Ads
ads

Video Sources 0 Views

  • Watch trailer
The Last Viking

The Last Viking

Oct. 09, 2025Denmark116 Min.NR
Your rating: 0
6 1 vote

Synopsis

T_h-e L-a_s-t V_i-k-i_n-g (2-0-2-5)

IMDB ⭐️ 7.3/10

“Riders of Justice” တို့ “Men & Chicken” တို့လို ကမ္ဘာကျော် Dark Comedy တွေကို ဖန်တီးခဲ့တဲ့ ဆရာကြီး Anders Thomas Jensen နဲ့ မင်းသားကြီး Mads Mikkelsen တို့ ပြန်ပေါင်းထားတဲ့ hidden treasure ဇာတ်ကားလေး

Mads Mikkelsen ကို Hannibal လို လူကြမ်းကြီးအဖြစ်ပဲ မြင်ဖူးရင် ဒီကားမှာ ပါးစပ်အဟောင်းသား ဖြစ်သွားစေရမဲ့ကားမျိုးပေါ့ဗျာ။ လုံးဝကို မတူညီတဲ့ကာရိုက်တာတစ်ခုအနေနဲ့ မြင်တွေ့ရမှာဖြစ်ပြီး Mads Mikkelsen မှဟုတ်ရဲ့လားဆိုပြီး မမှတ်မိနိုင်လောက်အောင် သရုပ်ဆောင်ပိုင်နိုင်ချက်က လက်ဖျားခါလောက်တဲ့ဇာတ်ကားမျိုး။

ဇာတ်လမ်းအစမှာ ထောင်ကလွတ်လာတဲ့ ဘဏ်ဓားပြ အန်ကာတစ်ယောက် အပြင်ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းဆိုသလို ပြဿနာတက်ပါတော့တယ်။ သူဓားပြတိုက်ထားတဲ့ ပိုက်ဆံတွေကို ဘယ်နားဝှက်ထားလဲဆိုတာ သိတဲ့သူက သူ့အစ်ကို မန်ဖရက် တစ်ယောက်တည်း

ဖြစ်ပုံကလည်း ဒီငွေတွေကို ထောင်မကျခင် သူကိုယ်တိုင်ပဲ သူ့အစ်ကိုမန်ဖရက်ကို ဝှက်ခိုင်းထားခဲ့တာ

ခက်တာက အစ်ကိုလုပ်တဲ့သူက စိတ်ဒဏ်ရာတွေရပြီး ငါက ဒီခေတ်လူ မဟုတ်ဘူး၊ ငါက ဗိုက်ကင်းကွ ဆိုပြီး ကိုယ်တူစိတ်ခွဲရောဂါနဲ့ ရူးနေတဲ့သူ

ခုပြန်တွေ့တော့လည်း သူ့ကိုယ်သူ ဂျွန်လန်နွန်လို့ထင်နေပြီး မန်ဖရက်ဘဝနဲ့ပတ်သက်တဲ့မှတ်ဉာဏ်တွေမရှိတော့ အန်ကာတစ်ယောက် အကြံအိုက်နေရပါပြီ။

ဒီလိုနဲ့ အန်ကာခမျာ ပိုက်ဆံလိုချင်လွန်းလို့ သူ့အစ်ကိုရဲ့ ကမ္ဘာထဲအထိ လိုက်ဝင်၊ ရူးချင်ယောင်ဆောင်ပြီး အစ်ကို့မှတ်ဉာဏ်ကို ပြန်နှိုက်ဖို့ ကြိုးစားရတော့တာပေါ့။

ညီအစ်ကိုနှစ်ယောက် ပိုက်ဆံရှာပုံတော် ဖွင့်ရင်း၊ ဗိုက်ကင်းလိုလို လူမိုက်လိုလို အဆိုတော်ကြီးလိုလိုနဲ့ လွဲချော်နေတဲ့ ဖြစ်ရပ်တွေက တကယ်ကို ရယ်ရခက် ငိုရခက်ပါပဲ။

ညီအစ်ကို သံယောဇဉ်၊ ငွေ၊ စိတ်ဒဏ်ရာ… ဒီသုံးခုကို မွှေနှောက်ပြီး အူတက်အောင် ရယ်ရမယ့်အပြင်၊ ဇာတ်သိမ်းပိုင်းရောက်ရင် “ငါ ဘာလို့ မျက်ရည်ဝဲနေရတာလဲ” လို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိမဲ့ Masterpiece တစ်ခုဖြစ်လို့ မကြည့်ရသေးဘူးဆိုရင်တော့ ခုပဲဒေါင်းကြည့်ဖို့အကြံပေးချင်ပါတယ်။

Genre ….. Comedy, Crime, Drama
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 952.04MB / 2.14GB
Review ….. Venus
Translator ….. Venus
Encoder ….. N.A.S

Rainbow Channel

The Last Viking
The Last Viking
The Last Viking
The Last Viking
The Last Viking
The Last Viking
The Last Viking
The Last Viking
The Last Viking
The Last Viking
Original title Den sidste viking
IMDb Rating 7.3 7,363 votes
TMDb Rating 7.1 57 votes

Director

Cast

Lars Brygmann isLothar / Keld Gerner Nielsen
Lothar / Keld Gerner Nielsen
Nicolas Bro isFlinke Flemming
Flinke Flemming
Peter Düring isAnton / Ringo
Anton / Ringo

ads

Similar titles

13 Teen
Adventures in Love & Birding
Wish Comes True
A Merry Little Ex-Mas
People We Meet on Vacation
Obsesyon
Sore: Wife from the Future
Maninilip
Mamasan
Dawood
Maaman
The Noisy Mansion

Leave a comment

Name *
Add a display name
Email *
Your email address will not be published



Rainbow Movie Channel


Follow Us On