Ads
ads

Video Sources 0 Views

  • Watch trailer
System

System

May. 22, 2026India125 Min.NR
Your rating: 0
5 1 vote

Synopsis

System (2026)

“ဥပဒေဆိုတာ အမှန်တရားအတွက်လား… ဒါမှမဟုတ် အာဏာရှိသူတွေကစားတဲ့ ကစားကွင်းတစ်ခုလား…”

ကဲ… Legal Drama နဲ့ Thriller ဇာတ်ကားကောင်းကောင်း ရှာနေတဲ့ ဘော်ဒါတွေအတွက် အသစ်စက်စက် ထွက်ရှိလာတဲ့ “System” ဆိုတဲ့ ဟင်ဒီဇာတ်ကားသစ်ကြီးကို တင်ဆက်ပေးလိုက်ပါပြီ။

ဒီကားမှာဆိုရင် ကျွန်တော်တို့ရဲ့ အချစ်တော် မင်းသမီးချော Sonakshi Sinha နဲ့ တောင်ပိုင်းမင်းသမီးကြီး Jyotika တို့ အဓိက အားပြိုင်ထားတဲ့အပြင် ဝါရင့်မင်းသားကြီး Ashutosh Gowariker ကလည်း ပါဝင်အားဖြည့်ပေးထားတာပါ။ အချောအလှတွေချည်းပဲမို့ မျက်စိပသာဒဖြစ်စေမယ့်အပြင် Acting ပိုင်းကတော့ ထူးထွေပြောစရာမလိုပါဘူး။

ဇာတ်လမ်းအကျဉ်းလေးကတော့ နီဟာဟာ နာမည်ကြီးရှေ့နေကြီး ရာဗီရဲ့သမီးဖြစ်ပြီး အခွင့်ထူးခံ အစိုးရရှေ့နေမလေးတစ်ယောက်ပေါ့။ သူ့အဖေရဲ့ ဥပဒေကုမ္ပဏီမှာ Partner နေရာရဖို့အတွက် အမှု ၁၀ မှု ဆက်တိုက်နိုင်ဖို့ ကြိုးစားနေသူပါ။

တစ်နေ့မှာတော့ သူ့ဘဝထဲကို ဆင်းရဲနွမ်းပါးတဲ့ ရပ်ကွက်ကနေ လာတဲ့ တရားခွင် စာရေးမလေးဆာရီကာ ရောက်လာတဲ့အခါ… သူတို့နှစ်ယောက်ရဲ့ဘဝတွေ မထင်မှတ်ဘဲ ဆုံမှတ်တစ်ခုမှာ ပက်ပင်းတိုးပါတော့တယ်။

ကွာခြားလွန်းတဲ့ နောက်ခံဘဝတွေရှိတဲ့ မိန်းမနှစ်ယောက်ကြားက ထိတွေ့မှုတွေကနေတစ်ဆင့် အမှန်တရားနဲ့ တရားမျှတမှုဆိုတာ ငွေကြေးနဲ့ အာဏာရှိသူတွေရဲ့ လက်ထဲမှာ ဘယ်လိုပုံဖျက်ခံနေရလဲဆိုတာကို တွေ့လာရတော့တာပေါ့။

အထူးသဖြင့် နီဟာတစ်ယောက် သူ့ရဲ့ အရေးအကြီးဆုံး ၁၀ ခုမြောက် အမှုကို ရင်ဆိုင်ရတဲ့အခါ… ကိုယ့်အဖေရဲ့ ဆန္ဒကို ဆန့်ကျင်ပြီး ဆာရီကာနဲ့အတူ အမှန်တရားအတွက် ရပ်တည်မလား၊ ဒါမှမဟုတ် အာဏာနဲ့ မိသားစုအမွေအနှစ်ကိုပဲ ရွေးချယ်မလား ဖြစ်လာတဲ့အခါမှာတော့…

Courtroom Drama တွေ၊ Mystery Thriller အငွေ့အသက်လေးတွေပါတဲ့ ဇာတ်လမ်းကောင်းလေးဖြစ်လို့ “Pink” တို့ “Section 375” တို့လို ကားမျိုးတွေ ကြိုက်တတ်တဲ့သူဆိုရင် ဒီ ၂၀၂၆ ထွက် ပူပူနွေးနွေး “System” ကိုလည်း လက်မလွတ်တမ်း ရှုစားလိုက်ကြပါဦးဗျာ။

Genre ….. Thriller
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 955.16MB / 1.56GB
Review ….. Venus
Translator ….. RMC Team
Encoder ….. Ray

Rainbow Channel

ads
Original title सिस्टम
IMDb Rating 6 10 votes

Director

Cast

Sonakshi Sinha isNeha Rajvansh
Neha Rajvansh
Jyothika isSarika Rawat
Sarika Rawat
Ashutosh Gowariker isRavi Rajvansh
Ravi Rajvansh
Adinath Kothare isAlok Rajvansh
Alok Rajvansh
Aashriya Mishra isKusum Rawat
Kusum Rawat
Gaurav Pandey isAkshay Rao
Akshay Rao
Sayandeep Gupta isRaghav Shrivastav
Raghav Shrivastav
Vijayant Kohli isVikram Bajral
Vikram Bajral

ads

Similar titles

Officer on Duty
Project Wolf Hunting
Brick
The Dresden Sun
Neru
Scurry
The Train of Death
Gangland: The City of Crime
Red Label
Nadaaniyan
Dominion of Darkness
Last Breath

Leave a comment

Name *
Add a display name
Email *
Your email address will not be published



Rainbow Movie Channel


Follow Us On