
Dorothy (2026)
===========
IMDB ⭐️ 8/10
“ခင်မင်မှုနဲ့ အချစ်ကြားက မျဉ်းပါးပါးလေးကို ဖြတ်ကျော်မိတဲ့အခါ…”
ကဲ… တောင်ပိုင်းကားပရိသတ်တွေအတွက် ဒီနေ့ အောက်တိုဘာ (၂၃) ရက်နေ့မှာပဲ ပူပူနွေးနွေး ထွက်ရှိလာတဲ့ တမီလ် Crime Drama ကားသစ်ကြီးနဲ့ မိတ်ဆက်ပေးပါရစေ။
နာမည်ကြီး ဒါရိုက်တာ Karthik Subbaraj ရဲ့ လက်ရာသစ်ဖြစ်ပြီး ဂန္တဝင်တေးရေးဆရာကြီး Ilaiyaraaja က ဂီတမှူးအဖြစ် တာဝန်ယူထားတဲ့ ဇာတ်ကားဆိုတော့ Quality ပိုင်းကတော့ ထူးထွေမညွှန်းနေတော့ပါဘူး။
မင်းသမီးချောလေး Keerthy Suresh က Title Character ‘Dorothy’ အဖြစ် ခေါင်းဆောင်ပါဝင်ထားပြီး မင်းသား Sananth နဲ့ Rishikanth တိုက အဓိကဇာတ်ကောင်တွေအနေနဲ့ အားဖြည့်ထားပါတယ်။ Arthouse ဆန်ဆန် ဇာတ်လမ်းမျိုးကိုမှ တောင်ပိုင်း Masala အငွေ့အသက်တွေနဲ့ ရောမွှေပြီး ရိုက်ပြထားတာဆိုတော့ တော်တော်လေး အရသာဆန်းတဲ့ ကားမျိုးပါ။
ဇာတ်လမ်းကတော့ ၁၉၉၀ ပြည့်လွန်နှစ်တွေက မာဒူရိုင်းမြိုကို အခြေတည်ထားပါတယ်။
ကာသီနဲ့ ဆူဘူဆိုတာ လူမိုက်ခေါင်းဆောင် ဗီရိုင်ယာရဲ့ လက်အောက်မှာ ကြီးပြင်းလာခဲ့ကြတဲ့ ရဲဘော်ရဲဘက် သူငယ်ချင်းနှစ်ယောက်ပေါ့။ ကာသီက သွေးဆူလွယ်ပြီး ကြမ်းတမ်းတဲ့သူဖြစ်ပေမဲ့ ဆူဘူကတော့ သွေးမြင်ရင်ကြောက်တတ်တဲ့ အေးအေးဆေးဆေး ကောင်လေးပါ။
တစ်နေ့မှာတော့ ဆူဘူရဲ့ အစ်ကိုဖြစ်သူက ‘ဒေါ်ရသီ’ ဆိုတဲ့ အမျိုးသမီးလေးကို ဇနီးအဖြစ် အိမ်ခေါ်လာရာကနေ သူတိုနှစ်ယောက်ရဲ့ ဘဝတွေ ရုတ်တရက် ပြောင်းလဲသွားပါတော့တယ်။ လှပပြီး ဆွဲဆောင်မှုရှိတဲ့ ဒေါ်ရသီကို ကာသီရော ဆူဘူပါ တိတ်တခိုး စွဲလမ်းသွားကြတာပေါ့။ အထူးသဖြင့် ဆူဘူက ဒေါ်ရသီနဲ့ အိမ်အလုပ်တွေကူလုပ်ပေးရင်း၊ စကားတွေပြောရင်း ပိုပြီး ရင်းနှီးလာခဲ့ပါတယ်။
ဒါပေမဲ့ ဒီလို သာယာနေတဲ့ အချိန်လေးဟာ ကြာကြာမခံလိုက်ပါဘူး။ တစ်နေ့မှာတော့ ဒေါ်ရသီတစ်ယောက် အိမ်ကစပါးကျီထဲမှာ ကြိုးဆွဲချ သေဆုံးနေတာကို ထိတ်လန့်ဖွယ်ရာ တွေ့လိုက်ရတဲ့အခါ…
ဒါဟာ တကယ်ပဲ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတာလား… ဒါမှမဟုတ် လူသတ်မှုတစ်ခုလား… ဒီအမှုရဲ့ နောက်ကွယ်မှာ ဘယ်လို လျှိဝှက်ချက်တွေ ရှိနေမလဲ။
Karthik Subbaraj ရဲ့ ထုံးစံအတိုင်း မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေ (Twists) နဲ့အတူ လူ့အသိုင်းအဝိုင်းက ဖယ်ကြဉ်ထားလေ့ရှိတဲ့ လိင်စိတ်ခံယူမှုကွဲပြားသူတွေ (Transgender) ရဲ့ ဘဝတွေကိုပါ ရဲရဲဝင့်ဝင့် ထည့်သွင်းရိုက်ကူးထားလို ရုံတင်တုန်းက တော်တော်လေး ဂယက်ရိုက်ပြီး လူပြောများခဲ့တဲ့ ကားကောင်းတစ်ကား ဖြစ်ပါတယ်။
ဒီကားဟာ သာမန် Crime Drama တွေလို ပစ်ခတ်သတ်ဖြတ်တာ သက်သက်မဟုတ်ဘဲ လူသားတွေရဲ့ စိတ်ခံစားချက်၊ အချစ်နဲ့ လျှိဝှက်ချက်တွေကို သေသပ်စွာ ပုံဖော်ထားတာမို အခုပဲ လက်မလွတ်တမ်း ကြည့်ရှုလိုက်ကြပါဦးဗျာ။
Genre ….. Crime, Drama, Romance
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 1.36GB / 2.49GB
Review ….. Venus
Translator ….. RMC Team
Encoder ….. SNNT
Rainbow Channel