
The Legend of ShenLi (2024)
ဒီတစ်ခါကားလေးကတော့ ကျွန်တော်တို့ အချိန်အတော်ကြာ စောင့်မျှော်နေခဲ့ရတဲ့ မမ Zhao Li Ying ရဲ့ The Legend of ShenLi ဆိုတဲ့ ကားလေးပဲဖြစ်ပါတယ်။ Princess Agents အပြီးမှာ မမ Zhao Li Ying နဲ့ ရေခဲတုံးကြီး Lin Geng Xin တို့ပြန်ဆုံတဲ့ကားလေးလည်းဖြစ်လို့ သူတို့နှစ်ယောက်ကို လွမ်းနေတဲ့သူတွေအတွက်လည်း အလွမ်းပြေနိုင်မှာပါ။
ဇာတ်လမ်းအကျဉ်းလေးကတော့ ဘုံနှစ်ခုကြား ကြာမြင့်ခဲ့တဲ့စစ်ပွဲကြီးကြောင့် ငြိမ်းချမ်းရေးလက်ထပ်ပွဲဆင်နွှဲဖို့ ဖိအားပေးခံရတဲ့အခါ လူပွေလူရှုပ်လို့ အမည်ကျော်တဲ့ သတို့သားလောင်းနဲ့ လက်မဆက်ချင်တဲ့အတွက် ShenLi တစ်ယောက် သေမျိုးလူသားဘုံဆီ ထွက်ပြေးပါတော့တယ်။ ထွက်ပြေးရင်း ထိခိုက်ဒဏ်ရာရပြီး အားနည်းနေတဲ့သူ့ကို Xing Yun လို့ခေါ်တဲ့ လူ့ပြည်ကသမားတော်လေးတစ်ယောက် ကယ်ဆယ်ခဲ့ပါတယ်။ ဒီလိုနဲ့ အတူရှိရင်း သံယောဇဉ်ကြိုးတို့ ရစ်ပတ်တွယ်ညိလာပါတော့တယ်။ နံဖူးစာရွာလည်ဆိုတဲ့အတိုင်း လူ့ပြည်က သေမျိုးလူသားတစ်ယောက်ကိုမှ သဘောကျမိပြီလို့ထင်နေတဲ့ ShenLi တစ်ယောက် သူသဘောကျမိသူဟာ အမှန်စင်စစ်မှာတော့ ရွှီးထျန်းချောက်ကို ပိတ်ဆို့ပြီး အခြေအနေအမျိုးမျိုးကြောင့် လူသားပုံစံဖြစ်နေရတဲ့ Xing Zhi ဆိုသူနတ်ဘုရားတစ်ပါးဖြစ်နေမှန်း သိလိုက်ရတဲ့အခါ…
ShenLi နဲ့ Xing Zhi တို့နှစ်ဦးရဲ့ ဖူးစာရေးလမ်းကြောင်းဟာ ဖြောင့်ဖြူးပါ့မလား… အန္တရာယ်အတားအဆီးတွေကြားကနေ ခံစားချက်တွေ ဘယ်လိုနက်ရှိုင်းလာလိမ့်မလဲ… ကိုယ်စီပခုံးထမ်းယူထားရတဲ့ တာဝန်တွေကြား ကိုယ့်ကိုယ်ကိုယ် ဦးစားပေးနိုင်ပါ့မလား ဆိုတာတွေကို The Legend of ShenLi ဆိုတဲ့ Xianxia C-drama ကားလေးမှာ ကြည့်ရှုနိုင်ပြီပဲ ဖြစ်ပါတယ်။ တစ်ပတ်လုံး ပိတ်ရက်မရှိပြသသွားမဲ့ကားလေးမို့ စောင့်မျှော်ကြည့်ရှုပေးကြပါဦးခင်ဗျာ…
Review By H
Encoded By N.A.S
1770 total views , 1 views today