
D_e-e_p W-a_t-e_r (2-0-2-6)
========================
IMDB ⭐️ 5.9/10
“လေယာဉ်ပျက်ကျလို့ အသက်ရှင်သွားတာ ကံကောင်းတယ်ထင်နေလား… တကယ့်အစစ်အမှန် ငရဲက ရေအောက်မှာ စောင့်နေတာပါ”
Survival Thriller အကြမ်းစား ကားကောင်းကောင်း မျှော်နေတဲ့ ဘော်ဒါတွေအတွက် ဒီနှစ် ၂၀၂၆ အသစ်စက်စက်ထွက်ထားတဲ့ ငါးမန်းကားအကြမ်းစားလေး တင်ဆက်ပေးလိုက်ပါပြီ။
ဒီကားကို ရိုက်ကူးထားတာကတော့ Die Hard 2 နဲ့ Deep Blue Sea တို့လို နာမည်ကြီး အက်ရှင်နဲ့ Survival ကားတွေကို ဖန်တီးခဲ့တဲ့ ဆရာကြီး ဒါရိုက်တာ Renny Harlin ပဲ ဖြစ်ပါတယ်။
ဒါ့အပြင် ဟောလိဝုဒ် ဝါရင့်မင်းသားကြီးတွေဖြစ်တဲ့ Aaron Eckhart နဲ့ Ben Kingsley တို့ အပြိုင်ပါဝင်အားဖြည့်ထားတာပါ။
ဇာတ်လမ်းကတော့ လော့စ်အိန်ဂျလိစ် ကနေ ရှန်ဟိုင်းကို ပျံသန်းလာတဲ့ ခရီးသည်တင် လေယာဉ်ကြီးတစ်စင်း မထင်မှတ်ဘဲ သမုဒ္ဒရာအလယ်ခေါင်မှာ ပျက်ကျရာကနေ စတင်ပါတယ်။
လေယာဉ်ပျက်ကျတဲ့ အက်ဆီးဒင့်ကြီးထဲကနေ သေရာပါးကပ်ပြီး အသက်ရှင်ကျန်ရစ်သူ တစ်စုဟာ ကယ်ဆယ်ရေးအဖွဲ့တွေကို မျှော်လင့်ရင်း သမုဒ္ဒရာပြင်ကျယ်ကြီးထဲမှာ မျှောနေကြရတာပေါ့။
ဒါပေမဲ့ ပြဿနာက အဲဒီမှာ စတာပါပဲ။ သူတို့ ရှင်သန်နိုင်ဖို့ မျှော်လင့်ချက်လေးတွေက သွေးနံ့ရလို့ ရောက်လာတဲ့ သမုဒ္ဒရာထဲက ရက်စက်ကြမ်းကြုတ်တဲ့ လူသားစား ငါးမန်းကြီးတွေရဲ့ ဝိုင်းဝန်းပိတ်ဆို့မှုကို ခံလိုက်ရတဲ့အခါ…
ကယ်ဆယ်ရေးမရောက်လာခင် လေယာဉ်ပျက်ကနေ လွတ်လာတဲ့ လူတစ်စုဟာ ငါးမန်းတွေရဲ့ အမဲလိုက်ကွင်းထဲမှာ အသက်ရှင်ဖို့ ဘယ်လို ရုန်းကန်ကြမလဲ။
“Surviving the crash is just the beginning” ဆိုတဲ့ စာသားလေးအတိုင်း ဆက်ရန်ရှိသေးတဲ့ငရဲခန်းကနေ အလွတ်ရုန်းနိုင်ပါ့မလားဆိုတာ အတူရှုစားလိုက်ရအောင်ပါခင်ဗျာ။
Genre ….. Horror, Thriller
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 1.09GB /
Review ….. Venus
Translator ….. RMC Team
Encoder ….. Ray
Rainbow Channel