
Evil Dead Rise (2023)
==================
ငလျင်လှုပ်ပြီးနောက် အရက်စက်ဆုံးမိစ္ဆာကောင်ကြီး တိုက်ကြီးထဲရောက်လာတဲ့အခါ
IMDB ⭐️ 6.5/10
Rotten Tomatoes 🍅 85%
Evil Dead ပရိသတ်တွေအတွက် ဒီကားက အရင် Evil Dead ကားလို တောထဲက သစ်လုံးအိမ်လေးမှာ မဟုတ်ဘဲ မြို့လယ်ခေါင်က လူနေတိုက်ခန်းတစ်ခုမှာ ဇာတ်အိမ်တည်ရိုက်ကူးထားတာဖြစ်ပါတယ်
ဘက်သ်ဆိုတဲ့ ဂစ်တာပြင်သမားကောင်မလေးဟာ လော့စ်အိန်ဂျလိစ်မြို့က တိုက်ခန်းတွဲအိုကြီးတစ်ခုမှာ သားသမီး ၃ ယောက်နဲ့ နေထိုင်နေတဲ့ သူ့အစ်မဖြစ်သူ အယ်လီဆီကို အလည်ရောက်လာခဲ့ပါတယ် အယ်လီတို့မိသားစုကလည်း ခင်ပွန်းဖြစ်သူ ထားရစ်ခဲ့တာကြောင့် အခက်အခဲတွေကြားထဲ ရုန်းကန်နေရချိန်ပေါ့
တစ်ရက်မှာ သူတို့ တိုက်ခန်းမှာ ငလျင်လှုပ်သွားပြီး တိုက်ရဲ့ မြေအောက်ကားပါကင်မှာ အရင်က ဘဏ်ခန်းဟောင်းကြီးတစ်ခုဆီကိုသွားတဲ့ အပေါက်ကြီးတစ်ခု ပေါ်လာပြီး အယ်လီ့ရဲ့သား ဒန်နီက စူးစမ်းချင်စိတ်နဲ့ ဝင်သွားရာကနေ လူ့အသားနဲ့ ဖုံးအုပ်ထားပြီး သွေးနဲ့ရေးသားထားတဲ့ သေမင်းစာအုပ်နဲ့ ရှေးဟောင်း ဓာတ်ပြားတွေကို တွေ့သွားပြီး အခန်းထဲယူလာခဲ့ပါတယ်
ဒန်နီက အဲဒီဓာတ်ပြားတွေကို ဖွင့်လိုက်တဲ့အခါမှာတော့ ဓာတ်ပြားထဲက ဘုန်းတော်ကြီးရွတ်ဆိုထားတဲ့ ဂါထာမန္တန်တွေကြောင့် မကောင်းဆိုးဝါး မိစ္ဆာတစ်ကောင် လွတ်မြောက်ကာ အဲဒီမိစ္ဆာက အယ်လီ့ကိုယ်ထဲကို ဝင်ရောက်ပူးကပ်သွားတဲ့အခါ ကလေးတွေကို အချစ်ဆုံး မိခင်ကြီးဟာ သွေးဆာနေတဲ့ ရက်စက်တဲ့မိစ္ဆာကြီးအဖြစ် ပြောင်းလဲသွားပြီး သူ့ရဲ့သွေးသားအရင်း ကလေးတွေကိုပါ ပြန်လည်ရန်ရှာ သတ်ဖြတ်ဖို့ ကြိုးစားလာပါတော့တယ်
ငလျင်ကြောင့် လှေကားတွေပြိုကျ ဓာတ်လှေကားတွေပျက်ပြီး တိုက်ခန်းတစ်ခုလုံး ပိတ်မိနေတဲ့အခြေအနေမှာ ကိုယ်ဝန်ဆောင်ထားရတဲ့ ညီမဖြစ်သူ ဘက်သ် တစ်ယောက် တူနဲ့ တူမတွေကို ကယ်တင်ဖို့ သူမရဲ့ အစ်မအရင်းကိုယ်တိုင်ဖြစ်နေတဲ့ မိစ္ဆာကောင်ကြီးကို ဘယ်လိုရင်ဆိုင်သွားရမလဲ အသက်ရှင်လျက် လွတ်မြောက်နိုင်ပါ့မလားဆိုတာကိုတော့ စိတ်ဝင်တစားဆက်လက်ကြည့်ရှုသွားကြပါဦး။
Genre ….. Horror, Thriller
Quality ….. 720P / 1080P WEB-DL Digital Dolby Plus 5.1 (HEVC)
File Size ….. 798.53MB / 1.87GB
Review ….. Khun
Translator ….. Khun
Encoder ….. SNNT
Rainbow Channel