
T-h-e F-lo-r-i-s-t (2026)
=================
IMDb ⭐️ 4.8/10
ပန်းသည်လေး မောင်ရိုင်ကာ
အန္တရာယ်များတဲ့ လုပ်ကြံရေးသမားဘဝကို ဇာတ်မြှုပ်နေထိုင်ပြီး အပြင်ပန်းမှာတော့
သာမန် ပန်းဆိုင်ပိုင်ရှင်လေး လုပ်နေတဲ့မောင်ရိုင်ကာ
ပန်းလေးရောင်းလိုက် မစ်ရှင်လေးလုပ်လိုက်နဲ့ သူ့အဖော် ချာလီနဲ့အတူ အဆင်ပြေနေခဲ့တာပေါ့
တစ်ရက်တော့ အကျင့်ပျက်ရဲတွေ ဦးစီးနေတဲ့ မူးယစ်မှောင်ခို ပြည့်တန်ဆာအိမ်ကို
သွားရောက်ရှင်းလင်းဖို့ အမိန့်ကျလာပြီးနောက်မှာတော့ ထင်မှတ်မထားတဲ့ ဘေးဒုက္ခတွေ ကြုံရပါတော့တယ်
အဲဒါကတော့ အကျင့်ပျက်ခြစားနေတဲ့ ရဲတွေနဲ့ မူးယစ်ဆေးဝါး ရာဇဝတ်ကွန်ရက်တစ်ခုရဲ့ လျှို့ဝှက်လုပ်ရပ်တွေကို မတော်တဆ မြင်တွေ့မိလိုက်တဲ့ ကောင်မလေး လေလာကို ကာကွယ်စောင့်ရှောက်ပေးရတဲ့ တာဝန် ရောက်ရှိလာတာပါပဲ
လောကကြီးထဲမှာ အေးအေးဆေးဆေး ရှင်သန်နေခဲ့တဲ့သူက အန္တရာယ်ကြားထဲ မိန်းကလေးငယ်ကို ကယ်တင်ဖို့အတွက် ရိုင်ကာတစ်ယောက် သူ့ရဲ့ အတိတ်က ရက်စက်ကြမ်းကြုပ်လှတဲ့ စွမ်းရည်တွေကို ပြန်လည်ထုတ်သုံးလာရပါတယ်
အဂတိလိုက်စားနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ အန္တရာယ်များလှတဲ့ ရာဇဝတ်ဂိုဏ်းတွေရဲ့ နောက်ယောင်ခံ လိုက်တာကို ခံရချိန်မှာ သူတို့နှစ်ဦး ဘယ်လိုဆက်ပြီး ရုန်းကန်လွတ်မြောက်ကြမလဲ၊
နောက်ကွယ်က ဖုံးကွယ်ထားတဲ့ ရာဇဝတ်မှုတွေကရော ဘာတွေလဲဆိုတာကို သည်းထိတ်ရင်ဖို ကြည့်ရှုရမယ့် အက်ရှင်ဇာတ်ကားကောင်း တစ်ကားဖြစ်တာမို့ တင်ဆက်ပေးလိုက်ပါတယ်ဗျာ…
Genre ….. Action, Thriller
Quality ….. 720P / 1080P WEB-DL AAC 5.1 (HEVC)
File Size ….. 896.86MB / 1.94GB
Review ….. Justin
Translator ….. Justin
Encoder ….. SNNT
Rainbow Channel