
D_a-n_u-r: T_h-e L_a-s_t C-h_a-p_t-e_r (2-0-2-6)
====================================
IMDB ⭐️ 5/10
“တချို့သံယောဇဉ်တွေက သေဆုံးသွားရင်တောင် ဖြတ်တောက်လို့ မရနိုင်ဘူး…”
Indo Horror Series တွေထဲမှာ အရမ်းကို နာမည်ကြီးတဲ့ Danur ရဲ့ နောက်ဆုံးထွက် ဇာတ်ကားကြီးဖြစ်တဲ့ Danur: The Last Chapter (2026) ကို တင်ဆက်ပေးလိုက်ပါပြီ။
ရှေ့ကားတွေကို နည်းနည်းလေး ပြန်နွှေးရရင်… ငယ်ငယ်ကတည်းက သာမန်လူတွေ မမြင်ရတဲ့အရာတွေကို မြင်နိုင်စွမ်းရှိတဲ့ ရီဆာတစ်ယောက် ပီတာ၊ ဝီလျံ၊ ဂျန်ဆန် စတဲ့ တစ္ဆေသူငယ်ချင်းလေးတွေနဲ့ အတူတူ ဖြတ်သန်းရင်း ကြောက်မက်ဖွယ် ဝိညာဉ်ဆိုးတွေကို အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ရတာ ပရိသတ်တွေ မှတ်မိကြဦးမှာပါ။
ဒီ “The Last Chapter” မှာတော့ ရီဆာဟာ သူ့ရဲ့ မမြင်ရတဲ့ တစ္ဆေသူငယ်ချင်းလေးတွေနဲ့ အဆက်အသွယ်ဖြတ်ပြီး ခွဲခွာနေခဲ့တာ အတော်ကြာခဲ့ပါပြီ။
သူလည်း မမြင်ရတဲ့ လောကကြီးကို ကျောခိုင်းပြီး သာမန်လူတစ်ယောက်လို အေးအေးချမ်းချမ်း နေထိုင်နေခဲ့တာပေါ့။
ဒါပေမဲ့… ကံကြမ္မာက သူ့ကို အလွတ်မပေးခဲ့ပါဘူး။ သူ့ရဲ့ ညီမလေး ရီရီကို ချစ်သူဖြစ်သူက ရှေးဟောင်း ပြဇာတ်ရုံဟောင်းကြီးတစ်ခုထဲမှာ လက်ထပ်ခွင့်တောင်းလိုက်တဲ့ အချိန်ကစပြီး သူတို့ရဲ့ အေးချမ်းမှုတွေ ပျက်စီးသွားပါတော့တယ်။
စွန့်ပစ်ခံ ပြဇာတ်ရုံဟောင်းကြီးရဲ့ နောက်ကွယ်မှာ ဘယ်လို သွေးပျက်စရာ လျှို့ဝှက်ချက်တွေ ရှိနေမလဲ… ရီဆာတစ်ယောက် သူ့ညီမလေးကို ကယ်တင်ဖို့အတွက် ကျောခိုင်းထားခဲ့တဲ့ မမြင်ရတဲ့လောကနဲ့ ပြန်လည်ဆက်သွယ်ရမလား… သူ့ရဲ့ တစ္ဆေသူငယ်ချင်းလေးတွေကရော သူ့ကို ပြန်လာကူညီကြမှာလား ဆိုတာကို ရင်တမမနဲ့ ကြည့်ရှုရမှာပါ။
ဒီကားမှာတော့ ပရိသတ်တွေရဲ့ အချစ်တော် နာမည်ကြီး မင်းသမီးချော Prilly Latuconsina က ရီဆာအဖြစ် ပြန်လည်ပါဝင်ထားပြီး၊ JKT48 က အဆိုတော်/မင်းသမီးချော Zee Asadel နဲ့ မင်းသား Dito Darmawan တို့က အဓိက ပါဝင်အားဖြည့်ထားပါတယ်။
Supernatural Horror နဲ့ Mystery Thriller အမျိုးအစားဖြစ်လို့ အင်ဒိုသရဲကားတွေရဲ့ ထုံးစံအတိုင်း အမိုက်စား Jump scare တွေ၊ ကျောချမ်းစရာ အငွေ့အသက်တွေနဲ့ ညဘက်တစ်ယောက်တည်းကြည့်ရင် လုံးဝ အသည်းယားစေမယ့် ဇာတ်ကားကောင်းလေးမို့ အခုပဲ ရှုစားလိုက်ကြပါတော့ဗျာ။
Genre ….. Horror, Mystery, Thriller
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 791.48MB / 1.65GB
Review ….. Venus
Translator ….. RMC Team
Encoder ….. Ray
Rainbow Channel