Ads
ads
Sing Geetham

Sing Geetham

A story that has been waiting to unfold for 40 years… A cinematic experience like never before is finally here!Jun. 12, 2026
Your rating: 0
7 1 vote

Synopsis

Sing Geetham (2026)
===============

IMDB ⭐️ 6.4/10

အိန္ဒိယရဲ့ တေလ်ဂူဘာသာစကား သီချင်းအသားပေး (Musical Fantasy/Comedy) ရုပ်ရှင်ဇာတ်ကားကြီးကို တင်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားကတော့ အသက်၉၄နှစ်အရွယ်ရှိပြီဖြစ်တဲ့ အိန္ဒိယရဲ့ ဝါရင့်ဒါရိုက်တာကြီး Singeetham Srinivasa Raoရဲ့ ၁၃နှစ်ကြာမှ ပြန်လည်ရိုက်ကူးထားတဲ့ လက်ရာဖြစ်ပါတယ်။

ပရာတပ်ဆိုတဲ့လူငယ်လေးဟာ ဖခင်ဖြစ်သူဆုံးသွားပြီးတဲ့နောက်မှာမှ သူ့ဖခင်ဟာ ကူဘီရာပူရမ်ဆိုတဲ့နေရာမှာရှိတဲ့ ရွှေမိုင်းတွင်းကြီးတစ်ခုရဲ့ ပိုင်ရှင်ဖြစ်နေကြောင်းသိခဲ့ရပါတယ်။ ဒီအကြောင်းကို သိသိချင်းပဲ ပရာတပ်ဟာ သူ့ဖခင်ပိုင်တဲ့ ရွှေမိုင်းတွင်းဆီကို သွားရောက်ခဲ့ပါတော့တယ်။ ရွှေမိုင်းတွင်းကိုရောက်တဲ့အချိန်မှာတော့ သူ့ဖခင်နဲ့ ရှယ်ယာခွဲ လက်ရှိမှာ ရွှေမိုင်းတွင်းကိုဦးစီးနေသူဟာ ဒီရွှေမိုင်းတွင်းကို ရောင်းဖို့ လုပ်နေတာကို သိခဲ့ရပါတော့တယ်။ သို့ပေမဲ့လည်း သူတို့ ရွှေမိုင်းတွင်းဟာ ရွှေမထွက်တော့ဘူးဖြစ်နေတဲ့အခါမှာ သူတို့တွေဟာ ရွှေထွက်ရာနေရာကို ရှာဖွေရင်း တူးကြည့်ဖို့လုပ်ခဲ့ကြပါတော့တယ်။

ဒီလိုနဲ့ မတူးကြည့်ရသေးတဲ့ တစ်နေရာတည်းသောနေရာက သစ်ပင်အကြီးကြီးတစ်ပင်ရှိနေတဲ့ နေရာပဲဖြစ်ပါတယ်။ ဒီသစ်ပင်ကြီးဟာတော့ ဒီဒေသမှာ တစ်ပင်တည်းသော ရှင်သန်ရာအပင်ကြီးဖြစ်ပြီး ဒီအပင်ကို ဂေါ်ရီလို့ခေါ်တဲ့ ကောင်မလေးက အရမ်းကို ချစ်မြတ်နိုးပြီးတော့ ကာကွယ်နေခဲ့ပါတယ်။

သို့ပေမဲ့လည်း လောဘဇောတွေတက်ပြီး သစ်ပင်ကြီးရှိရာနေရာမှာ ရွှေတွေတူးဖော်နိုင်မယ်ဆိုတဲ့ အထင်နဲ့ သစ်ပင်ကြီးကို ခုတ်လှဲလိုက်ရာကနေ သူတို့ရွာလေးကို ကျိန်စာဆိုးကြီးတစ်ခု ကျရောက်လို့လာခဲ့ပါတော့တယ်။ အဲဒီကျိန်စာကတော့ သူတို့တွေ ဘာကိုပဲ ပြောချင်ပါစေ သံစဉ်လေးနဲ့အတူ သီချင်းဆိုသလို ပြောမှပဲ ရတဲ့ ကျိန်စာပါ။

ကူဘီရာပူရမ်ရွာသားတွေ သီချင်းဆိုပြီးပြောမှရတဲ့ ကျိန်စာကနေ သူတို့ရဲ့ လောဘတွေကို ပြန်လည်သုံးသပ်ရင်း သဘာဝတရားနဲ့ ဘယ်လိုပြန်လည်ပြီး သဟဇာတဖြစ်အောင် နေထိုင်ပြီး ကျိန်စာကို ဖြေဖျောက်ဖို့ ကြိုးစားသွားကြမလဲဆိုတာကိုတော့ ဟာသလေးတွေနှောပြီးတော့ ကြည့်ရှုရမှာဖြစ်လို့ လက်မလွှတ်တမ်း ကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။

Genre ….. Comedy, Drama, Music, Romance
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 1.28GB / 2.66GB
Review ….. Elsa
Translator ….. RMC Team
Encoder ….. SNNT

Rainbow Channel

Original title Sing Geetham

Director

Cast

Nivetha Pethuraj isShailaja Mannem
Shailaja Mannem
Rahul Ravindran isUday Mannem
Uday Mannem
Mahesh Achanta isCompounder
Compounder
Vijay Deverakonda isBusiness Mogul
Business Mogul
Yogi Khatri isGauri’s Father
Gauri’s Father

ads

Similar titles

Snow Valley
Kaulayaw
Love OTP
Akin Ang Gabi
Gustaakh Ishq
Cloud
Little Forest
The World of Love
Down to the Felt
Dooradarshini
Mermaid
Broken Wings 2: Olivia

Leave a comment

Name *
Add a display name
Email *
Your email address will not be published



Rainbow Movie Channel


Follow Us On