Ads
ads
နတ်ဆိုး

နတ်ဆိုး

Your rating: 0
7 1 vote

Synopsis

နတ်ဆိုး (2026)
============

IMDB ⭐️ 8.8/10

“စကားနဲ့ပြောမလား သေနတ်နဲ့ရှင်းမလား ဘယ်ဟာပိုခရီးရောက်မလဲ”

ကန်နာဒါ (Kannada) ရုပ်ရှင်လောကရဲ့ Mass God မင်းသားကြီး Darshan ရဲ့ ပရိသတ်တွေအတွက် နှစ်ကိုယ်ကွဲ Character (Dual Role) နဲ့ အားရပါးရ မြင်တွေ့ရမယ့် Political Action Thriller အကြမ်းစား ဇာတ်ကားသစ်ကြီး ထွက်ရှိလာပါပြီ။

မင်းသမီးချော Rachana Rai နဲ့အတူ Mahesh Manjrekar, Achyuth Kumar တို့လို ဝါရင့်သရုပ်ဆောင်ကြီးတွေပါ အားဖြည့်ပါဝင်ထားတာမို့ Action ဖန်တွေ လုံးဝ လက်မလွတ်သင့်တဲ့ ကားပါပဲ။

ဇာတ်လမ်းကတော့ နိုင်ငံရေးလောကရဲ့ ထုံးစံအတိုင်း ကိုယ့်လူရင်း၊ ကိုယ့်သွေးသားတွေရဲ့ အကောက်ကြံ သစ္စာဖောက်မှုကနေ စတင်ထားပါတယ်။

ပြည်နယ်ဝန်ကြီးချုပ် ရာဂျက်ရှေခါဟာ ကိုယ့်ရဲ့ တူအရင်းတွေက နိုင်ငံရေးအာဏာလုဖို့ ထောင်ချောက်ဆင် အမှုဆင်တာကို ခံလိုက်ရပြီး အကျဉ်းကျခံလိုက်ရပါတော့တယ်။

သူ့ရဲ့ အာဏာစက် ယိမ်းယိုင်သွားတာနဲ့အမျှ ကိုယ့်ကျိုးရှာ နိုင်ငံရေးသမားတွေက တိုင်းပြည်ကို ဝါးမျိုဖို့ တာစူနေကြတဲ့ အချိန်…

အကျဉ်းကျနေတဲ့ ဝန်ကြီးချုပ်ဟာ သူ့အာဏာကို ထိန်းသိမ်းနိုင်ဖို့နဲ့ သစ္စာဖောက်တွေကို ရှင်းထုတ်ဖို့ သူအယုံကြည်ရဆုံး အကြံပေး IAS အရာရှိအငြိမ်းစားဖြစ်တဲ့ အာနန့် ကို လန်ဒန်ဆီ လျှို့ဝှက်လွှတ်လိုက်ပါတယ်။

ရည်ရွယ်ချက်ကတော့ လန်ဒန်မှာ ရောက်နေတဲ့ သူ့ရဲ့ သားဖြစ်သူ ဒါနူရှ်ကို အိန္ဒိယဆီ ပြန်ခေါ်လာပြီး ဝန်ကြီးချုပ်ရာထူးကို လွှဲပြောင်းပေးဖို့ပါပဲ။

ဒါပေမဲ့… နိုင်ငံရေးစစ်တလင်းဆိုတာ ထင်သလောက် ရိုးရှင်းမနေပါဘူး။ လန်ဒန်ကနေ ပြန်ရောက်လာမယ့် သားဖြစ်သူ ဒါနုရှ်က မဲဆွယ်စည်းရုံးရေးလုပ်ဖို့ အဆင်မပြေတဲ့ နတ်ဆိုးတစ်ကောင်ဖြစ်နေလို့ အာနန့်တစ်ယောက် ဒါနူရှ်နဲ့ရုပ်တူပြီး သရုပ်ဆောင်ကောင်းတဲ့ မင်းသားရူးလေး ခရစ်ရှ်နားကို လူစားထိုးထည့်လိုက်တဲ့အခါ သူတို့ရဲ့ကံကြမ္မာတွေ ဘယ်လိုပြောင်းလဲသွားမလဲဆိုတာကတော့…

မင်းသားကြီး Darshan ကို Dual Role (နှစ်ကိုယ်ကွဲ) အနေနဲ့ ဘယ်လို Swag တွေ၊ အက်ရှင်ခန်းတွေနဲ့ အဝကြိတ်ရမလဲဆိုတာကို ရင်တမမနဲ့ ရှုစားရမှာပါ။

တောင်ပိုင်း Mass Masala ကားတွေရဲ့ ထုံးစံအတိုင်း ပြောစရာမလိုအောင် မိုက်တဲ့ ဇာတ်လမ်းအရှိန်၊ ရင်ခုန်သံမြန်စေမယ့် BGM တွေနဲ့ အကြမ်းပတမ်း အက်ရှင်ခန်းတွေကို မြိုင်မြိုင်ဆိုင်ဆိုင် ရိုက်ပြထားတာဖြစ်လို့ Action Thriller ကားကောင်းကောင်း ကြိုက်သူတွေအတွက် အခုပဲ ကြည့်ရှုခံစားလိုက်ကြပါဦးစို့ဗျာ။

Genre ….. Action, Drama, Comedy, Romance
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 1.43
GB /
Review ….. Venus
Translator ….. RMC Team
Encoder ….. Ray

Rainbow Channel

IMDb Rating 8.8 10 votes

Director

Director

Cast

ads

Similar titles

Anaganaga Oka Raju
The Road to Nowhere
Hard Matter
Aan Paavam Pollathathu
Kartavya
F Valentine’s Day
Argylle
Thambi
Mike & Nick & Nick & Alice
အချစ်သစ်နှင့် အချစ်ဟောင်း
The Accountant 2
သက်စွန့်ဆံဖျား ကျန်းမာရေးဝန်ထမ်းများ

Leave a comment

Name *
Add a display name
Email *
Your email address will not be published



Rainbow Movie Channel


Follow Us On