
Squid Game (Season 1)
Squid game Season 2 လာတော့မယ်ဆိုတော့ 1 လေး ပြန်နွှေးလိုက်ရအောင်နော်။
ထွက်ရှိချိန်မှာ ကမ္ဘာအနှံ့၀က်၀က်ကွဲအောင်မြင်ခဲ့ပြီး Golden Globe ဆုအထိရခဲ့တဲ့..ပါ၀င်တဲ့သရုပ်ဆောင်တွေလည်း ဆုအသီးသီးရရှိခဲ့ရုံအပြင် ကမ္ဘာအနှံ့မှာ အပြင်လောကမှာပါ ပုံစံမျိုးစုံနဲ့ပြန်လည်အသက်သွင်း ကစားခဲ့ကြတဲ့ ဒီ စီးရီးလေးမှာ Lee Jung-jae,Park Hae-soo,Wi Ha-joon,HoYeon Jung,O Yeong-su,Heo Sung-tae,Anupam Tripathi, Kim Joo-ryoung စတဲ့သူတွေက အသီးသီးခေါင်းဆောင်ပါ၀င်ခဲ့ကြပါတယ်။
သေမထူးနေမထူးဘ၀နဲ့ ရှင်သန်နေကြရတဲ့သူတွေအတွက် ၀မ် ၄၅.၆ ဘီလျံတန်ဖိုးရှိပိုက်ဆံဆိုတာ ဘ၀တစ်ခုကို နတ်ရေကန်ထဲချလိုက်သလို ပြောင်းသွားစေမယ့်ပမာဏဖြစ်ပေမဲ့ အဆင့်တိုင်းက အသက်နဲ့ရင်းပြီး ကစားရမယ့် ကစားပွဲတွေဖြစ်နေတဲ့အခါ…
လူ့သဘော လူမနောတွေ ကို Survival Mode အပြည့် ဂိမ်းမျိုးစုံနဲ့ ရှုစားရမယ့်ကားလေးပါ။
Special Appearance အနေနဲ့လည်းဒိတ်ဒိတ်ကြဲ Actor တွေ ပါ၀င်ပါသေးတယ်။
ဒါကြောင့် မကြည့်ရသေးသူများ ကြည့်ရှုနိုင်အောင် ကြည့်ပြီးသူများပြန်နွှေးနိုင်အောင်တင်ဆက်ပေးလိုက်ရပါတယ်။
Review By Ariel
Translated By Rainbow Channel Team
Encoded By N.A.S
ပထမအစီစဉ်မှာအောင်မြင်ပြီး ဆုကြေးရရှိသွားခဲ့တဲ့ ဆောင်းဂီဟွမ်းတစ်ယောက်က ဒီတစ်ခေါက်မှာတော့ ကင်းမွန်ဂိမ်းကိုအပြီးအပိုင်တားမြစ်ဖို့စိတ်ဆုံးဖြတ်ချက်နဲ့ ကစားပွဲကိုပြန်လည်၀င်ရောက်လာခဲ့ပါတယ်
ပြန်မဆပ်နိုင်လောက်တဲ့အကြွေးတွေနဲ့ ဒီဂိမ်းကိုပါ၀င်ဖို့ရောက်ရှိလာကြတဲ့ ပါ၀င်ယှဉ်ပြိုင်သူတွေရဲ့ လောဘကြားမှာ ဆောင်းဂီဟွန်းတစ်ယောက် ဂိမ်းရဲ့ကြိုးကိုင်သူကိုဖော်ထုတ်ပြီး ဂိမ်းကိုအပြီးအပိုင်ရပ်ပစ်နိုင်မလား….
Cast အသစ်ပေါင်းများစွာနဲ့ဒီတစ်ခေါက်အတွဲ ၂မှာတော့ စည်းမျဉ်းသစ်တွေနဲ့အတူ လောဘနဲ့ကောက်ကျစ်ယုတ်မာသူတွေ ၊
သားကောင်ဖြစ်သွားရတဲ့သူတွေရဲ့ ဂိမ်းကစားပုံတွေကို ဘယ်လိုမျိုးဇာတ်အတက်အကျနဲ့ တင်ဆက်ပေးထားလဲ ကြည့်ရှုနိုင်ပါပြီ
Review By Choco
Translated By Choco, Thu Thu
Encoded By N.A.S
3507 total views , 1 views today
Yes
I really like it, I’ve been waiting for a long time