Ads
ads

Video Sources 0 Views

  • Watch trailer
Messenger

Messenger

IndiaNR
Your rating: 0
5 1 vote

Synopsis

M_e-s-s_e-n_g-_er (2-0-2-6)

IMDB ⭐️ 9.5/10

လူမှုကွန်ရက်ပေါ်မှာ သူစိမ်းတစ်ယောက်ပေးတဲ့ မက်ဆေ့ခ်ျကနေ ကိုယ့်ဘဝကြီး တစ်ဆစ်ချိုးပြောင်းသွားခဲ့ရင် ဘယ်လိုလုပ်မလဲ…

ဒီတစ်ခါတော့ နည်းပညာနဲ့ Psychological thriller/Horror ကို အချိုးညီညီ ရောစပ်ထားတဲ့ ၂၀၂၅ ခုနှစ်ထွက် အိန္ဒိယ တမီလ် (Tamil) ကားသစ်လေး “Messenger” ကို မိတ်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ Rating အနေနဲ့ IMDb မှာ 9.5/10 အထိ ရထားတဲ့ ကားကောင်းလေးတစ်ခုပါ။

အချစ်ရေးမှာ အဆင်မပြေဖြစ်ပြီး စိတ်ဓာတ်တွေကျကာ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့အထိ ကြိုးစားခဲ့တဲ့ အင်ဂျင်နီယာလေး “ရှက်သီ”… သူ သေဖို့ ဆုံးဖြတ်လိုက်တဲ့အချိန်မှာပဲ Facebook မှာ “အာနန်ဒီ” ဆိုတဲ့ အကောင့်တစ်ခုကနေ မက်ဆေ့ခ်ျတွေ ဆက်တိုက် ဝင်လာပါတယ်။

ထူးဆန်းတာက အဲဒီ မက်ဆေ့ခ်ျတွေက အချိန်မီ ဝင်လာလို့ သူသေမဲ့ဘေးကနေ လွတ်ခဲ့ရတာပါ။ ဒါနဲ့ပဲ သူလည်း ကိုယ့်အသက်ကို ကယ်ပေးခဲ့တဲ့ အာနန်ဒီ ဆိုတဲ့ ကောင်မလေးကို ကျေးဇူးတင်ပြီး စကားတွေပြော၊ ရင်းနှီးလာပါတယ်။ ဒါပေမဲ့ အာနန်ဒီက သူဟာ ကားတိုက်ခံရပြီးသေသွားပြီလို့ပြောတာကို ရှက်သီကမယုံဘဲ တစ်ယောက်ယောက်က သူ့ကိုနောက်ပြောင်နေတယ်လို့ပဲ တွေးနေတာပေါ့။

တကယ့် အလှည့်အပြောင်းက သူ အာနန်ဒီကို အပြင်မှာ လိုက်ရှာဖို့ ဆုံးဖြတ်လိုက်တဲ့အချိန်မှာ စတာပါပဲ။ သူလိုက်စုံစမ်းချိန်မှာ တကယ်ပဲ အာနန်ဒီဆိုတာ ယာဉ်တိုက်မှုနဲ့ သေဆုံးသွားခဲ့ပြီဖြစ်တဲ့ သရဲမလေးတစ်ယောက် ဖြစ်နေတာကို သိလိုက်ရတဲ့အခါ…

သေသွားတဲ့သူ တစ်ယောက်က Facebook အကောင့်ကနေ ဘယ်လို မက်ဆေ့ခ်ျတွေ ပို့နေတာလဲ… အာနန်ဒီ ရဲ့ သေဆုံးမှု နောက်ကွယ်မှာ ဘာလျှို့ဝှက်ချက်တွေ ရှိနေလဲ… ရှက်သီ တစ်ယောက် ဒီအရှုပ်တော်ပုံတွေထဲကနေ ဘယ်လို ရုန်းထွက်မလဲ… ဒါမှမဟုတ် သရဲမလေးနဲ့ပဲ ဆက်ချစ်နေမလား… ဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ဆက်လက် ကြည့်ရှုရမှာပါ။

Genre ….. Crime, Thriller
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 928.86MB / 1.91GB
Review ….. Venus
Translator ….. RMC Team
Encoder ….. SNNT

Rainbow Channel

Original title மெஸன்ஜர்
IMDb Rating 8.6 578 votes

ads

Similar titles

Play Dirty
Birthrite
Timur
Anweshippin Kandethum
They Call Him OG
Parasite
Hounds of War
Pune Highway
Eddington
Dark Night
The Healing
Elevation

Leave a comment

Name *
Add a display name
Email *
Your email address will not be published



Rainbow Movie Channel


Follow Us On