Ads
ads
အချစ်သစ်နှင့် အချစ်ဟောင်း

အချစ်သစ်နှင့် အချစ်ဟောင်း

Jun. 04, 2026India136 Min.NR
Your rating: 0
5 1 vote

Synopsis

အချစ်သစ်နှင့် အချစ်ဟောင်း (၂၀၂၆)
===========================

IMDB ⭐️ 4.9/10

“အချစ်ဟောင်းနဲ့ လမ်းခွဲပြီးကာမှ နိုင်ငံခြားမှာ အချစ်သစ်နဲ့ တွေ့တဲ့အခါ… အတိတ်က လျှို့ဝှက်ချက်တွေက အရိပ်လို လိုက်လာတတ်တယ်”

Bollywood Drama ကောင်းကောင်းလေးတွေ သီးသန့်မျှော်တတ်ကြသူတွေအတွက် ဒီတစ်ခါတော့ ပူပူနွေးနွေး Hindi comedy-romance ဇာတ်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါပြီ။

ဟာသနဲ့ အချစ်ဇာတ်လမ်းတွေကို ပိုင်နိုင်တဲ့ ဒါရိုက်တာ David Dhawan ကိုယ်တိုင် ရိုက်ကူးထားပြီးတော့ ပုရိသတိုအသည်းစွဲ မမချောတွေဖြစ်တဲ့ Mrunal Thakur နဲ့ Pooja Hegde တိုအပြင် ခပ်ချောချောမင်းသား Varun Dhawan တို အဓိက ပါဝင်အားဖြည့်ထားတဲ့ ဇာတ်ကားလေးပါ။

ဇာတ်လမ်းအကျဉ်းလေးကတော့… ဂျက်စ် နဲ့ ဘာနီ တို ဇနီးမောင်နှံဟာ မိသားစုအစီအစဉ်နဲ့ ပတ်သက်ပြီး သဘောထားကွဲလွဲရာကနေ အိမ်ထောင်ရေး ပြိုကွဲသွားခဲ့ပါတယ်။

ဂျက်စ်က ကလေးလိုချင် ဘာနီက အနာဂတ်ကိုခိုင်မာစေချင်ရာကနေ ညှိမရတော့တဲ့အတွက် ဒီဘဝဒီမျှနဲ့ ဇာတ်သိမ်းပြီးတဲ့နောက် ဂျက်စ်တစ်ယောက် စိတ်ပြေလက်ပျောက် နိုင်ငံရပ်ခြားကို ထွက်သွားရာကနေ ကောင်မလေးတစ်ယောက်နဲ့ တွေ့ပြီး အချစ်သစ်တစ်ခုကို စတင်ဖို ကြိုးစားပါတော့တယ်။

ဒါပေမဲ့… နိုင်ငံခြားရောက်သွားတိုင်း အရာအားလုံးက ဖြောင့်ဖြူးမနေပါဘူး။ မထင်မှတ်ထားတဲ့ လျှို့ဝှက်ချက်တွေ၊ ရှုပ်ထွေးပွေလီတဲ့ ပတ်သက်မှုတွေကြားထဲ ဂျက်စ်တစ်ယောက် ဘယ်လို ဗျာများဖို့ ဖြစ်လာပါတော့တယ်။

ဒါကတော့အဆက်ဟောင်းဘာနီနဲ့ အချစ်သစ်ပရိတို့နှစ်ယောက် တစ်ပြိုင်နက် ကိုယ်ဝန်ရှိလာပြီး အဖေဖြစ်ချင်တဲ့သူ့ဆန္ဒတွေ နှစ်ဆပြည့်သွားတဲ့အခါ ဘာတွေဆက်ဖြစ်မလဲဆိုတာ ရယ်မောဖွယ်ရာ ဆက်လက်ရှုစားရမှာပါ။

Varun Dhawan ရဲ့ ပေါ့ပေါ့ပါးပါး သရုပ်ဆောင်ကွက်တွေ၊ မင်းသမီးချောနှစ်လက်ရဲ့ အလှအပတွေနဲ့အတူ အချစ်ရေး၊ အိမ်ထောင်ရေး အလွဲအချော်တွေကို အချိုးကျကျ ပေါင်းစပ်ထားတာမို ပေါ့ပေါ့ပါးပါး စိတ်အပန်းဖြေစရာ အချစ်ဟာသကားလေး တစ်ကားအနေနဲ့ ရှုစားလိုက်ကြပါဦး။

Genre ….. Comedy, Romance
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 1.35GB / 2.5GB
Review ….. Venus
Translator ….. RMC Team
Encoder ….. Ray

Rainbow Channel

အချစ်သစ်နှင့် အချစ်ဟောင်း
အချစ်သစ်နှင့် အချစ်ဟောင်း
Original title है जवानी तो इश्क होना है
IMDb Rating 4.9 11,834 votes
TMDb Rating 5.6 22 votes

Director

David Dhawan
Director

Cast

Chunky Panday isDr. Gulati
Dr. Gulati
Jimmy Shergill isJogi Randhawa
Jogi Randhawa
Mouni Roy isRasmalai
Rasmalai
Rakesh Bedi isSelfie Kumar
Selfie Kumar
Ayesha Raza Mishra isJassi's Mother
Jassi's Mother
Kubbra Sait isDr. Smita
Dr. Smita

ads

Similar titles

The Fall Guy
Crazxy
Ghost Killer
Grand Prix of Europe
Badass Ravi Kumar
Param Sundari
The Most Beautiful Girl in the World
Over Your Dead Body
Mermaid
The Idea of You
Lost in Paradise
Kesari Veer

Leave a comment

Name *
Add a display name
Email *
Your email address will not be published



Rainbow Movie Channel


Follow Us On