
Spider Man Brand New Day (2026)
==========================
IMDB ⭐️ 8/10
“တစ်ကမ္ဘာလုံးက မင်းကို မေ့သွားရင်…”
Marvel ဖန်တွေ အထူးသဖြင့် ပင့်ကူလူသားလေးကို ချစ်တဲ့ ဘော်ဒါတွေအတွက် တကယ့်ကို စောင့်မျှော်နေရတဲ့ MCU ရဲ့ နောက်ဆုံးထွက် စပိုက်ဒီဇာတ်ကားသစ် တင်ဆက်ပေးလိုက်ပါပြီ။
အဆက်ထွက်တဲ့ကားဆိုတော့ ရှေ့ကားလေး နည်းနည်း Brief ပြန်လုပ်ရရင်… No Way Home ရဲ့ အဆုံးသတ်မှာ Multiverse ကြီး ပျက်စီးမယ့်အရေးကနေ ကယ်တင်ဖို့အတွက် Peter Parker တစ်ယောက် ကိုယ့်ကိုယ်ကိုယ် အကြီးမားဆုံး စတေးမှုတစ်ခု လုပ်ခဲ့ရတာ မှတ်မိကြဦးမှာပါ။
ဒေါက်တာစထရိန်းရဲ့ ဂါထာကြောင့် တစ်ကမ္ဘာလုံး ချစ်ရတဲ့ MJ နဲ့ အချစ်ဆုံးသူငယ်ချင်း Ned အပါအဝင် အားလုံးဟာ Peter Parker ဆိုတာကို လုံးဝ မေ့သွားခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ အထောက်အပံ့တွေ၊ နည်းပညာမြင့် Stark Tech တွေ ဘာမှမရှိတော့ဘဲ ကိုယ်တိုင်ချုပ်ထားတဲ့ ဝတ်စုံလေးနဲ့ အခန်းကျဉ်းလေးထဲမှာ အထီးကျန်ဆန်ဆန် ဘဝသစ်စခဲ့ရတဲ့ ပီတာလေးကို ရင်နင့်ဖွယ် မြင်တွေ့ခဲ့ရတာပါ။
ဒီ Brand New Day မှာတော့…
စူပါဟီးရိုးဆိုတဲ့ ဂုဏ်ပုဒ်ထက် မြေပြင်ဆင်းပြီး (Street-level) ရပ်ကွက်ထဲက လူဆိုးတွေကို နှိမ်နင်းမဲ့ တကယ့် Friendly Neighborhood Spider-Man အစစ်ကို မြင်တွေ့ရမှာပါ။
ကျောင်းစရိတ်၊ အခန်းလခရှာရင်း အလုပ်ကြိုးစားနေရတဲ့ သာမန်ကောင်လေး ပီတာပါကာ နဲ့ ရာဇဝတ်ကောင်တွေကို နှိမ်နင်းရတဲ့ ပင့်ကူလူသားကြားက ဘဝနှစ်ခုကို ဘယ်လို မျှတအောင် ဖြတ်သန်းမလဲ။
တစ်ဖက်မှာလည်း သူ့ကို မမှတ်မိတော့တဲ့ ချစ်ရသူ MJ ကို အဝေးကနေ ငေးကြည့်ရင်း အချစ်ဟောင်းကို ပြန်လည်အသက်သွင်းဖို့ ကြိုးစားမလား…
ဒါမှမဟုတ် မမျှော်လင့်ထားတဲ့ ရန်သူသစ်တွေ၊ အမှောင်လောကရဲ့ ဘုရင်တွေနဲ့ဖိုက်ဖို့ မိတ်ဖက်သစ်တွေ ရလာမှာလားဆိုတာ ရှုစားရမှာပါ။
Cast ပိုင်းမှာတော့ ကျွန်တော်တို့ရဲ့ အချစ်တော် မင်းသားချောလေး Tom Holland က ပီတာနေရာကနေ ဆက်လက် ခေါင်းဆောင်ပါဝင်ထားပြီး၊ ဇာတ်လမ်းရဲ့ အသက်သွေးကြော MJ အဖြစ် Zendaya နဲ့ old castေတွေပဲမလို့ အဆက်ကြည့်ရတာ ဖီးကြဲသွားမှာတော့မဟုတ်ပါဘူး။
ရုံတင်တုန်းကလည်း ရုံတင်ဝင်ငွေတွေကို တပွေ့တပိုက်ကြီး သိမ်းသွားခဲ့တဲ့ အလန်းဇယားဇာတ်ကားဖြစ်လို့ ခုပဲ လက်မနှေးတမ်း ရှုစားလိုက်ရအောင်ပါ။
Genre ….. Action, Adventure, Sci-Fi
Quality ….. 720P / 1080P / 4K WEB-DL AAC 5.1 (HEVC)
File Size ….. 1.29GB / 2.75GB /
Review ….. Venus
Translator ….. RMC Team
Encoder ….. Ray
Rainbow Channel
| Options | Quality | Server | Size | Clicks |
|---|---|---|---|---|
| UHD 4K 2160p | Megaup | 5.26GB | 2 | |
| UHD 4K 2160p | Yoteshinportal | 5.26GB | 2 | |
| FHD 1080p | Megaup | 2.75GB | 2 | |
| HD 720p | Megaup | 1.29GB | 3 | |
| FHD 1080p | Telegram | 2.75GB | 3 | |
| HD 720p | Telegram | 1.29GB | 2 | |
| FHD 1080p | Yoteshinportal | 2.75GB | 3 | |
| HD 720p | Yoteshinportal | 1.29GB | 2 |