Ads
ads

Video Sources 0 Views

  • Watch trailer
Maa Behen

Maa Behen

Jun. 04, 2026IndiaNR
Your rating: 0
9 1 vote

Synopsis

Maa Behen (2026)
===============

မိသားစုဆိုတာ အေးအတူပူအမျှ ဖြတ်သန်းရတာဆိုပေမဲ့ အဲဒီအပူက ရာဇဝတ်မှုဖြစ်နေရင်ရော

ပရိသတ်တွေရဲ့ အချစ်တော်၊ အခုလတ်တလော ဘောလိဝုဒ်မှာ နေရာတစ်ခု အခိုင်အမာရလာတဲ့ National Crush လေး Triptii Dimri က အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားသစ်လေးကို မိတ်ဆက်ပေးချင်ပါတယ်။

ဇာတ်လမ်းအကျဉ်းလေးကတော့… “Maa Behen” (အမေနဲ့အစ်မ) ဆိုတဲ့အတိုင်း မိသားစုအတွင်းရေး၊ အထူးသဖြင့် အမျိုးသမီးတွေကြားက ရှုပ်ထွေးမှုတွေကို အခြေခံထားတာပါ။

အပြင်ပန်းကြည့်ရင် သာမန်လို ထင်ရပေမဲ့ အတွင်းမှာတော့ လျှို့ဝှက်ချက်တွေ၊ အရှုပ်အထွေးတွေနဲ့ ပြည့်နှက်နေတဲ့ မိသားစုတစ်ခု

တစ်ရက်မှာတော့ မထင်မှတ်ထားတဲ့ ပြဿနာကြီးတစ်ခု သူတို့မိသားစုဆီ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတဲ့အခါ… ပုံမှန်ဆို တစ်ယောက်နဲ့တစ်ယောက် အမြဲတွေ့တာနဲ့ ကိုက်နေကျ၊ မတည့်အတူနေ ဖြစ်နေကြတဲ့ မိသားစုဝင်တွေဟာ ဒီအရှုပ်တော်ပုံကြီးကို ဖုံးကွယ်ဖို့အတွက် မဖြစ်မနေ ပူးပေါင်းကြရပါတော့တယ်။

ဒီလို ပူးပေါင်းပြီး ပြဿနာရှင်းကြရာကနေ… ရှင်းလေ ရှင်းလေ ပိုရှုပ်လေ ဖြစ်လာတဲ့အခါ… သူတို့ရဲ့ အလွဲလွဲအချော်ချော် ကြိုးစားအားထုတ်မှုတွေက ကြည့်နေတဲ့ ပရိသတ်တွေအတွက် ရယ်စရာဖြစ်မလား၊ သွေးပျက်စရာဖြစ်မလား ဆိုတာကို သဲတမမနဲ့ ကြည့်ရှုရမှာပါ။

Black Comedy Thriller အမျိုးအစားပီပီ… ရယ်ရမလို၊ ငိုရမလို အခြေအနေတွေကြားမှာမှ Thriller ရဲ့ သဘာဝအတိုင်း ဇာတ်ရှိန်ကို တဖြည်းဖြည်း တင်သွားပြီး မထင်မှတ်ထားတဲ့ Plot Twists တွေနဲ့ ဖမ်းစားသွားမဲ့ ဇာတ်ကားမျိုးပါ။

ရိုးရိုး Thriller တွေကြည့်ရတာ ရိုးအီနေပြီ၊ ပေါ့ပေါ့ပါးပါးနဲ့ ခွီလည်းခွီရမယ်၊ ရင်လည်းခုန်ရမယ်၊ Dark လည်း Dark ဖြစ်ရမဲ့ ဘောလိဝုဒ် ဇာတ်ကားကောင်း တစ်ကားကို ရှာနေတယ်ဆိုရင်တော့ ဒီကားလေးကို လုံးဝ (လုံးဝ) လက်မလွှတ်ဖို့ တိုက်တွန်းလိုက်ပါရစေဗျာ။

Genre ….. Comedy, Thriller
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 1.13GB / 2.22GB
Review ….. Venus
Translator ….. RMC Team
Encoder ….. Ray

Rainbow Channel

Maa Behen
Maa Behen
Original title Maa Behen

ads

Similar titles

Paddington in Peru
Bhavani Ward 1997
Karikaada
Assi
Sunny Sanskari Ki Tulsi Kumari
404 Run Run
K-Ramp
Robinhood
My Daughter is a Zombie
Son of Sardaar 2
Dawood
Geethanjali Malli Vachindi

Leave a comment

Name *
Add a display name
Email *
Your email address will not be published



Rainbow Movie Channel


Follow Us On