတ်ရဲ့ စံနှုန်းတွေ၊ စည်းမျဉ်းစည်းကမ်းတွေနဲ့ ထိပ်တိုက်တွေ့ပြီး မူလန်တစ်ယောက် ဘယ်လို အကျပ်ရိုက်မလဲ…

သူမရဲ့ အသက်ကိုရော ကယ်တင်နိုင်ပါ့မလား… ဒါမှမဟုတ် အားလုံးရဲ့ အသိအမှတ်ပြုမှုကို ရယူပြီး စစ်မှန်တဲ့ သူရဲကောင်းတစ်ယောက် ဖြစ်လာမလားဆိုတာကို ရင်တမမနဲ့ ကြည့်ရှုရမယ့် Action ကားကောင်းတစ်ကား ဖြစ်ပါတယ်။

ရိုးရိုးတန်းတန်း တိုက်ခိုက်တာမျိုးထက် ဇာတ်ရှိန် အတက်အကျတွေ၊ လူ့အဖွဲ့အစည်းရဲ့ အမြင်တွေကို စိန်ခေါ်မယ့် ဒရာမာတွေနဲ့ပါ မြိုင်မြိုင်ဆိုင်ဆိုင် ပေါင်းစပ်ထားတာဖြစ်လို့ Action ကားကောင်း ရှားနေချိန်မှာ ခုပဲ လက်မလွတ်တမ်း ကြည့်ရှုလိုက်ကြပါဦးစို့။

Genre ….. Action
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 983.83MB / 1.8GB
Review ….. Venus
Translator ….. Venus
Encoder ….. N.A.S

Rainbow Channel

Original title 战斗吧木兰

ads

Similar titles

Leader
Predator 2
Boss
Buddy
Fateh
Vadam
Samurai Fury
Mission: Chapter 1
Fish, Fists and Ambergris
Identity
Naa Saami Ranga
Bangkok Breaking: Heaven and Hell

Leave a comment

Name *
Add a display name
Email *
Your email address will not be published



Rainbow Movie Channel


Follow Us On