Ads
ads

Video Sources 0 Views

  • Watch trailer
Husbands in Action

Husbands in Action

A chaotic match, a reckless mission.Jun. 19, 2026KR107 Min.NR
Your rating: 0
8 1 vote

Synopsis

Husbands in Action (2026)
====================

TGIF လေးမှာ မိုးအေးအေးလေးနဲ့နှပ်ပြီး ခွီးလို့ရမဲ့ ဟာသအက်ရှင်ကားသစ်ကြီး..

တစ်ယောက်တည်းသော မိန်းမကို ကယ်တင်ဖို့အတွက် အရင်ယောက်ျားနဲ့ လက်ရှိယောက်ျား လက်တွဲလိုက်ရတဲ့အခါ ဘယ်လို အလွဲတွေ ဆက်ဖြစ်မလဲ..

အသစ်နဲ့အဟောင်း ဘယ်သူက ပိုကောင်းမလဲ..

မင်းသားကြီး Jin Seon-kyu နဲ့ မင်းသား Gong Myung (Filing for Love ထဲက Reaction King) တို့ရဲ့ ‘Extreme Job’ နောက်ပိုင်း ဒုတိယအကြိမ်မြောက် ပြန်လည်ဆုံတွေ့မှုနဲ့ သူတို့နှစ်ယောက်ကြားက အပြန်အလှန် ပေးလိုက်ယူလိုက်နဲ့ ဖြစ်ပေါ်လာမဲ့ အလန်းစား ‘Chemistry’..

မတူညီတဲ့ အိမ်ထောင်ရေး အဆင့်အတန်းနှစ်ခုကြားက ယောက်ျားနှစ်ယောက်ရဲ့ အားပြိုင်မှုကို ဟာသမြောက်မြောက်နဲ့ ပုံဖော်ထားတဲ့ Rescue Mission ကြီး..

ပရိသတ်ကြီးက အက်ရှင်နောက်ခံ ဟာသပေါင်းစပ်ကားတွေကိုမှ တမူထူးခြားတဲ့ ‘vibe’ မျိုးနဲ့ ခံစားကြည့်ချင်တဲ့သူလား.. ဒါဆိုရင်တော့ တဟားဟားနဲ့ ရယ်နေရမဲ့ ရုပ်ရှင်အသစ်စက်စက်လေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။

ဇနီးဖြစ်သူနဲ့ ကွာရှင်းထားတဲ့ ဝါရင့် မူးယစ်တိုက်ဖျက်ရေး စုံထောက်ကြီး ဟွမ်ချွန်းရှစ်..
ဇနီးဟောင်းရဲ့ ယောက်ျားအသစ်ဖြစ်တဲ့ နူးညံ့တဲ့ တိရစ္ဆာန်ဆေးကုဆရာဝန်လေး အီမင်ဆော့.. မျက်နှာချင်းဆိုင်လိုက်တာနဲ့ သေချာပေါက် ရန်ဖြစ်မဲ့ ဘယ်လိုမှ တွဲဖက်ကြည့်လို့ မရနိုင်တဲ့ သူတို့ကြားထဲက ရှုပ်ထွေးတဲ့ ပက်သတ်မှု..

ဒီလိုစိတ်ပျက်စရာကောင်းလှတဲ့ အခြေအနေကြားထဲမှာ ချွန်းရှစ်ရဲ့ ဇနီးဟောင်းလည်းဖြစ်၊ မင်ဆော့ရဲ့ လက်ရှိဇနီးလည်းဖြစ်တဲ့ ရှီနယ်နဲ့ သမီးလေး ယွန်းဂျူတို့ကို ဒုစရိုက်အဖွဲ့အစည်းတစ်ခုက ပြန်ပေးဆွဲသွားပြီးနောက် ပြောင်းလဲမှုတွေ ကြုံတွေ့လာရပါတော့တယ်။

တစ်ယောက်ကိုတစ်ယောက် ကြည့်မရတဲ့ ယောက်ျားနှစ်ယောက်ဟာ သူတို့အသက်ထက် ချစ်ရတဲ့ မိသားစုကို ကယ်တင်ဖို့အတွက် မလွှဲမရှောင်သာဘဲ လက်တွဲပြီး ကယ်ဆယ်ရေးမစ်ရှင်ကြီးကို စတင်ရတဲ့အခါ..

‘6/45’ လို နာမည်ကြီးကားကို ရိုက်ကူးခဲ့တဲ့ Director Park Gyu-tae ရဲ့ သေသပ်လှပတဲ့ Cinematic Style တွေနဲ့ Action ပိုင်းအလန်းစားတွေက ကြည့်ရှုသူတွေကို ရင်တဖိုဖိုနဲ့ ဟာသ feel တစ်ခုကို အပြည့်အဝ ပေးစွမ်းမှာ အသေအချာပါပဲ။

မချစ်သော်လည်း အောင့်ကာနမ်း ဆိုတဲ့ အခြေအနေမျိုးဖြစ်သွားတဲ့ ယောက်ျားနှစ်ယောက်ရဲ့ မမျှော်လင့်ထားတဲ့ Bromance Feel နဲ့ မိသားစုကို ကယ်တင်ဖို့ ကြိုးစားကြတဲ့ ရင်ခုန်စရာ Action Comedy ရုပ်ရှင်အသစ်လေးဖြစ်လို့ TGIF လေးမှာ အခုပဲ အပန်းဖြေကြည့်ရှုဖို့ လက်တို့လိုက်ပါတယ်နော်။

Genre ….. Action, Comedy
Quality ….. 720P / 1080P / 4K WEB-DL 5.1 (HEVC)
File Size ….. 975.48MB / 1.88GB / 5.5GB
Review ….. Bom
Translator ….. Bom, Verona
Encoder ….. Ray

Rainbow Channel

Husbands in Action
Husbands in Action
Husbands in Action
Husbands in Action
Husbands in Action
Husbands in Action
Husbands in Action
Husbands in Action
Husbands in Action
Original title 남편들
IMDb Rating 8.8 100 votes

Director

Park Gyu-tae
Director

Cast

Jin Sun-kyu isHwang Chung-sik
Hwang Chung-sik
Gong Myoung isLee Min-seok
Lee Min-seok
Kim Ji-seok isMa Do-jun
Ma Do-jun
Yoon Kyung-ho isKim Yong-kang
Kim Yong-kang
Lee Da-hee isHye-ran
Hye-ran
Jeon So-min isCho Ah-ra
Cho Ah-ra

ads

Similar titles

Speed Faster
Borderlands
Tazza: The High Rollers
Akhanda 2: Thaandavam
Osiris
Deadpool 2
Murder Mubarak
Twilight of the Warriors: Walled In
Detective Chinatown 1900
The Tiger’s Apprentice
Derailed
Agent

Leave a comment

Name *
Add a display name
Email *
Your email address will not be published



Rainbow Movie Channel


Follow Us On