Ads
ads

Video Sources 0 Views

  • Watch trailer
#Cult

#Cult

Oct. 30, 2026NA152 Min.NR
Your rating: 0
7 1 vote

Synopsis

#C_u-l_t (2-0-2-6) Telugu
=====================

IMDB ⭐️ 4.4/10

“ပျော်ဖိုလာတဲ့ ပါတီပွဲကြီးက… အသက်လုရမဲ့ ငရဲခန်းဖြစ်သွားတဲ့အခါ”

သွေးသံတရဲရဲနဲ့ အကြမ်းစား Slasher Thriller ကားတွေကိုမှ ကြိုက်ပါတယ်ဆိုတဲ့ ဘော်ဒါတွေအတွက် တောင်ပိုင်းရဲ့ “Mass Ka Das” မင်းသား Vishwak Sen ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး ခေါင်းဆောင်ပါဝင်ထားတဲ့ “#Cult (2026)” ဆိုတဲ့ Telugu Action Slasher ကားသစ်ကြီးကို တင်ဆက်ပေးလိုက်ပါပြီ။

ဒီကားမှာ Vishwak Sen နဲ့အတူ မင်းသမီး Gayatri Bhardwaj၊ Tarak Ponnappa နဲ့ ဝါရင့်သရုပ်ဆောင် Murali Sharma တို ပါဝင်အားဖြည့်ထားတဲ့အပြင် KGF တို Salaar တိုရဲ့ BGM ဆရာကြီး Ravi Basrur ကိုယ်တိုင် BGM တွေ ဖန်တီးပေးထားတာပါ။

ဇာတ်လမ်းလေးကိုတော့ ဂိုအာကမ်းခြေက ခမ်းနားလှတဲ့ “Cult” ဆိုတဲ့ မွေးနေ့ပါတီပွဲကြီးကနေ အစပျိုးထားပါတယ်။ ဒီပါတီကို ကျင်းပတဲ့သူကတော့ ပြည်ထဲရေးဝန်ကြီးရဲ့သားဖြစ်သူ အယ်ဗင်ဖြစ်ပြီး လူပေါင်း ၃၀၀ လောက် ဖိတ်ကြားထားတဲ့ အမိုက်စား ပါတီကြီးပေါ့။

ပျော်ပါးဖို ရောက်လာကြတဲ့ လူငယ်တစ်သိုက်နဲ့ ဧည့်သည်တွေ ပါတီထဲမှာ မြူးတူးပျော်ပါးနေတုန်း… ရုတ်တရက် စခရင်ပေါ်မှာ ဒစ်ဂျစ်တယ်အရုပ်မလေးတစ်ရုပ် ပေါ်လာပြီး ပါတီတစ်ခုလုံးကို ထိန်းချုပ်လိုက်ပါတော့တယ်။

အဲဒီအရုပ်မလေးက သူတိုအားလုံးကို ဂိမ်းတစ်ခု ကစားခိုင်းပြီး စည်းကမ်းမလိုက်နာတဲ့သူ၊ ပေါ့ပျက်ပျက်လုပ်တဲ့သူမှန်သမျှကို ရက်ရက်စက်စက် သတ်ဖြတ်ပြလိုက်ချိန်မှာတော့…

ပျော်ပွဲရွှင်ပွဲကြီးကနေ ချက်ချင်းဆိုသလို သွေးပျက်စရာ အသက်လုပွဲကြီး ဖြစ်သွားပါတော့တယ်။

ကံကောင်းချင်တော့ အဲဒီပါတီထဲမှာ DSP ရဲအရာရှိလည်း ရောက်ရှိနေခဲ့ပါတယ်။ ပုံမှန်မဟုတ်တဲ့ လူသတ်မှုတွေကို သတိထားမိသွားတဲ့ ဆန်ကယ်လ်ပ်တစ်ယောက် ဒီသွေးချောင်းစီးဂိမ်းကြီးရဲ့ နောက်ကွယ်က ကြိုးကိုင်သူက ဘယ်သူလဲ…

ဘာလို ပါတီထဲက လူတချို့ကိုပဲ ရွေးပြီး ပစ်မှတ်ထားနေတာလဲဆိုတာကို ဘယ်လိုဖော်ထုတ်သွားမလဲ။

Squid Game လို Survival Game Vibe မျိုးနဲ့ အကြမ်းပတမ်း Slasher ကို ရောမွှေထားပြီး A-rated ပေးခံထားရတဲ့အထိ သွေးထွက်သံယိုခန်းတွေ၊ အသတ်အဖြတ်ခန်းတွေက တော်တော်လေး ကြမ်းတာမို အသည်းငယ်သူတွေတော့ သတိထားကြည့်ကြဖို ကြိုပြောပါရစေ။

ရိုးရိုးတောင်ပိုင်းကားတွေနဲ့ မတူဘဲ Dark ဖြစ်ပြီး ကြမ်းကြမ်းရမ်းရမ်း Slasher Thriller ကြိုက်သူတွေအတွက်တော့ ခုပဲ ရှုစားလိုက်ကြပါဦးစို့။

Genre ….. Action, Horror, Thriller
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 1.42GB / 2.55GB
Review ….. Venus
Translator ….. RMC Team
Encoder ….. SNNT

Rainbow Channel

#Cult
#Cult
#Cult
Original title #కల్ట్
IMDb Rating 4.4 140 votes
TMDb Rating 5 1 votes

ads

Similar titles

Bungalow Section 12
Isolated
Euphoria
Maa (2025)
The Deadly Swarm
Deadly Visitor
Hard Hit
Anak Perjanjian Syaitan 2
Deep Cover
Misdirection
Pesugihan Sate Gagak
Kamaro2

Leave a comment

Name *
Add a display name
Email *
Your email address will not be published



Rainbow Movie Channel


Follow Us On