
K_h-a_l-i_f-a: T_h-e R-u_l-e_r (2-0-2-6) Malayalam
=========================================
IMDB ⭐️ 6.5/10
“ရာဇပလ္လင်ဆိုတာ အမွေပေးလိုရပေမဲ့… ဩဇာအာဏာဆိုတာ တိုက်ယူမှ ရတာမျိုး”
တောင်ပိုင်းရုပ်ရှင်ချစ်သူတွေ စောင့်မျှော်နေကြတဲ့ မင်းသားကြီး Prithviraj Sukumaran ရဲ့ Mass Action Crime Thriller ကားသစ်ကြီး ရောက်ရှိလိုလာပါပြီ။
Pokkiri Raja ဇာတ်ကားအပြီး ဒါရိုက်တာ Vysakh နဲ့ Prithviraj တို ပြန်လည်လက်တွဲထားတာဖြစ်လို အက်ရှင်ခန်းတွေ ဘယ်လောက်ထိ မြိုင်ဆိုင်မလဲဆိုတာ ရင်ခုန်စရာပါပဲ။
အာမီရာအလီ ဆိုတာ ပုံမှန်အားဖြင့်တော့ အထည်လောကမှာ အေးအေးလူလူ စီးပွားရှာနေတဲ့ သာမန်ကုန်သည်လူငယ်တစ်ယောက်ပါ။
ဒါပေမဲ့ မထင်မှတ်ထားတဲ့ ပြဿနာတစ်ခုကြောင့် ဖခင်ဖြစ်သူ အဖမ်းခံလိုက်ရတဲ့အခါမှာတော့… အာမီရာ့ဘဝတစ်ခုလုံး ဇောက်ထိုးမိုးမျှော် ဖြစ်သွားပါတော့တယ်။
အဲဒီတော့မှ သူ့မိသားစုရဲ့ မျိုးရိုးစဉ်ဆက် ကြီးစိုးလာခဲ့တဲ့ နောက်ကွယ်က တကယ့်အမှန်တရားကြီး ပေါ်လာတာပေါ့။ အဲဒါကတော့ ကယ်ရာလာတင်မကဘဲ အရှေ့အလယ်ပိုင်းကနေ လန်ဒန်အထိ ကွင်းဆက်ဖြန့်ထားတဲ့ ရွှေမှောင်ခိုလောကရဲ့ အင်ပါယာကြီးတစ်ခုကို သူ့မိသားစုက ပိုင်စိုးထားတယ်ဆိုတဲ့ လျှိဝှက်ချက်ပါပဲ။
စီးပွားရေးပြိုလဲမဲ့ အန္တရာယ်၊ အတွင်းစည်းက သစ္စာဖောက်မှုတွေနဲ့ တစ်ဖက်က မူးယစ်နဲ့ မြေအောက်ဂိုဏ်းတွေရဲ့ ရန်စွယ်တွေကြားမှာ…
သာမန် အထည်ကုန်သည်ဘဝကနေ အင်ပါယာကို ကာကွယ်ဖိုအတွက် သွေးအေးရက်စက်တဲ့ မြေအောက်ရာဇာအဖြစ် အာမီရာတစ်ယောက် ဘယ်လိုပြောင်းလဲခြေချမလဲ…
Prithviraj ရဲ့ ခန့်ညားတဲ့ မာဖီးယား Aura နဲ့အတူ Neil Nitin Mukesh ကလည်း အပြိုင်ကြဲထားပြီး၊ ဇာတ်လမ်းအဆုံးသတ်ပိုင်းမှာ မထင်မှတ်ထားတဲ့ အကြီးစား Surprise ကာရိုက်တာကြီးတစ်ခုပါ ပါဝင်အားဖြည့်ထားပါသေးတယ်။
ရွှေမှောင်ခိုလောကရဲ့ မာဖီးယားအားပြိုင်မှု၊ သွေးစွန်းတဲ့ ညီအစ်ကိုသစ္စာနဲ့ အမိုက်စား BGM အောက်က Swag အပြည့် Gangster Crime Thriller ကားကောင်း ကြိုက်နှစ်သက်သူတွေ လက်မလွတ်တမ်း ရှုစားလိုက်ကြပါဦးဗျာ။
Genre ….. Action, Crime
Quality ….. 720P / 1080P WEB-DL AAC 5.1 (HEVC)
File Size ….. 1.55GB / 2.66GB
Review ….. Venus
Translator ….. RMC Team
Encoder ….. SNNT
Rainbow Channel