Ads
ads

Video Sources 0 Views

  • Watch trailer
Kung Fu Soccer

Kung Fu Soccer

One kick can ignite the world.Jul. 11, 2026NA106 Min.NR
Your rating: 0
9 1 vote

Synopsis

Kung Fu Soccer (2026)
====================

IMDB ⭐️ 5.6

“ဘောလုံးကန်တယ်ဆိုတာ ယုတ္တိမရှိမှ ကြည့်လိုကောင်းတာလေ…”

ကဲ… ၂၀၀၁ တုန်းက ရုံတင်ခဲ့ပြီး တစ်ကမ္ဘာလုံးကို ရယ်မောစေခဲ့တဲ့ ဆရာကြီး Stephen Chow ရဲ့ ဂန္တဝင် Shaolin Soccer ကို မှတ်မိကြသေးလား။ အဲဒီတုန်းက သိုင်းပညာကို ဘောလုံးကန်တဲ့နေရာမှာ သုံးပြီး သိုင်းညီအစ်ကိုတွေပေါင်းပြီး ဘောလုံးလောကကို တစ်ခေတ်ဆန်းစေခဲ့တာလေးတွေပေါ့။

ဘောလုံးကန်ရင်း မီးတွေပွင့်ထွက်၊ လေဆင်နှာမောင်းတွေတိုက်၊ ဂိုးပေါက်တွေကျိုးနဲ့ အာလူးအကြီးအကျယ် ဖုတ်ခဲ့တဲ့ အားကစားဟာသကားကြီးပေါ့။

အခု ၂၅ နှစ်အကြာမှာတော့ အဲဒီ Shaolin Soccer ရဲ့ အငွေ့အသက်တွေနဲ့ Spiritual Successor အဖြစ် Stephen Chow ကိုယ်တိုင် ပြန်လည်ရိုက်ကူးထားတဲ့ “Kung Fu Soccer 2026” (aka Shaolin Women’s Soccer) ဆိုတဲ့ အသစ်စက်စက် အားကစားဟာသဇာတ်ကားကြီး ရောက်ရှိလာပါပြီ။

ဒီတစ်ခေါက်မှာတော့ ယောကျာ်းလေးအသင်းမဟုတ်တော့ဘဲ “အော်မေ” လိုခေါ်တဲ့ အမျိုးသမီး ဘောလုံးအသင်းလေးအကြောင်းကို ရိုက်ပြထားတာပါ။ အော်မေအသင်းသူလေးတွေဟာ သာမန်ဘောလုံးသမားတွေ မဟုတ်ကြဘဲ ကိုယ်စီကိုယ်စီ ထူးခြားတဲ့ သိုင်းပညာတွေကို ပိုင်ဆိုင်ထားကြသူတွေပါ။

ဒါပေမဲ့ ဘောလုံးအားကစားဆိုငယ်မှ သန်မာဖျတ်လတ်တာလို့ လူတိုင်းလက်ခံသတ်မှတ်ထားကြပေမဲ့ အော်မေအဖွဲ့ကတော့ အာဂျူးမားတစ်သိုက်စုပေါင်းထားတာဖြစ်ပြီး လူငယ်တွေအလယ်မှာ ရယ်စရာလေး သွားဖြစ်နေတာပေါ့။ သူတိုတွေ စုပေါင်းပြီးတော့ အကြိတ်အနယ်ယှဉ်ပြိုင်ရမဲ့ အကြီးမားဆုံး Ultimate Football Tournament ကြီးမှာ ဝင်ပြိုင်ကြတဲ့အခါ…

သူတိုရဲ့ သိုင်းကွက်တွေနဲ့ ဘောလုံးကွင်းထဲမှာ ဘယ်လိုတွေ ဖောင်းဒိုင်းကြဲမလဲ။ ပြိုင်ဘက်တွေကရော ဘယ်လို အောက်လုံးတွေနဲ့ တန်ပြန်မလဲဆိုတာကို အူတက်အောင်ရယ်ရမဲ့ ဇာတ်ကွက်တွေနဲ့ ရှုစားရမှာပါ။

Stephen Chow ရဲ့ Masterpiece တွေထဲကလိုပဲ ယုတ္တိမရှိတဲ့ ဟာသတွေ၊ Over the top ဖြစ်တဲ့ Action တွေ၊ ဘဝအမောပြေစေမဲ့ ရယ်စရာတွေနဲ့ အပြည့်အဝ ဖျော်ဖြေပေးမှာ အသေအချာပါပဲ။

ထူးခြားချက်အနေနဲ့ အားလုံးချစ်ကြတဲ့ Dilireba နာမည်ကြီးမင်းသမီးကြီး Carina Lau နဲ့ ဂျပန်မင်းသားချော Takeru Satoh အပြင် တခြားနာမည်ကျော် သရုပ်ဆောင်တော်တော်များများ Special Appearance အနေနဲ့ ပါဝင်အားဖြည့်ထားသေးတာမို Cast ပိုင်းကလည်း တော်တော်လေး မိုက်နေတာပါ။

ရယ်စရာ ဟာသကားကောင်းကောင်း မျှော်နေသူတွေနဲ့ Stephen Chow ရဲ့ လက်ရာဟောင်းတွေကို လွမ်းဆွတ်နေသူတွေအတွက်တော့ အဟောင်းအငွေ့အသက်လေးတွေနဲ့ လုံးဝလက်မလွတ်သင့်တဲ့ ဇာတ်ကားကြီးဖြစ်လို အခုပဲ ဒေါင်းကြည့်လိုက်ကြပါတော့ဗျာ။

Genre ….. Action, Comedy
Quality ….. 720P / 1080P WEB-DL AAC 5.1 (HEVC)
File Size ….. 1.04GB / 2.23GB / 4.6GB
Review ….. Venus
Translator ….. Venus
Encoder ….. Ray

Rainbow Channel

Kung Fu Soccer
Kung Fu Soccer
Kung Fu Soccer
Kung Fu Soccer
Original title 功夫女足
IMDb Rating 5.6 995 votes
TMDb Rating 6 37 votes

Director

Stephen Chow
Director

Cast

ads

Similar titles

Godzilla Minus One
Lucky Strike
Dawn of the Planet of the Apes
You Stole My Heart
Thambi
The Most Beautiful Girl in the World
American Warrior
Prisoner of War
Rambo
Die Hart 2: Die Harter
The Naked Gun
Anora

Leave a comment

Name *
Add a display name
Email *
Your email address will not be published



Rainbow Movie Channel


Follow Us On