
Renegade Immortal: Battle of the Immortal Slayer
=======================================
“ကောင်းကင်ဘုံက ငါ့ကို တားဆီးမယ်ဆိုရင်… အဲဒီကောင်းကင်ဘုံကို ငါဖျက်ဆီးပစ်မယ်”
TMDB ⭐️ 7.3/10
Cultivation Donghua 3D ကားကောင်းကောင်းမျှော်နေတဲ့ ဘော်ဒါတွေအတွက်၊ အထူးသဖြင့် 仙逆 ဖန်တွေအတွက် ရင်ခုန်စရာ သတင်းကောင်းတစ်ခုနဲ့အတူ Renegade Immortal Movie 2 ကြီး ထွက်ရှိလာပါပြီ။
အရင် ၂၀၂၅ တုန်းကထွက်ခဲ့တဲ့ Renegade Immortal: Battle of Gods ရုပ်ရှင်ကားကို မှတ်မိကြဦးမှာပါ။ အဲဒီတုန်းက မိသားစုကို ဆုံးရှုံးခဲ့ရတဲ့ ဝမ်လင်တစ်ယောက် သူချစ်ရတဲ့ လီမူဝမ်လေးကို ကယ်တင်ဖို့အတွက် အသက်ကိုရင်းပြီး နတ်ဘုရားတွေ၊ ရန်သူတွေနဲ့ ရင်ဆိုင်ခဲ့ရတာကိုး။ လီမူဝမ်ရဲ့ ဝိညာဉ်လေး ပျက်စီးမသွားအောင် သေမင်းကိုတောင် အန်တုပြီး ကြိုးစားခဲ့တဲ့ ဝမ်လင်ရဲ့ အချစ်နဲ့ စွန့်လွှတ်မှုက ပရိသတ်တွေကို မျက်ရည်ချူနိုင်ခဲ့တာပေါ့လေ
ဒီ ၂၀၂၆ ဒုတိယပိုင်းမှာတော့…
ဝမ်လင်တစ်ယောက် လီမူဝမ်ကို ပြန်လည်အသက်သွင်းဖို့အတွက် သူ့ရဲ့လမ်းစဉ်ကို ဆက်လျှောက်နေဆဲပါ။ ဒါပေမဲ့ ဒီတစ်ခါ သူရင်ဆိုင်ရမဲ့ ရန်သူတွေက သာမန်မဟုတ်တော့ဘဲ သွေးနတ်ဘုရားလို အင်အားကြီးမားတဲ့ ရန်သူတော်ကြီးတွေ ဖြစ်နေတဲ့အခါ…
သူ့ကို မရပ်မနား လိုက်လံသတ်ဖြတ်နေတဲ့ ရန်သူတွေကို ဝမ်လင်က သာမန်အရည်အချင်းလေးနဲ့ ဘယ်လို ဉာဏ်သုံးပြီး ပြန်လည်ချေမှုန်းမလဲ။
“နတ်ဘုရားကိုတောင် ပြန်သတ်ပြမယ်” ဆိုတဲ့ ဝမ်လင်းရဲ့ ရူးသွပ်မတတ် တိုက်ပွဲဝင်မှုတွေနဲ့အတူ သူ့ရည်မှန်းချက်အတိုင်း ဆက်လျှောက်နိုင်မလား… ဆိုတာကို ကြည့်ရှုရမှာပါ။
ဆယ်ပြားလက်ရာ Donghua 3D ကားဖြစ်တဲ့အတိုင်း အက်ရှင်ခန်းတွေ၊ Magic Power သုံးတဲ့ အခန်းတွေကတော့ CGI အလွင့်တွေနဲ့ ကြည့်ရတာ မျက်စိပသာဒ ဖြစ်စေမှာ အသေအချာပါပဲ။ Cultivation (ကျင့်စဉ်) ကားတွေရဲ့ ထုံးစံအတိုင်း အဆင့်တွေတက်လာတာ၊ ဖိုက်တင်ခန်းတွေ ကြမ်းလာတာတွေကို ရှေ့ကားတွေထက်ပိုမိုက်တဲ့ Visual တွေနဲ့ မြင်တွေ့ရမှာပါ။
Action / Fantasy ကိုမြိုင်မြိုင်ဆိုင်ဆိုင် ကြိုက်တဲ့ ဘော်ဒါတွေရော၊ Romantic ဆန်ဆန် ချစ်သူအတွက် ကမ္ဘာကြီးကိုပါ ရန်သူဖွဲ့ရဲတဲ့ ဝမ်လင်ရဲ့ Aura အပြည့်နဲ့ ကြမ်းမဲ့အခန်းတွေကို ခံစားချင်သူတွေပါ မဖြစ်မနေ ကြည့်သင့်တဲ့ ဇာတ်ကားမို့ ခုပဲ ရှုစားလိုက်ကြပါတော့ဗျာ။
Genre ….. Action, Adventure, Animation, Fantasy
Quality ….. 720P / 1080P WEB-DL AAC 5.1 (HEVC)
File Size ….. 1.09GB / 2.41GB
Review ….. Venus
Translator ….. Venus
Encoder ….. Ray
Rainbow Channel