
Love in Disguise (2026) 💕🕵️♀️
=========================
Undercover လာလုပ်တာ.. Under his spell ဖြစ်သွားတယ်တို့ဘာတို့.. 🤭💘
Squidgame S2 မင်းသား Yim Si-wan နဲ့ Business Proposal ဒုတိယမင်းသမီးချော Seol In-ah တို့ အတွဲညီညီ ပြန်လည်ဆုံတွေ့လာတဲ့ ကားသစ်လေး..ဒီတစ်ခါမှာတော့ ရယ်စရာအလွဲလေးတွေအပြင် လူသတ်မှုနဲ့ လျှို့ဝှက်ချက်တွေပါ ရောနှောထားတဲ့ ဇာတ်လမ်းလေးကို ကြည့်ရှုရမှာပါ။ 😍
Taegang Group ရဲ့ အမွေဆက်ခံသူ ယွန်းအီဂျွန်း (Yim Si-wan) ဟာ ချမ်းသာကြွယ်ဝသလို အာဏာလည်းရှိတဲ့သူတစ်ယောက်.. ဒါပေမဲ့ သူ့ရဲ့ တင်းကျပ်လွန်းတဲ့ စည်းကမ်းတွေနဲ့ ထူးဆန်းတဲ့ အပြုအမူတွေကြောင့် အနီးကပ်ဆက်ဆံရသူတွေအတွက်တော့ ခေါင်းကိုက်စရာ သူဌေးတစ်ယောက်ပါပဲ။ 😅
တစ်နေ့မှာ ကုမ္ပဏီအတွင်း လူသတ်မှုတစ်ခု ဖြစ်ပွားလာပြီး ယွန်းအီဂျွန်းက အဓိကသံသယတရားခံ ဖြစ်လာခဲ့ပါတယ်။ ဒီအမှုကို ဖော်ထုတ်ဖို့ တာဝန်ယူရသူကတော့ အထူးတပ်ဖွဲ့ဝင်ဟောင်းလည်းဖြစ်၊ အခု စုံထောက်အဖြစ် လုပ်ကိုင်နေတဲ့ ဂန်ဂျယ်ဟီး (Seol In-ah) ပါ။
အမှုကို အနီးကပ်စုံစမ်းနိုင်ဖို့ သူမဟာ ယောက်ျားလေးအသွင်ပြောင်းပြီး ယွန်းအီဂျွန်းရဲ့ ကိုယ်ရေးအတွင်းရေးမှူးအဖြစ် ဝင်ရောက်ခဲ့ပါတော့တယ်။ ရည်ရွယ်ချက်ကတော့ သူဌေးရဲ့ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်ပြီး အမှုမှန်ကို ဖော်ထုတ်ဖို့ပါပဲ။ 🕵️♀️
ဒါပေမဲ့ ကိုယ်စုံစမ်းနေတဲ့သူနဲ့ နေ့တိုင်းအတူတူ အလုပ်လုပ်ရင်း.. ထင်ထားသလို မဟုတ်တဲ့ သူ့ရဲ့ပုံစံတွေကို သိလာရတဲ့အခါမှာတော့ အရာအားလုံးက ပိုပြီး ရှုပ်ထွေးလာပါတော့တယ်။ အဆိုးဆုံးကတော့ ကိုယ့်ရဲ့ အထောက်အထားကို ဖုံးကွယ်ထားရင်းနဲ့ သူဌေးရဲ့ အာရုံစိုက်မှုကိုပါ ရလာတာပါပဲ။ 🤭💗
တကယ်လို့ သူဌေးက ကိုယ့်အတွင်းရေးမှူးကို ချစ်မိသွားခဲ့ရင်.. သူ့အချစ်က ဘယ်သူ့အတွက်လဲဆိုတာ သိသွားတဲ့နေ့မှာ ဘယ်လိုတွေ ဖြစ်လာမလဲ။ အမှုမှန်ကို ဖော်ထုတ်နိုင်ပါ့မလား၊ ကိုယ့်ရဲ့ လျှို့ဝှက်ချက်ကြီးကရော ပေါ်သွားမလားဆိုတာ ရင်ခုန်စရာပါပဲနော်။ 👀💕
အချစ်နဲ့ လျှို့ဝှက်မစ်ရှင်ကြားမှာ အလွဲလေးတွေနဲ့ ရယ်မောရင်း ဇာတ်လမ်းရဲ့ နောက်ကွယ်က လျှို့ဝှက်ချက်တွေကိုပါ လိုက်ဖော်ထုတ်ရမဲ့ Love in Disguise လေးက Romance, Comedy နဲ့ Mystery ကြိုက်တဲ့သူတွေ လက်မလွှတ်သင့်တဲ့ ကားသစ်လေးပါပဲနော်။ 💖
အပိုင်း ၁၂ ပိုင်းပါဝင်ပြီး Monday နဲ့ Tuesday တိုင်း ထုတ်လွှင့်ပြသသွားမှာဖြစ်လို့ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ အတူတူစောင့်ကြည့်လိုက်ကြရအောင်နော်.. 🥰
Genre ….. Action, Adventure, Comedy, Crime, Drama
Quality ….. 720P / 1080P WEB-DL (H264)
File Size ….. 600MB / 1.2GB
Episode ….. 12
Network ….. tVN
Review ….. Bom
Translator ….. RMC K Team
Encoder ….. Ray
Rainbow Channel