
Avatar: Fire and Ash (2-0-2-5)
IMDB ⭐️ 7.4/10
Rotten Tomatoes 🍅 66%
“ပြာပူတွေကြားက မီးတောက်မီးလျှံတွေဟာ ရေပြာကမ္ဘာအေးချမ်းမှုတွေရဲ့ နိဂုံးဖြစ်လာမလား… “
ကဲ… Sci-Fi နဲ့ Fantasy အကြမ်းစားကြီးတွေမှ ကြိုက်ပါတယ်ဆိုတဲ့ ဘော်ဒါတွေအတွက် Box Office မှတ်တမ်းတွေကို ဝက်ဝက်ကွဲ ရိုက်ချိုးလေ့ရှိတဲ့ ဆရာကြီး James Cameron ရဲ့ Masterpiece အသစ် “Avatar 3” ကြီး ရောက်ရှိလာပါပြီဗျာ။
Avatar 1 တုန်းက Omaticaya မျိုးနွယ်စုတွေနဲ့အတူ လေထဲမှာပျံသန်းပြီး ပန်ဒိုရာဂြိုဟ်ရဲ့ တောတောင်အလှတရားတွေကို ခံစားခဲ့ရတယ်။ Part 2 (The Way of Water) မှာတော့ Metkayina မျိုးနွယ်စုတွေနဲ့အတူ ရေအောက်ကမ္ဘာရဲ့ အံ့မခန်းစွန့်စားခန်းတွေကို မျက်တောင်မခတ်တမ်း ကြည့်ခဲ့ရတာ မှတ်မိကြဦးမှာပါ။
အခု ၃ နာရီ ၁၇ မိနစ်စာ အကြာကြီး ဆွဲခေါ်သွားမဲ့ ဒီ Part 3 (Fire and Ash) မှာတော့… ပရိသတ်တွေ မျှော်လင့်မထားတဲ့ အလှည့်အပြောင်းကြီးတစ်ခုကို မြင်တွေ့ရတော့မှာပါ။
အရင်ကားတွေလို ကြင်နာတတ်၊ သဘာဝတရားကို ချစ်မြတ်နိုးတတ်တဲ့ Na’vi မျိုးနွယ်စုတွေအစား ‘Ash People’ လိုခေါ်တဲ့ မီးကိုကိုးကွယ်ပြီး ရက်စက်ကြမ်းကြုတ်တဲ့ မီးမျိုးနွယ်စုအသစ်နဲ့ ထိပ်တိုက်တွေ့ရတော့မှာပါ။
စိတ်ဝင်စားစရာအကောင်းဆုံးက ဒီတစ်ခါ ဂျိတ်ဆူဘီနဲ့ နေတီရီတို့ မိသားစု ရင်ဆိုင်ရမဲ့ အဓိက ဗီလိန်က သေနတ်ကိုင်ထားတဲ့ လူသားတွေမဟုတ်တော့ဘဲ ကိုယ်နဲ့ သွေးတူသားတူ Na’vi အချင်းချင်း ဖြစ်နေတာပါပဲ။
မီးတောက်တွေ၊ ပြာပူတွေကြားမှာ လျှို့ဝှက်ချက်တွေ၊ သစ္စာဖောက်မှုတွေနဲ့အတူ ကိုယ့်မိသားစုကို ကာကွယ်ဖို ဘယ်လို အသက်လု ရုန်းကန်ကြမလဲဆိုတာကို ရင်တမမနဲ့ ရှုစားရမှာပါ။ ဆရာကြီး James Cameron ကိုယ်တိုင် အချိန်ယူ ဖန်တီးထားတာဖြစ်လို CGI ရှယ်ဖလန်းတဲ့ အက်ရှင်ခန်းတွေနဲ့ Visual Effects တွေကတော့ ပြောစရာမလိုအောင် ရှယ်မိုက်နေဦးမှာ အသေအချာပါပဲ။
Genre ….. Adventure, Fantasy, Sci-Fi
Quality ….. 720P / 1080P WEB-DL 5.1 (HEVC) / 4K 2160p
File Size ….. 2.3GB / 4.77GB / 11.1GB
Review ….. Venus
Translator ….. RMC Team
Encoder ….. Ray
Rainbow Channel
| Options | Quality | Server | Size | Clicks |
|---|---|---|---|---|
| UHD 4K 2160p | TeraBox | 11.15GB | 52 | |
| UHD 4K 2160p | Megaup | 11.15GB | 69 | |
| UHD 4K 2160p | Megaup | 11.15GB | 91 | |
| FHD 1080p | TeraBox | 4.77GB | 128 | |
| HD 720p | TeraBox | 2.27GB | 71 | |
| HD 720p | StreamHG | 2.27GB | 93 | |
| FHD 1080p | Megaup | 4.77GB | 175 | |
| HD 720p | Megaup | 2.27GB | 149 | |
| HD 720p | Telegram | 2.27GB | 157 | |
| FHD 1080p | Yoteshinportal | 4.77GB | 142 | |
| HD 720p | Yoteshinportal | 2.27GB | 102 |
Thihatun
မင်းမင်း 4kနဲ့မတင်ပေးဘူးလာ
4kနဲ့ဆို ပိုကြည့်လို့ကောင်းမယ်😘😘😘😘
အရင်က 4k လေးတွေတင်ပေးလို့ ဒီ channel လေးကို အမြဲအားပေးနေတာ စောင့်နေပါမယ် မင်မင်တို့ရေ