Ads
ads

Video Sources 0 Views

  • Watch trailer
Pesugihan Sate Gagak

Pesugihan Sate Gagak

Awas ketagihan.Nov. 13, 2025Indonesia105 Min.NR
Your rating: 0
8 1 vote

Synopsis

Pesugihan Sate Gagak (2-0-2-5)

“ကျီးဆာတေး”

IMDB ⭐️ 7.3/10

“လူတွေဆီမှာ ပိုက်ဆံရှာရတာ ခက်လွန်းလို့ စိတ်ညစ်နေလား… ညဘက် သရဲတွေကို အကင်ရောင်းပြီး သူဌေးဖြစ်အောင် လုပ်ကြည့်ပါလား”

အင်ဒိုဟော်ရာဆိုရင် ပြဲနေအောင် ခြောက်တဲ့ကားတွေချည်းပဲ ကြည့်ရလို့ ရိုးအီနေတဲ့ ဘော်ဒါတွေအတွက်… သရဲကားလည်းကြည့်ချင်တယ်၊ အူတက်အောင်လည်း ရယ်ချင်တယ်ဆိုတဲ့သူတွေ အကြိုက်တွေ့စေမယ့် Horror Comedy အသစ်စက်စက်လေး “Pesugihan Sate Gagak” ကို တင်ဆက်ပေးလိုက်ပါပြီ။ ဒါရိုက်တာ Etienne Caesar နဲ့ Dono Pradana တို့ ရိုက်ကူးထားတဲ့ ဒီကားမှာတော့ အင်ဒိုနာမည်ကြီး ဟာသသရုပ်ဆောင်တွေဖြစ်တဲ့ Ardit Erwandha, Yono Bakrie, Benidictus Siregar နဲ့ မင်းသမီးချောလေး Yoriko Angeline တို့က အဓိက ပါဝင်အားဖြည့်ထားပါတယ်။

ဇာတ်လမ်းကတော့ ဆင်းရဲလွန်းလို့ ဘဝကို လက်မြှောက်အရှုံးပေးချင်နေတဲ့ ငမွဲ သူငယ်ချင်း ၃ ယောက်ဖြစ်တဲ့ အန်တို၊ ဒီမက်စ် နဲ့ အင်ဒရာ တို့ကနေ စထားပါတယ်။ အန်တိုတစ်ယောက် ချစ်သူကောင်မလေး အန်ဒီနီကို လက်ထပ်ဖို့ သိန်းချီတောင်းတဲ့ တင်တောင်းငွေကို တစ်လအတွင်း ရှာရမယ့်အကြပ်အတည်းနဲ့ ရင်ဆိုင်နေရသလို၊ ဒီမက်စ်နဲ့ အင်ဒရာတို့ကလည်း အွန်လိုင်းအကြွေးတွေလည်ပင်းနစ်ပြီး ဒုက္ခရောက်နေကြတာပါ။

ပိုက်ဆံလိုချင်လွန်းလို့ ရူးမတတ်ဖြစ်နေတဲ့ သူငယ်ချင်း ၃ ယောက်ဟာ အင်ဒရာရဲ့ အဘိုးချန်ထားခဲ့တဲ့ ရှေးဟောင်းအောက်လမ်းစာအုပ်တစ်အုပ်ကို ရှာတွေ့သွားရာကနေ အလွဲတွေ စပါတော့တယ်။ အဲဒီအောက်လမ်းပညာက လူကို ယဇ်ပူဇော်စရာမလိုဘဲ ချမ်းသာစေမယ့် နည်းလမ်းဖြစ်ပြီး လုပ်ရမယ့်တစ်ခုတည်းသော အလုပ်က ညသန်းခေါင်ယံမှာ ကျီးကန်းသားကို ဆာတေးလုပ်ပြီး မကောင်းဆိုးဝါးတွေ၊ သရဲတစ္ဆေတွေကို ရောင်းချပေးဖို့ပါပဲ။

ဒီလိုနဲ့ ကြောက်ကြောက်နဲ့ စရောင်းရာကနေ ဖောက်သည် သရဲ၊ ဖုတ်ကောင်တွေ တဖွဲဖွဲလာပြီး သူတို့ ၃ ယောက်လည်း ချက်ချင်းဆိုသလို သူဌေးဖြစ်လာပါတော့တယ်။ အကြွေးတွေလည်းကြေ၊ ကောင်မလေးကိုလည်း လက်ထပ်နိုင်တော့မဲ့ အခြေအနေရောက်မှ… သရဲတွေက ကျီးကန်းအကင်ကို စွဲလမ်းသွားပြီး အချိန်အခါမရွေး လာတောင်းတဲ့အခါ၊ လောဘတက်နေတဲ့ မကောင်းဆိုးဝါး ဖောက်သည်တွေကို ဒီ ၃ ယောက် ဘယ်လို ရင်ဆိုင်မလဲ… ချမ်းသာတဲ့ဘဝကို ဆက်ရွေးမလား၊ အသက်လုပြေးရမလား ဆိုတာကတော့…

Genre ….. Comedy, Horror
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 961.08MB / 1.98GB
Review ….. Venus
Translator ….. RMC Team
Encoder ….. SNNT

Rainbow Channel

Pesugihan Sate Gagak
Pesugihan Sate Gagak
Pesugihan Sate Gagak
Pesugihan Sate Gagak
Pesugihan Sate Gagak
Pesugihan Sate Gagak
Pesugihan Sate Gagak
Pesugihan Sate Gagak
Pesugihan Sate Gagak
Original title Pesugihan Sate Gagak
IMDb Rating 7.3 46 votes
TMDb Rating 6 3 votes

Director

Cast

ads

Similar titles

My Boo 2
RV
Posthouse
Sing Geetham
I Am What I Am
Jembatan Shiratal Mustaqim
Pee Nak 4
The Butterfly House
10 Lives
Merge
The Bitter Taste
Bride Hard

Leave a comment

Name *
Add a display name
Email *
Your email address will not be published



Rainbow Movie Channel


Follow Us On