Ads
ads

Video Sources 0 Views

  • Watch trailer
Agent Zeta

Agent Zeta

Mar. 20, 2026Spain133 Min.NR
Your rating: 0
5 1 vote

Synopsis

Agent Zeta (2-0-2-6)

IMDB ⭐️ 6.1/10

ဒီလောကမှာ ထာဝရလျှို့ဝှက်ချက်ရယ်လို့ မရှိပါဘူးတဲ့

ကဲ… Action / Spy Thriller ကားကောင်းကောင်း မျှော်နေတဲ့ ဘော်ဒါတွေအတွက် Amazon Prime ကနေ အသစ်စက်စက်ထွက်ရှိလာတဲ့ စပိန်အက်ရှင်ဇာတ်ကားသစ်ကြီးကို တင်ဆက်ပေးလိုက်ပါပြီ။

ဒီကားမှာ အဓိကဇာတ်ဆောင်အဖြစ် The Invisible Guest တို့၊ The Innocent တို့နဲ့ မြန်မာပရိသတ်တွေကြား ရင်းနှီးပြီးသားဖြစ်တဲ့ စပိန်မင်းသားချောကြီး Mario Casas က Agent Zeta အနေနဲ့ အထာကျကျ ပါဝင်ထားသလို၊ မင်းသမီးချော Mariela Garriga နဲ့ ဝါရင့်မင်းသားကြီး Luis Zahera တို့ကလည်း အားဖြည့်ပါဝင်ထားပါတယ်။

ဇာတ်လမ်းအစမှာတော့ လွန်ခဲ့တဲ့ဆယ်စုနှစ်တွေတုန်းက ကိုလံဘီယာနိုင်ငံမှာလုပ်ခဲ့တဲ့ “Operation Ciénaga” လို့ခေါ်တဲ့ လျှို့ဝှက်စစ်ဆင်ရေးကြီးတစ်ခုမှာ ပါဝင်ခဲ့ဖူးတဲ့ စပိန်ထောက်လှမ်းရေးအရာရှိဟောင်း ၄ ယောက်ဟာ ကမ္ဘာတစ်ဝှမ်း နေရာအနှံ့မှာ တစ်ချိန်တည်း တစ်ပြိုင်တည်း လုပ်ကြံသတ်ဖြတ်ခံလိုက်ရပါတယ်။

ဒီကိစ္စကို စပိန်ထောက်လှမ်းရေးအဖွဲ့ (CNI) က ရိပ်မိသွားတဲ့အချိန်မှာတော့ အဲဒီစစ်ဆင်ရေးမှာ ပါဝင်ခဲ့ပြီး အသက်ရှင်ကျန်ရစ်နေသေးတဲ့ တစ်ဦးတည်းသော အရာရှိဟောင်းကို အမြန်ဆုံးရှာဖွေပြီး ကာကွယ်ဖို့အတွက် CNI ရဲ့ အတော်ဆုံး အေးဂျင့်ဖြစ်တဲ့ ဇယ်တာကို တာဝန်ပေးလိုက်ပါတော့တယ်။

ဒါပေမဲ့ ဒီမစ်ရှင်မှာ ဇယ်တာ တစ်ယောက်တည်းမဟုတ်ပါဘူး။ ကိုလံဘီယာနိုင်ငံဘက်ကလည်း သူတို့ရဲ့ အတော်ဆုံးအေးဂျင့် အယ်ဖာကို စေလွှတ်လိုက်ပြီး ဇယ်တာနဲ့ ပူးပေါင်းခိုင်းပါတယ်။

ထူးဆန်းတာက အယ်ဖာဟာ ဒီစစ်ဆင်ရေးဟောင်းရဲ့ လျှို့ဝှက်ချက်တွေကို ဇယ်တာထက် ပိုသိနေပုံရတာပါပဲ။

သူတို့နှစ်ယောက် နောက်ဆုံးကျန်နေတဲ့ အရာရှိဟောင်းကို အချိန်မီ ကယ်တင်နိုင်ပါ့မလား… နိုင်ငံရေးလျှို့ဝှက်ချက်တွေ၊ အရှုပ်အထွေးတွေနဲ့ နောက်ကွယ်က ကြိုးကိုင်နေတဲ့ တကယ့်တရားခံကရော ဘယ်သူဖြစ်မလဲဆိုတာ ရင်တမမနဲ့ ကြည့်ရှုရမဲ့ “Cat-and-mouse” ကစားပွဲပါပဲ။

Jason Bourne စတိုင် လျှို့ဝှက်ထောက်လှမ်းရေးဇာတ်လမ်းမျိုးတွေကို ကြိုက်နှစ်သက်တဲ့သူတွေ၊ အက်ရှင်ခန်းတွေနဲ့အတူ အချိန်နဲ့အမျှ ပြေးနေရတဲ့ Vibe မျိုးကို ခံစားချင်တဲ့သူတွေအတွက် လုံးဝ လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်လို့ အခုပဲ ရှုစားလိုက်ကြပါဦး။

Genre ….. Drama, Thriller
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 1.13GB / 2.53GB
Review ….. Venus
Translator ….. RMC Team
Encoder ….. Ray

Rainbow Channel

Agent Zeta
Agent Zeta
Agent Zeta
Agent Zeta
Agent Zeta
Original title Zeta
TMDb Rating 6.667 24 votes

ads

Similar titles

Daddy’s Girl
Above & Below
Hayok
Companion
Noryang: Deadly Sea
My Oxford Year
Hunting Daze
Mareechika
The Hand That Rocks the Cradle
Violet
My Sister’s Double Life
Blazing Fists

Leave a comment

Name *
Add a display name
Email *
Your email address will not be published



Rainbow Movie Channel


Follow Us On