Ads
ads

Video Sources 0 Views

  • Watch trailer
Down to the Felt

Down to the Felt

One gambler. One hitman. Two weeks.Mar. 14, 2025USANR
Your rating: 0
8 1 vote

Synopsis

Down to the Felt (2025)

အသက်နဲ့လောင်းတဲ့ နောက်ဆုံးဖဲ

IMDB ⭐️ 5.8/10

ပေါလီဆိုတဲ့ ကံဆိုးလွန်းတဲ့ လောင်းကစားသမားတစ်ယောက်ဟာ ဖဲဝိုင်းတစ်ခုမှာ ဒေါ်လာ လေးသောင်းတောင် ရှုံးသွားခဲ့ပါတယ်။ အဲဒီအရှုံးရဲ့ ဂယက်ကြောင့် သူ့ဘဝကြီး တစ်စစီ ပြိုကွဲသွားပါတော့တယ်။ ရည်းစားဖြစ်သူကလည်း ဖြတ်၊ တိုက်ခန်းကလည်း နှင်ချခံရ၊ အလုပ်ကလည်း ပြုတ်သွားတဲ့အပြင် ဒိုင်တွေဆီမှာပါ အကြွေးတွေ ပတ်လည်ဝိုင်းသွားလို့ အမေ့အိမ်ကို ပြန်ပြောင်းနေခဲ့ရပါတယ်။

အကြွေးရှင်တွေက အသက်အန္တရာယ် ခြိမ်းခြောက်လာတဲ့အခါ ပေါလီဟာ ထွက်ပေါက်အနေနဲ့ သေဖို့ပဲ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမယ့် သူသေသွားရင် သူ့အမေ အသက်အာမခံကြေး ရသွားအောင်ဆိုပြီး သူ့ကိုယ်သူသတ်သေမယ့်အစား ကြေးစားလူသတ်သမားတစ်ယောက်ငှားပြီး နှစ်ပတ်နေရင် လာသတ်ပေးဖို့ သဘောတူညီခဲ့ကြပါတယ်။

သေရမယ့်ရက်ကိုစောင့်နေတဲ့ အဲဒီနှစ်ပတ်အတွင်းမှာပဲ ပေါလီဟာ ဘားတစ်ခုမှာ အဲရီကာ ဆိုတဲ့ အမျိုးသမီးတစ်ယောက်နဲ့ ဆုံတွေ့ပြီး ချစ်ကျွမ်းဝင်သွားပါတယ်။ အဲရီကာနဲ့ တွေ့ပြီးနောက်ပိုင်းမှာတော့ ပေါလီ့ရဲ့ ကံဇာတာတွေ ပြန်ကောင်းလာပြီး ဖဲဝိုင်းမှာလည်း ဆက်တိုက်နိုင်၊ အကြွေးတွေလည်း အကုန်ဆပ်နိုင်သွားပါတော့တယ်။

ဘဝကြီးက သာယာလာပြီဖြစ်လို့ ပေါလီတစ်ယောက် အသက်ရှင်ချင်စိတ်တွေ တဖွားဖွားပေါ်လာပါတော့တယ်။ လျှာရှည်ပြီး လူသတ်သမားငှားမိတဲ့ မောင်ပေါတစ်ယောက် ဘယ်လိုဆက်လုပ်မလဲဆိုတာကိုတော့…

Genre ….. Action, Comedy, Thriller
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 701.61MB / 1.53GB
Review ….. LL
Translator ….. LL
Encoder ….. SNNT

Rainbow Channel

Down to the Felt
Down to the Felt
Original title Down to the Felt
IMDb Rating 5.6 180 votes
TMDb Rating 6 3 votes

ads

Similar titles

Ready or Not: Here I Come
Toaster
Kadhal Reset Repeat
Bhool Bhulaiyaa 3
Aftermath
The Rip
Vicky Vidya Ka Woh Wala Video
The Merciless
What We Hide
Gangster
Fast Racing Jazz
Warrior Awang and Master Tok Gajah

Leave a comment

Name *
Add a display name
Email *
Your email address will not be published



Rainbow Movie Channel


Follow Us On