
The Guardian (2026)
=================
အမေ့ကို ကယ်ဖို့ ၄၈ နာရီပဲ အချိန်ရတဲ့အခါ.. တိုက်ကွမ်ဒိုချန်ပီယံဟောင်းတစ်ယောက်ရဲ့ သက်စွန့်ဆံဖျား အက်ရှင်အမိုက်စားတွေကို ရင်တမမနဲ့ ကြည့်ရမဲ့ The Guardian..
INFINITE အဖွဲ့ဝင် Nam Woo Hyun ရဲ့ တိုက်ကွမ်ဒိုချန်ပီယံကားသစ်..
ကိုရီးယားနဲ့ ဖိလစ်ပိုင် နှစ်နိုင်ငံ ပူးပေါင်းရိုက်ကူးထားတဲ့ ဒီဇာတ်ကားမှာ အဓိကဇာတ်ကောင် ဂန်ဒိုဂျွန်းအဖြစ် INFINITE အဖွဲ့ဝင် မင်းသားချော Nam Woo Hyun က ပါဝင်ထားပြီး အရင်ကနဲ့မတူဘဲ ပြင်းပြင်းထန်ထန် ပြောင်းလဲထားတဲ့ သူ့ရဲ့ Visual နဲ့ အမိုက်စား Action Skill တွေကို မြင်တွေ့ရမှာပါ။
သူ့ရဲ့မိခင် ဂင်မီဂျင်းအဖြစ် ဝါရင့်မင်းသမီးကြီး Park Eun Hye က သရုပ်ဆောင်ထားပြီး Villain နေရာမှာ ခန့်ညားပြီး ရက်စက်တတ်တဲ့ ပုံစံနဲ့ ပရိသတ်တွေ ရင်းနှီးပြီးသား မင်းသားကြီး Han Jae Seok က ဆရာကြီး ချာဒုံချောအဖြစ် အားဖြည့်ထားသလို၊ ဖိလစ်ပိုင်မင်းသမီး Yassi Pressman (ဆန်ဒရာအဖြစ်) နဲ့ Eric Ejercito (ခိုခိုအဖြစ်) တို့ရဲ့ ပံ့ပိုးမှုတွေကလည်း ဇာတ်လမ်းကို ပိုမိုသက်ဝင်လှုပ်ရှားစေပါတယ်။
ဇာတ်လမ်းကတော့ တိုက်ကွမ်ဒိုချန်ပီယံအိပ်မက်ကို စွန့်လွှတ်ပြီး မိခင်ဖြစ်သူနဲ့အတူ ဖိလစ်ပိုင်ကို ပြောင်းရွှေ့လာတဲ့ ဒိုဂျွန်းရဲ့ ဘဝကနေ စတင်ပါတယ်။
မိခင်ဖြစ်သူ မီဂျင်းရဲ့ ပြင်းထန်တဲ့ လောင်းကစားစွဲလမ်းမှုကြောင့် ဒိုဂျွန်းတစ်ယောက် ကျောင်းထွက်ပြီး အလုပ်ကြိုးစားခဲ့ရပေမဲ့ တစ်ရက်မှာတော့ သူ့မိခင်ဟာ ကိုရီးယားရာဇဝတ်ဂိုဏ်းကြီးရဲ့ ပြန်ပေးဆွဲခြင်းကို ခံလိုက်ရပါတော့တယ်။
ရဲတွေကို အားကိုးလို့မရတဲ့ အခြေအနေမှာ မိခင်ကို ကယ်တင်ဖို့အတွက် ၄၈ နာရီအတွင်း အချိန်နဲ့အမျှ အသက်လုတိုက်ပွဲဝင်ရတဲ့အခါ..
တစ်နာရီခွဲတာ ကြာမြင့်မဲ့ ဇာတ်လမ်းတစ်လျှောက်လုံး အမိုက်စား တိုက်ခိုက်ရေးအခန်းတွေ၊ စိတ်လှုပ်ရှားစရာ ခြေရာခံလိုက်လံမှုတွေနဲ့အတူ သားအမိ သံယောဇဉ်ကို ရင်ထဲထိအောင် ခံစားရမဲ့ Thriller Feel အပြည့်နဲ့ ဇာတ်ကားဖြစ်လို့ အက်ရှင်စိမ့်စိမ့် ကြိုက်သူတွေ လက်မလွတ်သင့်ပါဘူး။
The Guardian (2026) ကို ကြည့်ရှုရင်း ဒိုဂျွန်းတစ်ယောက် မိခင်ဖြစ်သူကို အချိန်မီ ကယ်တင်နိုင်မလားဆိုတာ ရင်ခုန်စွာနဲ့ ကြည့်ရှုလိုက်ပါဦးနော်။
Genre ….. Actionn, Crime
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 793.1MB / 1.6GB
Review ….. Bom
Translator ….. Bom
Encoder ….. Ray
Rainbow Channel