
Splash City (2026)
===============
IMDB ⭐️ 5.5/10
လည်သူ စားစတမ်း
ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုဟာ လူတစ်ယောက်ရဲ့ အကျင့်စရိုက်အပေါ် အများကြီး သက်ရောက်နိုင်ပါတယ်။ မကောင်းတဲ့ အရာတွေက ပိုပြီး စွဲလန်းလွယ်ပြီး ရွှံ့နွံဆိုတာကလည်း ရုန်းထွက်ဖို့ ခက်ခဲပါတယ်။
ဂျူလီယန်ရဲ့ အစ်ကိုဟာ ဒီလို မူးယစ်ဆေးတွေ၊ခိုးဆိုးလုယက်မှုတွေ ရှိနေတဲ့ မကောင်းတဲ့ ပတ်ဝန်းကျင်မှာ နစ်မြုပ်နေတဲ့ ပတ္တမြားခဲ တစ်ခဲပါ။
ထူးချွန်တဲ့ ဘက်စကတ်ဘော ကစားသမားတစ်ယောက်ဖြစ်လို့ မိသားစုကရော၊ မြို့ကပါ အားထားရတဲ့ သူတစ်ယောက်ပါ။
ဒါပေမဲ့ ဂျူလီယန်ကတော့ ထူးချွန်တာလည်း ဘာမှ မရှိလို့ ပတ်ဝန်းကျင်က သူများတွေနည်းတူ ခိုးဆိုး လုယက်ပဲ လုပ်တတ်သူပါ။
မိခင်ဖြစ်သူနဲ့ အစ်ကိုဖြစ်သူက စိတ်ပူပေမဲ့ တားရင် ပိုပြီး လမ်းမှား ရောက်မှာဆိုးလို့ သဘောပေါက်လာမဲ့ အချိန်အထိ လွှတ်ထားပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဒါပေမဲ့ ကံကြမ္မာက သူတို့ မိသားစုကို ရိုက်ချက်ကြီး တစ်ခု ရိုက်ချလိုက်ပါတော့တယ်။
အစ်ကိုကြီးဖြစ်သူ အသတ်ခံလိုက်ရတာပါပဲ။
အားကိုးရမဲ့သူ၊ လမ်းပြပေးမဲ့သူ ပျောက်သွားတဲ့ ဂျူလီယန်တစ်ယောက် အမှောင်ထဲကို ပိုပြီး တိုးဝင် သွားခဲ့ရပါတော့တယ်။
အိမ်ရဲ့ တာဝန်တွေကို ပခုံးပြောင်း ထမ်းပေးခဲ့ပေမဲ့ အမေဖြစ်သူကတော့ မသန့်ရှင်းတဲ့ ငွေတွေကို သဘောမကျခဲ့ပါဘူး။
သားဖြစ်သူကို လိမ္မာစေချင်စိတ်၊ ကောင်းစားစေချင်ဇောနဲ့ ဆုံးမလိုက်တာက သားဖြစ်သူအတွက်တော့ အနာကို တုတ်နဲ့ ထိုးသလိုပါပဲ။
ဒီအချိန်မှာပဲ အစ်ကိုကြီး ဖြစ်သူရဲ့ ငယ်သူငယ်ချင်း ဂိုဏ်းခေါင်းဆောင် တစ်ယောက်ရဲ့ အကူအညီကို လက်ခံရင်း တကယ်တမ်း လမ်းပေါ်က ဘဝကို ဖြတ်သန်းရင်းနဲ့မှ အစ်ကိုကြီး ဖြစ်သူရဲ့ သေဆုံးမှု နောက်ကွယ်က လက်သည်နဲ့ သူ ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ ရွှံ့နွံထဲ ရောက်နေမှန်း သိလိုက်ရတဲ့အခါ…
Genre ….. Crime, Thriller
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 693.29MB / 1.57GB
Review ….. Kera
Translator ….. Kera
Encoder ….. Ray
Rainbow Channel