
Eat Run Love (2025)
“မြင်မြင်ခြင်းအချစ်ကို သင်ယုံစားပါသလား
အရင်ကတော့မယုံခဲ့ပါဘူး
သူ့ကိုမတွေ့ခင်အထိပေါ့”
တက္ကသိုလ်ရဲ့ရွှေမင်းသားလေးလို့ တင်စားလို့ရတဲ့ ကန်းယန်တစ်ယောက်ဟာ အလုပ်ကြိုးစားပြီး အချစ်အတွက်အချိန်မပေးနိုင်တဲ့ တင်းကျစ်ထုန်ကို မြင်မြင်ချင်းချစ်မိသွားပါတယ် နှစ်ဦးကြား မိသားစုအခြေအနေကွာခြားမှုရှိပေမဲ့ သူတို့နှစ်ဦးရဲ့ အချစ်ခရီးလမ်းဟာ ချိုမြိန်နေဆဲပါပဲ။
ဒါပေမဲ့ ကန်းယန်တစ်ယောက် မိသားစုစီးပွားရေးကျဆင်းသွားပြီးနောက် တင်းကျစ်ထုန်နဲ့ လမ်းခွဲခဲ့တယ်။ သူတို့နှစ်ယောက်လမ်းခွဲခဲ့ပြီးနောက် တင်းကျစ်ထုန်ဘဝဟာတဆစ်ချိုးပြောင်းလဲသွားခဲ့ပြီး နာကြည်းချက်များပြည့်နှက်ခဲ့ရပါတယ်။
ခြောက်နှစ်အကြာ ဘဝအချိုးအကွေ့တစ်ချက်မှာ တင်းကျစ်ထုံနဲ့ ကန်းယန်တို့နှစ်ဦးပြန်တွေ့လာခဲ့ချိန်မှာတော့ တင်းကျစ်ထုံ တစ်ယောက် ကန်းယန်ရဲ့ကုမ္ပဏီရင်းနှီးမြှုပ်မှုကိုရဖို့လိုတဲ့အခါ ဘယ်လိုမျိုးကြိုးစားမလဲ
သူတို့နှစ်ယောက်ကြားက အထုံးအဖွဲ့တွေရော ပြေလျော့နိုင်ပြီး တစ်ဦးနှင့်တစ်ဦး ပြန်လည်ပေါင်းဖက်ကြပါ့မလားဆိုတာကိုတော့ Eat Run Love drama လေးထဲမှာ ကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်
Genre ….. Drama
Episode ….. 35
Network ….. Youku
Quality ….. 720P / 1080P
Review ….. Flores
Translator ….. Flores, Max Xin
Encoder ….. N.A.S
Rainbow Channel
217 total views , 2 views today