
Balota (2024)
IMDb : 7.2/10
GENRE : Satire, Thriller, Drama
Language: Fillipino
တရားမျှတမှုဆီ သွားရတဲ့လမ်းဟာ ဆူးညောင့်ခလုတ်ပေါင်း ထောင်သောင်းချီရှိမှာပါပဲ။ ငွေရှိရင် အာဏာရှိတယ်ဆိုတဲ့ ခေတ်ကြီးမှာ စက်ရုံပိုင်ရှင် သူဋ္ဌေးမကြီးတစ်ဦးက မြို့တော်ဝန်ဖြစ်ဖို့ ရွေးကောက်ပွဲဝင်ပြိုင်တဲ့အခါ……
ဒီတစ်ခါမှာတော့ RMC ပရိသတ်ကြီးအတွက် ဖိလစ်ပိုင်နိုင်ငံရေးကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းလေးကတော့ ၂၀၀၇ ဖိလစ်ပိုင်ရွေးကောက်ပွဲကို အခြေတည်ထားတာပါ။ ကျောင်းဆရာမလေးတစ်ဦးဖြစ်တဲ့ အမ်မီဟာ သူ့ယောက်ျားဖြစ်သူအပါအဝင် စက်ရုံလုပ်သား ၁၂ ယောက် ဘုမသိ ဘမသိ အသတ်ခံလိုက်ရတဲ့အတွက် တရားမျှတမှုကို ပြန်လည်ရှာဖွေနေသူပါ။ ဒါပေမယ့် မထင်မှတ်ပဲ သူ့ယောက်ျား သေဆုံးမှုမှာ အဓိက သံသယရှိသူ သူဋ္ဌေးမကြီး ဟိုင်ဒယ်လ်ဂို က မြို့တော်ဝန်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့်အကြောင်း ကြားလိုက်ရတဲ့အခါ လူသတ်သမားက မြို့တော်ဝန်ဖြစ်မလာရေး ဘယ်လိုတားကြမလဲ…..
အရင်းရှင်လူတန်းစားနဲ့ သာမန်လူတန်းစားတို့အကြား အားပြိုင်မှုတွေ…..အာဏာရှင်တွေက ရဲတွေကိုပါ လာဘ်ထိုးပြီး အမ်မီတို့အသိုက်အဝန်းလေးကို ဖျက်ဆီးခိုင်းတဲ့အခါ…….. သူတို့တောင့်တခဲ့တဲ့ တကယ့်တရားမျှတမှုရော ပြန်ရပါ့မလား…… ဆင်နဲ့ ဆိတ်လောက်ကွာခြားနေတဲ့ အာဏာရှင်နဲ့ ပစ္စည်းမဲ့လူတန်းစားတို့ နှစ်ရပ်ကြား အမ်မီတို့လိုချင်တဲ့ တရားမျှတမှု ကိုရော ပြန်ပြီး အရယူနိုင်ပါ့မလားဆိုတာကို စုတ်တသပ်သပ်နဲ့ စိတ်ဝင်တစားကြည့်ရှုရမယ့်ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။
Review By Htet Shweyi
Translated By Liz, ATHET, HTET Shweyi
Encoded By N.A.S
Rainbow Channel
| Options | Quality | Server | Size | Clicks |
|---|---|---|---|---|
| HD 1080p | TeraBox | 1.83GB | 142 | |
| HD 720p | TeraBox | 972.17MB | 131 | |
| HD 1080p | StreamWish | 1.83GB | 166 | |
| HD 720p | StreamWish | 972MB | 156 | |
| HD 1080p | Telegram | 1.83GB | 137 | |
| HD 720p | Telegram | 972MB | 161 | |
| HD 1080p | RMC Server | 1.83GB | 153 | |
| HD 720p | RMC Server | 972MB | 175 | |
| HD 1080p | GDToT | 1.83GB | 159 | |
| HD 720p | GDToT | 972MB | 159 | |
| HD 1080p | Yoteshinportal | 1.83GB | 235 | |
| HD 720p | Yoteshinportal | 972MB | 116 |