
Toxic (2026) HDRIP
================
TMDB ⭐️ 8/10
KGF Chapter 2 ပြီးကတည်းက ၄ နှစ်တိတိ ပျောက်နေခဲ့တဲ့ ကျွန်တော်တိုရဲ့ Rocking Star မင်းသားကြီး “Yash” ရဲ့ အမိုက်စား Comeback အက်ရှင်ဇာတ်ကားသစ်ကြီး ရောက်ရှိလိုလာပါပြီဗျာ။
မင်းသားကြီး Yash ရဲ့ တစ်ကိုယ်တော်အထာတွေတင်မကဘဲ ဘောလိဝုဒ်က နာမည်ကြီး မင်းသမီးချောတွေဖြစ်တဲ့ Kiara Advani, Nayanthara, Huma Qureshi နဲ့ Tara Sutaria တိုကပါ ဝန်းရံပြီး အားဖြည့်ပါဝင်ထားတာဆိုတော့ cast ပိုင်းမှာတင် ကြည့်ရတာ တန်နေပြီဖြစ်တဲ့ ဇာတ်ကားကြီးပါ။
“လူကြီးတွေအတွက် ပုံပြင် (A Fairy Tale for Grown-ups)” လို တင်စားထားတဲ့ ဒီဇာတ်လမ်းလေးကတော့ ဂိုအာမြိုရဲ့ အမှောင်ဖုံးနေတဲ့ မြေအောက်ရာဇဝတ်လောကကို အခြေတည်ထားတာပါ။ ရာယာဆိုတဲ့ ဇာတ်လိုက်ကျော်ကြီးကတော့ အာဏာနဲ့ ပါဝါကို အရူးအမူးမက်မောပြီး မြေအောက်လောကမှာ ထိပ်ဆုံးရောက်ဖို ဘာမဆိုလုပ်ရဲတဲ့သူပေါ့။
သစ္စာဖောက်မှုတွေ၊ သွေးထွက်သံယိုတွေနဲ့ ပြည့်နှက်နေတဲ့ လမ်းခရီးမှာ ရာယာတစ်ယောက် သူ့ရဲ့ ရည်မှန်းချက်တွေအတွက် ဘယ်လောက်ထိ ပေးဆပ်ရမလဲ။ ရက်စက်ကြမ်းကြုတ်တဲ့ ဂိုဏ်းစတားလောကရဲ့ အားပြိုင်မှုတွေကြားမှာ မိန်းမချောလေးတွေနဲ့ရော ဘယ်လို အချစ်ရေးအရှုပ်အထွေးတွေ ရှိနေမလဲဆိုတာကို ရင်တမမနဲ့ ရှုစားရမှာပါ။
Yash ထုံးစံအတိုင်း အကြမ်းပတမ်း အက်ရှင်ခန်းတွေ၊ Yash ရဲ့ Signature ဖြစ်တဲ့ Swag အပြည့် Aura farming တွေနဲ့အတူ Gangster Action Thriller ကောင်းကောင်းကို မျှော်နေတဲ့ ဘော်ဒါတွေအတွက် လုံးဝကို အာလူးမကြော် အပြတ်လှော်မဲ့ ကားသစ်ကြီးဖြစ်လို လက်မလွတ်တမ်းသာ ရှုစားလိုက်ကြပါတော့ဗျာ။
Genre ….. Action, Crime, Drama
Quality ….. 720P / 1080P WEB-DL (HDRIP)
File Size ….. 1.65GB /
Review ….. Venus
Translator ….. RMC Team
Encoder ….. Ray
Rainbow Channel