Ads
ads

Video Sources 0 Views

  • Watch trailer
Shelter

Shelter

Her safety. His mission.Jan. 28, 2026United Kingdom107 Min.R
Your rating: 0
6 1 vote

Synopsis

Shelter (2026)

IMDB ⭐️ 6.4/10

“အတိတ်ကနေ ထွက်ပြေးလို့ရပေမဲ့… အတိတ်က ကိုယ့်ကို ပြန်ရှာမတွေ့နိုင်ဘူးလို့ ဘယ်သူပြောလဲ”

Action ကား ကြမ်းကြမ်းရမ်းရမ်းမှ ကြိုက်တဲ့ ဘော်ဒါတွေအတွက် ဟောလိဝုဒ် အက်ရှင်မင်းသားကြီး Jason Statham ရဲ့ ၂၀၂၆ အသစ်စက်စက် Action Thriller ကားသစ်ကြီး ထွက်ရှိလာပါပြီ။ အက်ရှင်ဟင်းကောင်းတစ်ခွက် အာလူးရှောင်ဆိုတဲ့ ဇာတ်ကားမျိုးကို မျှော်နေတယ်ဆိုရင်တော့ ဒါဟာ ကွက်တိပါပဲ။

ဒီကားကတော့ စကားအများကြီးပြောမနေဘူး၊ ကျားဆိုတာ တစ်ကိုယ်တော်ဖြုတ်တာဆိုတာကို ရှယ်ရိုက်ပြထားတဲ့ဇာတ်ကားလေးပါ။ ဒါရိုက်တာကလည်း Action အကြမ်းစားတွေဖြစ်တဲ့ Greenland တို့ Angel Has Fallen တို့ကို ရိုက်ခဲ့တဲ့ Ric Roman Waugh ဖြစ်တဲ့အတွက် ဖုန်းခနဲ ဒိုင်းခနဲ အက်ရှင်အခန်းတွေကတော့ အာမခံပါတယ်ဗျာ။

ဇာတ်လမ်းကတော့ လူသူကင်းမဲ့တဲ့ ဝေးလံခေါင်သီတဲ့ ကျွန်းလေးတစ်ကျွန်းမှာ အေးအေးချမ်းချမ်း အထီးကျန်နေထိုင်နေတဲ့ မေဆင်ဆိုတဲ့ လူကြီးတစ်ယောက်အကြောင်းကနေ စတင်ထားပါတယ်။

တစ်နေ့မှာတော့ ကြောက်မက်ဖွယ် မုန်တိုင်းဆိုးကြီးတစ်ခု ကျရောက်လာပြီး၊ အဲဒီမုန်တိုင်းထဲမှာ သေဘေးနဲ့ ရင်ဆိုင်နေရတဲ့ ကောင်မလေးတစ်ယောက်ကို မေဆင်က အသက်စွန့်ပြီး ကယ်တင်လိုက်ရာကနေ သူ့ရဲ့ တိတ်ဆိတ်နေတဲ့ဘဝလေးဟာ စပ်စပ်စုစု ဆယ်ကျော်သက် သာလိကာမလေးဂျက်စီကြောင့် စတင်ပျက်စီးပါတော့တယ်။

ဒီလို သူရဲကောင်းဆန်ဆန် ကယ်တင်လိုက်တဲ့ လုပ်ရပ်ကနေတဆင့် သူ ဖုံးကွယ်ထားချင်တဲ့ အတိတ်က သွေးစွန်းခဲ့တဲ့ ဇာတ်လမ်းတွေ၊ သူ့ကို လိုက်လံရှာဖွေနေတဲ့ ရန်သူတွေက သူ့နေရာကို ခြေရာခံမိသွားတဲ့အခါ…

Content Rating ‘R’ ရထားတဲ့ ဇာတ်ကားပီပီ သွေးသံတရဲရဲနဲ့ အကြမ်းပတမ်း အခန်းတွေကြားမှာ မိဘမဲ့ကောင်မလေးကို ကာကွယ်ရင်း သူ့ရဲ့ အတိတ်ဆိုးကြီးကို ဘယ်လိုပြန်လည်ရင်ဆိုင်မလဲဆိုတာ ရင်တမမနဲ့ ကြည့်ရှုရမှာပါ။

Jason Statham ရဲ့ Swag တွေ၊ အက်ရှင်ခန်းတွေကို အသားပေးရိုက်ကူးထားပြီး ဇာတ်ရှိန်က အစကနေ အဆုံးထိ ဆွဲခေါ်သွားမှာဆိုတော့ Action ကောင်းကောင်း ကြည့်ချင်သူတွေအတွက် တကယ့်ကို လက်မလွှတ်သင့်တဲ့ ကားကောင်းတစ်ကားဖြစ်ကြောင်း ညွှန်းဆိုပေးလိုက်ပါတယ်။

Genre ….. Action, Crime, Thriller
Quality ….. 720P / 1080P 4K WEB-DL (HEVC)
File Size ….. 988.91MB / 1.98GB /
Review ….. Venus
Translator ….. RMC Team
Encoder ….. N.A.S

Rainbow Channel

Shelter
Shelter
Shelter
Shelter
Shelter
Shelter
Shelter
Shelter
Shelter
Shelter
Original title Shelter
IMDb Rating 6.4 5,938 votes
TMDb Rating 7.4 53 votes

Director

Cast

ads

Similar titles

Mardaani 3
Mission: Chapter 1
M3GAN 2.0
The Paradise of Thorns
The Race
Mother’s Baby
Mirror Life
Ip Man 2
Megamind
Evil’s Return
The Arctic Convoy
အမျိုးချစ် အမြစ်ချိုး

Leave a comment

Name *
Add a display name
Email *
Your email address will not be published



Rainbow Movie Channel


Follow Us On