
Avengers Endgame Encore ( 2026 )
===========================
IMDB ⭐️ 9/10
စက်တင်ဘာလောက်က ရုံတင်သွားတဲ့ အဗန်ဂျာအဆုံးသတ်ဂိမ်းကတော့ encore versionဆိုပြီး မူရင်းထက် ၄မိနစ်စာ scene အသစ်ပိုထည့်ထားတာလေးနဲ့ ရုံထပ်တင်ပါတယ်
ရုံတင်ရတဲ့ အကြောင်းရင်းကလည်း အကုန်လုံးစောင့်မျှော်နေကြတဲ့ ထွက်သမျှစီးရီး Movieတွေရဲ့ နောက်ဆုံးအဓိကဇာတ်ကားကြီးကို ရေလာမြောင်းသွယ်ထားတဲ့ doomsdayအတွက်ပါပဲ
ဒီအဆုံးသတ်ဂိမ်းမှာ Doomsday အတွက် ဘယ်လိုhint ဘာညာ foreshadowပဲထည့်မလား easter eggsတွေပဲ ထည့်ထားလားကတော့ ကိုယ်တိုင်ပဲ Doomsday မထွက်ခင်ပြန်နွှေးတယ် သဘောထားပြီး ကြည့်လိုက်ကြပါ
မကြည့်ရသေးတဲ့လူတွေ ရှိရင်လည်း ဇာတ်လမ်းအမြည်းကျွေးရရင်တော့ infinity warအပြီး သားနို့စ်လက်ဖျောက်တီးတာကို မတားလိုက်နိုင်တဲ့အခါ စကြာဝဠာတစ်ဝက်လည်း ပျောက်သွားပြီး သားနို့စ်ရဲ့အစီအစဉ်လည်း အောင်မြင်သွားပါတယ်
အဗန်ဂျာတွေလည်း လူမစုံတော့ဘဲ ရှိတဲ့လူနဲ့ runနေရပြီး ငါးနှစ်အကြာမှာတော့ ကမ္ဘာမှာလည်း ကိုယ့်ချစ်ရသူတွေ မရှိလည်းနေနိုင်အောင် နေနေရပြီး သူ့ဟာနဲ့သူ အကုန်လုံးအရင်လို အဆင်ပြေအောင် လည်ပတ်ဖို့ ကြိုးစားနေကြဆဲပါပဲ
ဒီလိုနဲ့တစ်နေ့မှာ လက်ဖျောက်တီးတဲ့ထဲ ပါသွားပြီ ထင်တဲ့ Ant-man ခေါ်စကော့ဟာ အဗန်ဂျာတွေရဲ့ ဂိတ်တံခါးရှေ့ကို ရုတ်တရက်ရောက်ချလာတဲ့အခါမှာတော့
ကွမ်တမ်နယ်မြေရဲ့ အချိန်အလုပ်လုပ်ပုံကိုသိသွားကြတဲ့ သူတို့တွေဟာ အကြံသစ်ထွက်ကာ အချိန်ခရီးသွားဖို့ ပြင်ကြတဲ့အခါမှာတော့…
ဒီတစ်ခါမှာတော့ End gameဆိုတဲ့အတိုင်း နောက်ဆုံးကျန်တဲ့ လူစုံတက်စုံဟာ အချိန်ခရီးသွားပြီး infinity stoneတွေကို လိုက်စုကြပါတော့တယ် သူတို့တွေအနေနဲ့ ဘယ်လိုလုပ်ဆောင်သွားကြမလဲ ဘာတွေပေးဆပ်ရမလဲ ဘယ်လိုရန်သူတွေကြုံလာရမလဲ
ဘယ်လိုsceneအသစ်တွေ ထပ်ပါလာမလဲ epic final battle ကြီးကို နောက်တစ်ကြိမ်ထပ်မြင်ရဖို့ မစောင့်နိုင်သူတွေအတွက် လက်မနှေးနေဘဲ အမြန်ဒေါင်းကြည့်လိုက်ဖို့ အကြံပေးချင်ပါတယ်ခင်ဗျာ
Genre ….. Action, Adventure, Sci-Fi, Fantasy, Sci-Fi
Quality ….. 720P / 1080P WEB-DL AAC 5.1 (HEVC)
File Size ….. 1.61GB / 3.21GB
Review ….. Light
Translator ….. RMC Team
Encoder ….. Ray
Rainbow Channel