
Missing Crown Prince (2024)
အားလုံးစောင့်မျှော်နေကြတဲ့ Exo အဖွဲ့ခေါင်းဆောင် ကင်မ်ဆူဟိုရဲ့ Missing Crown Prince ဆိုတဲ့ အသစ်စက်စက် Drama series လေး ထွက်ရှိလာပါပြီ။ အခုချိန်မှာ နန်းတွင်းကားလည်းမထွက်တာကြာပြီဆိုတော့ modern ကားတွေအလယ်မှာ ထွက််ရှိလာတဲ့ဒီကားလေးက နန်းတွင်းရဲ့အငွေ့အသက်လေးတွေကို ပြန်လည်အမှတ်ရပြီး အပန်းပြေစေမဲ့ကားလေးပါ။
ဇာတ်လမ်းအကျဉ်းလေးကတော့ Missing Crown Prince ဆိုတဲ့အတိုင်း အိမ်ရှေ့စံမင်းသားဟာ သံသယဖြစ်စရာ နန်းတွင်းအရှုပ်တော်ပုံတစ်ခုကိုစုံစမ်းရင်း ရုတ်တရက်ပျောက်ဆုံးသွားခဲ့ပါတယ်။ ပျောက်ဆုံးသွားရတဲ့အကြောင်းအရင်းကတော့ သူ့ရဲ့ဇနီးလောင်းဖြစ်သူ တော်ဝင်သမားတော်ရဲ့သမီး မြောင်ယွန်းကိုယ်တိုင်က ပြန်ပေးဆွဲလိုက်လို့ပဲဖြစ်ပါတယ်။ သူဘာကြောင့်ဒီလိုလုပ်တာလဲ၊ နန်းတွင်းအရှုပ်တော်ပုံတွေရဲ့နောက်ကွယ်က ကြိုးကိုင်သူကရော ဘယ်သူလဲဆိုတာကို ဒီစီးရီးလေးကို စောင့်ကြည့်အားပေးရင်း အဖြေရှာလိုက်ကြပါဦးနော်။
Review By K
Translated By Rainbow Channel Team
Encoded By N.A.S
249 total views , 1 views today