Ads
ads

Video Sources 0 Views

  • Watch trailer
မရဏဘုရင် ကာလီ

မရဏဘုရင် ကာလီ

I MEAN IT'S BETTER THAN MARTINApr. 30, 2026India141 Min.NR
Your rating: 0
9 1 vote

Synopsis

IMDB ⭐️ 7.8/10

“လူရိုးလေးဘဝကနေ သွေးစွန်းနေတဲ့ မြေအောက်လောကရဲ့ နတ်ဆိုးတစ်ပါး ဖြစ်လာတဲ့အခါ…”

ပရိသတ်ကြီးအတွက် ဒီတစ်ခါတော့ Bollywood စတားတွေပါ အားဖြည့်ပါဝင်ထားတဲ့ အိန္ဒိယ Kannada Industry က အကြမ်းစား Action Thriller ကားသစ်ကြီးကို တင်ဆက်ပေးလိုက်ပါပြီ။

ခေါင်းဆောင်မင်းသား Dhruva Sarja အပြင် ဘောလိဝုဒ်က မင်းသားကြီး Sanjay Dutt, မင်းသမီးချော Shilpa Shetty, Nora Fatehi နဲ့ ကျွန်တော်တို့ မြန်မာပရိသတ်တွေ ယင်ကောင်ကားထဲက ဗီလိန်မင်းသားကြီးလို့ ရင်းနှီးပြီးသားဖြစ်တဲ့ Sudeepa တို့ပါ ပါဝင်ထားတာဆိုတော့ Aura Farming တွေ၊ အက်ရှင် ရှယ်ကြမ်းတာတွေကတော့ ပြောစရာမလိုအောင်ကို လန်းနေမှာ အသေအချာပါပဲ။

ဇာတ်လမ်းအကျဉ်းလေးကတော့… ကာလီဒါစာ (ခေါ်) ကာလီ (သို့) KD ဆိုတာ ရပ်ကွက်ထဲမှာ ရေနံဆီရောင်းရင်း မိသားစုနဲ့ အေးအေးချမ်းချမ်း နေချင်တဲ့ ရည်မှန်းချက်သေးသေးလေးတွေပဲရှိတဲ့ သာမန် လူငယ်လေးတစ်ယောက်ပါ။

ဒါပေမဲ့ ကံကြမ္မာက သူ့ကို အေးဆေးပေးမနေပါဘူး။ မထင်မှတ်ထားတဲ့ အလွဲအချော်တွေနဲ့ ပြင်ပအခြေအနေတွေကြောင့် အင်အားကြီးတဲ့ ရာဇဝတ်ဂိုဏ်းတွေနဲ့ ထိပ်တိုက်တိုးပါတော့တယ်။

တစ်ဖက်မှာ သူအားကျရတဲ့ မြေအောက်လောကရဲ့ ဘုရင်ကြီး ဒါ့ခ်ဒေဗာ နောက်တစ်ဖက်မှာ တရားမျှတမှုကို ချစ်မြတ်နိုးတဲ့ သူ့ရဲ့ အစ်ကိုအရင်း ဒါမာ နဲ့ သူချစ်ရတဲ့ ကောင်မလေး လက်ရှ်မီး… ဒီလို ရှုပ်ထွေးနေတဲ့ ပတ်သက်မှုတွေကြားမှာ ကာလီ တစ်ယောက် ဘယ်လို ရုန်းကန်ရမလဲ။

မိသားစုကို ကာကွယ်ဖို့၊ သစ္စာဖောက်တွေကို ရှင်းထုတ်ဖို့နဲ့ လက်စားချေဖို့အတွက် ဘဝကို ခပ်ပေါ့ပေါ့ ဖြတ်သန်းနေတဲ့ အောက်ခြေက ကောင်လေးတစ်ယောက် သွေးသံရဲရဲနဲ့ ရာဇဝတ်လောကထဲကို ခြေစုံပစ်ဝင်သွားတဲ့အခါ… “နတ်ဆိုး” လို့ တင်စားရတဲ့ KD အဖြစ် ဘယ်လို အသွင်ပြောင်းသွားမလဲ ဆိုတာကိုတော့

KGF တို့ Salaar တို့လို ကားမျိုးတွေ ထွက်လေ့ရှိတဲ့ Industry ကမို့ ရှယ်ဖြုတ်တဲ့အက်ရှင်ခန်းတွေ၊ သစ္စာတရားနဲ့ သစ္စာဖောက်မှုတွေကြားက လွန်ဆွဲပွဲတွေကို အမိုက်စား BGM တွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ကြည့်ရှုရမယ့် ကားကောင်းတစ်ကားပါ။ သေနတ်သံ၊ ဓားခုတ်သံတွေနဲ့ Underworld Mass Vibe ကို အပြည့်အဝ ခံစားချင်တဲ့ အက်ရှင်ပရိသတ်တွေအတွက် လုံးဝ (လုံးဝ) လက်မလွှတ်သင့်တဲ့ ကားကြီးမို့ အခုပဲ ပြေးကြည့်လိုက်ကြပါတော့ဗျာ။

Genre ….. Action, Crime, Fantasy, History
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 1.58GB / 3.01GB
Review ….. Venus
Translator ….. RMC Team
Encoder ….. Ray

Rainbow Channel

မရဏဘုရင် ကာလီ
မရဏဘုရင် ကာလီ
မရဏဘုရင် ကာလီ
မရဏဘုရင် ကာလီ
မရဏဘုရင် ကာလီ
Original title ಕೆಡಿ - ದಿ ಡೆವಿಲ್
IMDb Rating 7.9 3,357 votes
TMDb Rating 5 1 votes

Director

Prem
Director

Cast

ads

Similar titles

Brave Citizen
Kingdom
Blade Warrior of Blade Action
Haan Main Pagal Haan
Bhairavam
No Mercy
Rathnam
Jombieland
The Siege at Thorn High
Telusu Kada
The Old Guard 2
The Gangster, the Cop, the Devil

Leave a comment

Name *
Add a display name
Email *
Your email address will not be published



Rainbow Movie Channel


Follow Us On