
What a Boss Wants (2026) 🎸💼💗
===========================
အချစ်ထက် AI ကို ပိုစိတ်ဝင်စားတဲ့ Boss နဲ့ အချစ်သီချင်း အဆိုတော် အတွင်းရေးမှူးမလေး 😭💗
Perfect Marriage Revenge မင်းသားချော Sung Hoon၊ မင်းသမီး Oh Se-young နဲ့ CNBLUE အဖွဲ့ဝင် Lee Jung-shin တို့ ပါဝင်ထားတဲ့ Romance Comedy ကားသစ်လေး လာပါပြီ.. 😍
အရာရာကို Logic နဲ့ပဲ ဆုံးဖြတ်တတ်ပြီး အချစ်ရေးကို စိတ်မဝင်စားတဲ့ CEO ဂွမ်ဒိုဟျော့ (Sung Hoon) ဟာ ကုမ္ပဏီအတွက် AI Singer တစ်ယောက် ဖန်တီးဖို့ ကြိုးစားနေသူပါ။ တစ်နေ့မှာတော့ သူရှာဖွေနေတဲ့ အသံပိုင်ရှင်က အလုပ်လက်မဲ့မိန်းကလေး အီအွန်းချယ် (Oh Se-young) ဖြစ်နေမှန်း သိလိုက်ရပါတယ်။
နေ့ဘက်မှာ အလုပ်ရှာနေပြီး ညဘက်မှာ Indie Band ရဲ့ အဆိုတော်အဖြစ် သီချင်းဆိုနေတဲ့ အွန်းချယ်တစ်ယောက် CEO ကြီးရဲ့ အတွင်းရေးမှူးအဖြစ် သုံးလတာ အလုပ်လုပ်ဖို့ သဘောတူလိုက်တဲ့အခါ.. စည်းကမ်းတင်းကျပ်တဲ့ သူဌေးနဲ့ လွတ်လပ်ပေါ့ပါးတဲ့ ကောင်မလေးကြားမှာ ဘယ်လိုအလွဲအချော်တွေ ဖြစ်လာမလဲ.. 🤭
တစ်ဖက်မှာလည်း အွန်းချယ်ကို စိတ်ဝင်စားနေတဲ့ ကြင်နာတတ်တဲ့ ကလေးအထူးကုဆရာဝန် မူထယ်ဂယောင်း (Lee Jung-shin) ရှိနေပြန်တော့ Love Triangle လေးကလည်း ပိုပြီး စိတ်ဝင်စားစရာကောင်းလာပါတယ်.. 💕
အေးစက်တဲ့ CEO ကြီးရဲ့ နှလုံးသားကို ဘယ်သူက အရင်ဆုံး အရည်ပျော်စေမလဲ.. အလုပ်ခွင် Romance၊ Contract Relationship နဲ့ Music အရသာလေးတွေ ပေါင်းစပ်ထားတဲ့ What a Boss Wants ကို ပေါ့ပေါ့ပါးပါး ရင်ခုန်ရင်း ကြည့်ရှုလိုက်ကြရအောင်နော်.. 🎶❤️
Genre ….. Comedy, Drama
Quality ….. 720P / 1080P WEB-DL (H264)
File Size ….. 600MB / 1.2GB
Episode …… 12
Network …… MBN
Review ….. Bom
Translator ….. RMC K Team
Encoder ….. Ray
Rainbow Channel