Pyramid Game
ဒီတစ်ခါတော့ School Life thriller စီးရီးလေးကို တင်ဆက်ပေးလိုက်ပါတယ်။
ဆောင်းဆူဂျီဟာ ဘက်ယွန်းမိန်းကလေးအထက်တန်းကျောင်းကို ပြောင်းလာတဲ့ကျောင်းသူသစ်လေးပါ။ အတန်းပိုင်ကသူ့ကို ပင်မဆောင်နဲ့သီးခြားဖြစ်နေတဲ့ အဆောင်တစ်ခုမှာ တက်ရမယ့်လို့နေရာချပေးပါတယ်။ ၀င်လလာချင်း အတန်းဖော်တွေက ထူးဆန်းတယ်လို့ ထင်မိပေမဲ့ အလိုက်သင့်ပဲနေခဲ့ပါတယ်။
တစ်ခုံတည်းအတူကျတဲ့ မြောင်ဂျာအွန်းကလည်း သူ့ကိုမလိုလားဟန်ပြပါတယ်။အနိုင့်ကျင့်ခံနေရတဲ့ မြောင်ဂျာအွန်းကို တတ်နိုင်သလောက်ကူညီခဲ့ပေမဲ့ ဆူဂျီကဘာသိဘာသာပဲနေခဲ့ပါတယ်။ ဒီလိုနဲ HR နေ့ကိုရောက်လာပါတယ်။ အတန်းထဲမှည လူကြိုက်အများဆုံးလူကို မဲပေးဆုံးဖြတ်မှာဖြစ်ပြီး မဲအနည်းဆုံးလူက တလတာအနိုင်ကျင့်ခံရတဲ့ ပစ်မှတ်ဖြစ်နေမှာပါ။ သူငယ်ချင်းလို့ ထင်ရတဲ့ သူတွေကလည်း တကယ်တမ်းတော့ ဆူဂျီ့ကိုလှည့်ကိုမကြည့်ကြပါဘူး..။ ဆူဂျီတစ်ယောက် Zero Vote နဲ့ အဆင့် F ရခဲ့ပါတော့တယ် ။ သက်သေမကျန်အောင် အနိုင်ကျင့်ကြတာမို့ ဘယ်သူမှမသိကြတဲ့ ဒီအကြမ်းဖက်မှု..ဒီစနစ်ကြီးကို ဆူဂျီ ဘယ်လိုရင်ဆိုင်သွားမလဲဆိုတာ….
WJSN အဖွဲ့က Bona က ဆူဂျီအဖြစ်ခေါင်းဆောင်ပါ၀င်ထားပါတယ်။ အပိုင်း၁၀ ပိုင်းပါ၀င်မှာဖြစ်တဲ့ Revenge Drama လေးကို ရှုစားကြပါဦး။
Review By Ariel
Translated By Rainbow Channel Team
Encoded By N.A.S
___________________________The End ____________________
Such an interesting drama!!