Ads
ads

Video Sources 0 Views

  • Watch trailer
Ugly Story

Ugly Story

May. 22, 2026India123 Min.NR
Your rating: 0
7 1 vote

Synopsis

Ugly Story (2026)
===============

IMDB ⭐️ 9.3/10

ရယူလိုတာက ရမ္မက် ပိုင်ဆိုင်လိုတာက အတ္တ ပျော်ရွှင်စေချင်တာကမှ အချစ်တဲ့

အချစ်ဆိုတဲ့ လှပတဲ့အရာထဲမှာ ရမ္မက် အတ္တနဲ့ စွဲလမ်းခြင်းဆိုတဲ့အရောင်တွေ စွန်းထင်းသွားတဲ့အခါ အကျည်းတန်တဲ့ ဇာတ်လမ်းတစ်ပုဒ် ဖြစ်သွားတော့တာပါပဲ

ကဲ… Dark ဖြစ်တဲ့ Thriller တွေ၊ ခေါင်းစားရမယ့် Psychological Drama ကောင်းကောင်းလေးတွေ မျှော်နေတဲ့ ပရိသတ်ကြီးအတွက် အိန္ဒိယ Telugu ရုပ်ရှင်လောကကနေ အသစ်စက်စက် ထွက်ရှိလာတဲ့ ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။

ဇာတ်လမ်းအကျဉ်းလေးကတော့… တခြားလူတစ်ယောက်ကို ချစ်နေတဲ့ မိန်းကလေးတစ်ယောက်အပေါ် ရူးရူးမူးမူး စွဲလမ်းသွားတဲ့ အမျိုးသားတစ်ယောက်အကြောင်းကို အခြေခံထားတာပါ။

သာမန် အချစ်ဇာတ်လမ်းတွေလို မဟုတ်ဘဲ… “အချစ်မှာ အငြင်းပယ်ခံရတဲ့အခါ လူတစ်ယောက်ရဲ့ စိတ်က ဘယ်လောက်ထိ အမှောင်ကျသွားနိုင်လဲ” ဆိုတာကို ထိထိမိမိ ရိုက်ပြထားတာပါ။

ဂေါ်တမ်နဲ့ နေဟာတို့ဟာ ငယ်ချစ်ဦးတွေဆိုပေမဲ့ ကံအကြောင်းမတိုက်ဆိုင်တဲ့အတွက် နေဟာက ကာသစ်နဲ့ အလိုမတူဘဲ ယူလိုက်ရပါတော့တယ်။

ကာသစ်ကတော့ နေဟာကို ငယ်ငယ်ထဲက စွဲလမ်းခဲ့ရပေမဲ့ နေဟာအတွက်တော့ သူ့ရင်ထဲကလူဟာ ဂေါ်တမ်ပါပဲ။

ဒီလိုနဲ့ အငြင်းခံရမှုတွေကနေတဆင့် သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာက တဖြည်းဖြည်းနဲ့ ပုံမှန်မဟုတ်တော့ဘဲ အမှောင်ဘက်ခြမ်းကို ရောက်လာပါတော့တယ်။ တစ်ဖက်သတ် စွဲလမ်းမှုကြီးက အန္တရာယ်များတဲ့ လုပ်ရပ်တွေဆီကို ဦးတည်သွားတဲ့အခါ… မိန်းကလေးအတွက်ရော ဘယ်လို အိပ်မက်ဆိုးတွေ ဆောင်ကြဉ်းလာမလဲဆိုတာကတော့…

ဒီကားက ရိုးရိုးတန်းတန်း သွေးထွက်သံယို အကြမ်းပတမ်းကားမျိုး မဟုတ်ဘဲ လူတစ်ယောက်ရဲ့ စိတ်ခံစားမှု အနိမ့်အမြင့်၊ နာကျင်မှုနဲ့ အဲဒီနာကျင်မှုကနေ မွေးဖွားလာတဲ့ ရက်စက်မှုတွေကို Psychological Thriller ပုံစံနဲ့ ကြည့်နေရင် မွန်းကြပ်စရာကောင်းသလို သင်ခန်းစရာရစရာလေးတွေလည်းပါတာဖြစ်လို့ ကြည့်ရှုခံစားကြည့်လိုက်ရအောင်ပါ။

Genre ….. Drama, Romance, Thriller
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 1000.71MB / 2.19GB
Review ….. Venus
Translator ….. Venus
Encoder ….. SNNT

Rainbow Channel

Ugly Story
Original title Ugly Story
IMDb Rating 9.3 550 votes

ads

Similar titles

Param Sundari
Behold!
Sulutan
Poor Things
ဘာသာစကားအဓိကရုဏ်း
My Special One
Anaganaga Oka Raju
Psych Siddhartha
Uranus 2324
Snowpiercer
Night Carnage
Peaky Blinders: The Immortal Man

Leave a comment

Name *
Add a display name
Email *
Your email address will not be published



Rainbow Movie Channel


Follow Us On