Ads
ads
Ultimate Revenge

Ultimate Revenge

Mar. 05, 2026ChinaNR
Your rating: 0
6 1 vote

Synopsis

U_l-t_i-m-a_t-e R_e-v-e_n-g-e (2-0-2-6)

IMDB ⭐️ 6.5/10

“ရဲလောကမှာ တာဝန်ကအရေးကြီးလား ညီနောင် လုပ်ဖော်ကိုင်ဖက်ရဲ့အသက်ကအရေးကြီးလား တစ်ခုကိုရွေးချယ်ရတော့မယ်ဆိုရင်….”

ဟောင်ကောင် ရဲနဲ့လူမိုက် အက်ရှင်ကားကြမ်းကြမ်းတွေ မျှော်နေတဲ့ ဘော်ဒါတွေအတွက် လုံးဝ (လုံးဝ) အာလူးမဖုတ်ဘဲ အပီဖြုတ်မဲ့ 2026 အသစ်စက်စက် အက်ရှင်ကားကြီး ထွက်ရှိလာပါပြီဗျာ။

ဒီကားရဲ့ အဓိကဆွဲဆောင်မှုကတော့ Cast တွေပါပဲ။ ဟောင်ကောင်ရုပ်ရှင်လောကရဲ့ Legend ကြီးတွေဖြစ်တဲ့ မင်းသားကြီး Alex Fong နဲ့ Ray Lui တို့ နှစ် (၃၀) အကြာ ပြန်လည်ဆုံတွေ့ထားသလို၊ ဗီလိန်နေရာကနေ သေနတ်နဲ့လာလာ လက်သီးနဲ့လာလာ ရှယ်ကြမ်းပြတတ်တဲ့ မင်းသား Andy On တို့ အဓိက ပါဝင်အားဖြည့်ထားတာဆိုတော့ Action ပိုင်းကတော့ ပြောစရာမလိုအောင် အမိုက်စားပါပဲ။

ဇာတ်လမ်းအစမှာတော့ ဟောင်ကောင်ရဲ့ စည်ကားလှတဲ့ ရပ်ကွက်ကြီးထဲမှာ လက်နက်အပြည့်အစုံတပ်ဆင်ထားတဲ့ ဓားပြဂိုဏ်းတစ်ခုက ရတနာဆိုင်တွေကို ဆက်တိုက် ဝင်ရောက်စီးနင်းရာကနေ စတင်ပါတယ်။ ဒီဂိုဏ်းက သာမန် ဓားပြတွေမဟုတ်ဘဲ ရဲတွေကိုတောင် ဂရုမစိုက်ဘဲ အသေခံချမဲ့ အကြမ်းစားတွေပါ။

ဒီလို ရက်စက်ကြမ်းကြုတ်တဲ့ ဓားပြတွေကို နှိမ်နင်းဖိုအတွက် အတွေ့အကြုံရင့် ရဲအရာရှိကြီး ကျန်းကျစ်ပင်း ဦးဆောင်တဲ့ အထူးတုံပြန်ရေးအဖွဲကို တာဝန်ပေးလိုက်ပါတယ်။ ဒါပေမဲ့ သူတိုရင်ဆိုင်ရမယ့် ရန်သူတွေက နောက်ကွယ်က ကြိုးကိုင်နေတဲ့ ဦးလေးကျင်းဆိုသူနဲ့ ဓားပြရွမ်ကျော်လုံတို့ညီအစ်ကို…

ဖြစ်ချင်တော့ ဒီဓားပြတွေနဲ့ ကျန်းကျစ်ပင်းတို့က တစ်ချိန်က သွေးကြွေးကိုယ်စီရှိကြတဲ့လူတွေဖြစ်နေတဲ့အခါ

ကျဉ်းမြောင်းတဲ့ လမ်းကြိုလမ်းကြားတွေ၊ လူစည်ကားတဲ့ နေရာတွေမှာ ရဲနဲ့ ဓားပြတိုရဲ့ အပြန်အလှန် ပစ်ခတ်မှုတွေ၊ အနီးကပ် Close Combat ဖိုက်တင်ခန်းတွေကို Classic ဟောင်ကောင် အက်ရှင်ကားတွေရဲ့ Vibe အတိုင်း အသက်ရှူမှားလောက်အောင် ရင်တမမနဲ့ ရှုစားရမှာပါ။

ဘယ်သူက မုဆိုး၊ ဘယ်သူက သားကောင်ဖြစ်မလဲ… ဥပဒေဘောင်ထဲကနေ ဒီရာဇဝတ်ကောင်တွေကို အမီဖမ်းနိုင်မလား၊ ဒါမှမဟုတ် သွေးကြွေးကို သွေးနဲ့ပဲ ပြန်ဆပ်ရမလားဆိုတာ… Action Thriller ကားကောင်းကောင်း ကြိုက်တဲ့သူတွေ ဒီပိတ်ရက်မှာ မဖြစ်မနေ ကြည့်သင့်တဲ့ ကားကြီးဖြစ်လို ခုပဲ ဒေါင်းကြည့်လိုက်ကြပါတော့နော်။

Genre ….. Action, Crime
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 1.16GB / 2.16GB
Review ….. Venus
Translator ….. RMC Team
Encoder ….. N.A.S

Rainbow Channel

Original title 衝鋒: 火拼

ads

Similar titles

Petta Rap
Papa Zola: The Movie
Silence 2: The Night Owl Bar Shootout
Troll 2
Agen +62
The Red Line
Kung Fu Panda 4
The Soul-Mate
Baaghi 2
The Berlin File
4 Tigers
Venom: Let There Be Carnage

Leave a comment

Name *
Add a display name
Email *
Your email address will not be published



Rainbow Movie Channel


Follow Us On